< Від Луки 19 >
1 І вийшовши проходив через Єрихон.
၁သခင်ယေရှုသည်ယေရိခေါမြို့ကိုဖြတ်၍ ကြွတော်မူ၏။-
2 І ось чоловік, на ймя званий Закхей, а був він старший між митниками, й був заможний.
၂ထိုအရပ်တွင်ဇက္ခဲနာမည်ရှိသောအကောက်ခွန် မှူးတစ်ယောက်ရှိ၏။ သူသည်ချမ်းသာကြွယ်ဝသူ ဖြစ်၏။-
3 бачити Ісуса, хто Він, та не зміг за народом, бо малого був вросту.
၃သခင်ယေရှုကားအဘယ်သူဖြစ်သည်ကိုတွေ့ မြင်လိုသဖြင့်ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ် များကွယ်လျက်နေသဖြင့်ကိုယ်တော်ကိုမမြင် နိုင်။-
4 побігши наперед, вилїз на шовковицю, щоб подивитись па Него; бо туди мав проходити.
၄ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။-
5 як прийшов на те місце, споглянувши Ісус, побачив його, й рече до него: Закхею, злїзь боржій додолу; сьогодні бо в дому твоїм треба мені бути.
၅ကိုယ်တော်သည်ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် ``ဇက္ခဲ၊ အမြန်ဆင်း ခဲ့လော့။ ယနေ့သင်၏အိမ်တွင်ငါတည်းခိုမည်'' ဟု မိန့်တော်မူ၏။
6 І злїз він боржш, і прийняв Його радїючи.
၆ဇက္ခဲသည်သစ်ပင်ပေါ်မှအမြန်ဆင်း၍ ကိုယ်တော်အားဝမ်းမြောက်စွာကြိုဆို၏။-
7 І бачивши всї, нарікала кажучи: Що до грішника чоловіка пійшов у гостину.
၇ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။
8 Ставши ж Закхей, каже до Господа: Ось половину достатку мого, Господи, даю вбогим; і коди кого чим обидив, віддаю вчетверо.
၈ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။
9 Рече ж до него Ісус: Що сьогоднї спасеннє домові сьому сталось, бо й він син Авраамів:
၉သခင်ယေရှုက ``ဤသူသည်လည်းအာဗြဟံ ၏သားမြေးဖြစ်သဖြင့်ကယ်တင်ခြင်းကျေးဇူး သည်ယနေ့ပင်ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။-
10 прийшов бо Син чоловічий, щоб шукати й спасати погибше.
၁၀လူသားသည်ပျောက်ဆုံးသူများကိုရှာရန် နှင့်ကယ်တင်ရန်ကြွလာသတည်း'' ဟုဇက္ခဲ အားမိန့်တော်မူ၏။
11 Як же слухали вони се, додавши сказав приповість: бо був Він близько Єрусалиму, й думали вони, що зараз має царство Боже явитись.
၁၁ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ဘုရားသခင်၏နိုင်ငံ တော်ပေါ်ထွန်းတော့မည်ဟုထင်မှတ်ကြ သောကြောင့် အထက်တရားစကားများ ကိုကြားနာနေသူတို့အား ပုံဥပမာဆောင် ၍ ``မင်းညီမင်းသားတစ်ပါးသည်ရှင်ဘုရင် အရာကိုခံယူ၍ပြန်လာရန်တိုင်းတစ်ပါး သို့သွား၏။-
12 Рече ж оце: Один чоловік значного роду йшов у землю далеку прийняти собі царство, та й вернутись.
၁၂
13 Покликавши ж десять слуг своїх, дав їм десять мин срібла, та й сказав до них: Орудуйте, поки прийду.
၁၃ခရီးမပြုမီမိမိ၏အစေခံဆယ်ယောက်ကို ခေါ်ယူကာ `ငါပြန်လာသည်အထိကုန်သွယ် လျက်နေကြလော့' ဟုဆို၍ရွှေဒင်္ဂါးတစ်ပြား စီပေး၏။-
14 Мішане ж його ненавиділи його, й післали посли слїдом за ним, кажучи: Не хочемо сього, щоб царював над вами.
၁၄သို့ရာတွင်သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းကြသဖြင့် `ထိုသူ၏အအုပ်အချုပ် ကိုငါတို့မခံလို' ဟုစေတမန်များကိုသူ့ နောက်သို့လွှတ်၍လျှောက်ထားစေ၏။
15 І сталось, як вернув ся він, прийнявши царство, сказав прикликати собі слуг тих, що дав їм срібло, щоб знати, хто що з'орудував.
၁၅ထိုသူကားဘုရင်အရာကိုခံယူ၍ပြန်လာ၏။ သူသည်ချက်ချင်းပင်မိမိရင်းနှီးငွေပေးခဲ့သည့် အစေခံများကို ကုန်သွယ်၍အဘယ်မျှလောက် အမြတ်ရသည်ကိုသိလိုသဖြင့်သူတို့အား ဆင့်ခေါ်၏။-
16 Прийшов же первий, кажучи: Пане, мина твоя приробила десять мин.
၁၆ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။-
17 І рече йому: Гаразд, добрий слуго. що у найменшому вірен був єси, то май власть над десятьма городами.
၁၇မင်းကြီးက `ကောင်းလေစွ၊ သင်သည်အစေခံ ကောင်းတစ်ယောက်ဖြစ်ပေ၏။ သေးငယ်သောအမှု တွင်သစ္စာရှိသူဖြစ်သဖြင့် သင့်အားငါသည်မြို့ ကြီးဆယ်မြို့ကိုအပိုင်စားပေး၏' ဟုမိန့်တော် မူ၏။-
18 І приступив другий, кажучи; Пане, мина твоя зробила пять мин.
၁၈ဒုတိယအစေခံသည်လည်းလာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ငါးပြား ရပါသည်' ဟုလျှောက်၏။-
19 Рече ж і сьому: І ти будь над пятьма городами.
၁၉မင်းကြီးက `သင့်အားလည်းမြို့ကြီးငါးမြို့ ကိုအပိုင်စားပေး၏' ဟုဆို၏။-
20 Приступив і инший, кажучи: Пане, ось мина твоя, котру я мав сховану в хустцї:
၂၀အခြားသောအစေခံသည်လာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးဤမှာရှိပါ၏။ ထိုငွေကို အကျွန်ုပ်သည်အဝတ်ဖြင့်ထုပ်၍သိမ်းဆည်း ထားပါ၏။-
21 боявсь бо тебе, що ти чоловік жорстокий: береш, чого не клав єси, і жнеш, чого не сіяв.
၂၁အရှင်သည်ခက်ထန်သူဖြစ်သဖြင့်အရှင့် အားကျွန်ုပ်ကြောက်ရွံ့ပါ၏။ အရှင်သည်မိမိ မပိုင်သည့်အရာကိုသိမ်းယူတတ်ပါ၏။ မိမိ မစိုက်မပျိုးသည့်အသီးအနှံကိုရိတ်သိမ်း တတ်ပါ၏' ဟုလျှောက်၏။-
22 Рече ж йому: З уст твоїх судити му тебе, лукавий слуго. Знав єси, що я чоловік жорстокий: беру, чого не клав, і жну, чого не сїяв;
၂၂မင်းကြီးက `အချင်းအစေခံဆိုး၊ သင့်နှုတ်ထွက် စကားအတိုင်းသင့်ကိုငါစီရင်မည်။ ငါသည် ခက်ထန်သူဖြစ်၍မိမိမပိုင်သည့်အရာကို သိမ်းယူတတ်သည်ကိုလည်းကောင်း၊ မိမိမစိုက် မပျိုးသည့်အသီးအနှံကိုရိတ်သိမ်းတတ် သည်ကိုလည်းကောင်းသိပါလျက်နှင့်။-
23 а чом же не дав єси срібла мого у міняльню? і я, прийшовши, в лихвою виміг би його.
၂၃ငါပေးသည့်ငွေကိုငါပြန်လာချိန်အတိုးနှင့် တကွပြန်လည်ပေးဆပ်နိုင်ရန်အဘယ်ကြောင့် ဘဏ်တွင်အပ်နှံ၍မထားသနည်း' ဟုမေး၏။-
24 І рече стоячим коло него: Візьміть від него мину, а дайте маючому десять мин.
၂၄အနီးတွင်ရပ်နေသူများအားမင်းကြီးက `ထို သူထံမှရွှေဒင်္ဂါးကိုယူ၍ရွှေဒင်္ဂါးဆယ်ပြား ရှိသူအားပေးကြလော့' ဟုမိန့်တော်မူလျှင်။-
25 І казали йому: Пане, має десять мин.
၂၅လူတို့က `အရှင်ထိုသူထံတွင်ရွှေဒင်္ဂါးဆယ် ပြားရှိပြီးဖြစ်ပါ၏' ဟုလျှောက်ကြ၏။-
26 Глаголю бо вам: Що всякому маючому дасть ся, від немаючого ж і що мав, візьметь ся від него.
၂၆မင်းကြီးက `သင်တို့အားငါဆိုသည်ကား ကြွယ်ဝချမ်းသာသောသူအားထပ်၍ပေးဦး မည်။ ဆင်းရဲသောသူထံမှရှိသမျှကိုပင် သိမ်းယူမည်။-
27 А ворогів моїх тих, що не хочуть, щоб царював над ними, приведіть сюда, та й повбивайте передо мною.
၂၇ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
28 І, промовивши се, пійшов далїй, ідучи в Єрусалим.
၂၈ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ယေရုရှလင်မြို့သို့တပည့်တော်တို့၏ရှေ့ ကကြွတော်မူ၏။-
29 І сталось, як наближавсь до Витфагиї та Витаниї, до гори, званої Оливної, післав двох з учеників своїх,
၂၉သံလွင်နာမည်တွင်သောတောင်အနီးရှိဗက်ဖာ ဂေနှင့်ဗေသနိရွာများအနီးသို့ရောက်တော်မူ သောအခါ တပည့်တော်နှစ်ယောက်တို့အား``သင် တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။-
30 глаголючи: Ідїть у село, що перед вами, у котре ввійшовши, знайдете осля привязане, що на него ніхто з людей ніколи не сідав. Одвязавши його, приведіть.
၃၀ရွာကိုဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဘူးသေး သောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့်မည်။ ထိုမြည်းကိုကြိုးဖြင့်လှန်ထား၏။ ကြိုးဖြေ၍ မြည်းကိုယူခဲ့လော့။-
31 І коли хто вас поспитає: На що одвязуєте? так скажіть йому: Що Господеві треба його.
၃၁အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်မြည်းကိုဖြေသနည်း' ဟု မေးလျှင် `ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်' ဟုဖြေကြလော့'' ဟုမှာကြားစေလွှတ်တော်မူ၏။
32 Пійшовши ж послані, знайшли, як Він сказав їм.
၃၂စေလွှတ်ခြင်းခံရသူတို့သည်လည်းသွားကြ သောအခါ ကိုယ်တော်မိန့်ကြားတော်မူသည့် အတိုင်းအရာခပ်သိမ်းကိုတွေ့မြင်ကြ၏။ -
33 Як же одвязували вони осля, казали господарі його до них: На що одвязуєте осля?
၃၃သူတို့သည်မြည်းကြိုးကိုဖြေနေစဉ်မြည်းရှင် က ``သင်တို့အဘယ်ကြောင့်မြည်းကြိုးကိုဖြေ သနည်း'' ဟုမေး၏။
34 Вони ж сказали: Господеві його треба.
၃၄သူတို့က ``ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်'' ဟုဖြေကြား၏။-
35 І привели його до Ісуса; й, накинувши свою одежу на осля, посадили Ісуса.
၃၅ထိုနောက်မြည်းကိုသခင်ယေရှုထံတော်သို့ ဆောင်ခဲ့ကြ၏။ မြည်း၏ကျောပေါ်မှာမိမိတို့ ၏အဝတ်များကိုလွှမ်းတင်ကာ သခင်ယေရှု အားထိုမြည်းကိုစီးစေကြ၏။-
36 Як же Він їхав, простилали одежу свою по дорозі.
၃၆ကိုယ်တော်မြည်းစီး၍ကြွတော်မူစဉ်လူတို့ သည် မိမိတို့၏အဝတ်များကိုလမ်းပေါ်မှာ ဖြန့်ခင်းကြ၏။
37 Коли ж вже наближив ся Він до збочу гори Оливної, почало все мно-жество учеників радуючись хвалити Бога голосом великим за всї чудеса, що бачили,
၃၇ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။-
38 говорячи: Благословен грядущий пар в імя Господнє; впокій на небі, і слава на вишинах!
၃၈ထိုသူတို့က ``ထာဝရဘုရား၏နာမတော်နှင့် ကြွလာသောဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်းရှိ စေသတည်း။ ဘုရားသခင်သည်ဘုန်းကြီးတော်မူ စေသတည်း'' ဟုကြွေးကြော်ကြ၏။
39 А деякі з Фарисеїв між народом казали до Него: Учителю, закажи ученикам Твоїм.
၃၉ထိုအခါလူပရိသတ်အထဲမှဖာရိရှဲအချို့ တို့က ``ဆရာတော်၊ ကိုယ်တော်၏တပည့်တော် များအားတိတ်ဆိတ်စေရန်ဆုံးမတော်မူပါ'' ဟု ကိုယ်တော်အားလျှောက်ထားကြ၏။
40 І озвавшись рече їм: Глаголю вам, що коли сї замовкнуть, каміннє кричати ме.
၄၀ကိုယ်တော်က ``သင်တို့အားငါဆိုသည်ကား ဤသူတို့တိတ်ဆိတ်စွာနေကြလျှင်ကျောက် ခဲများကကြွေးကြော်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
41 І, як наближивсь, то, побачивши город, заплакав над ним,
၄၁ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ရောက် ၍ ထိုမြို့ကိုမြင်တော်မူလျှင်ငိုကြွေးတော်မူ၏။-
42 глаголючи: О, коли б зрозумів і ти хоч у день сей твій, що для впокою твого! тепер же воно закрито перед очима твоїми.
၄၂ကိုယ်တော်က ``အချင်းမြို့၊ သင်သည်ငြိမ်းချမ်း သာယာမှုကိုရစေသည့်လမ်းကိုယနေ့သိ မြင်လျှင်မင်္ဂလာရှိ၏။ သို့ရာတွင်ထိုလမ်းကို သင်သည်မသိမမြင်နိုင်။-
43 Бо прийдуть дні на тебе, й обкинуть вороги твої валами тебе, та й обляжуть тебе, й стиснуть тебе звідусюди.
၄၃ရန်သူများသည်သင့်အားရင်တားဖြင့်ကာဆီး လျက် အဘက်ဘက်မှဝိုင်းရံပိတ်ဆို့နေသည့် အချိန်ကာလကျရောက်လာလိမ့်မည်။-
44 І з землею зрівняють тебе з дїти твої у тобі; і не зоставлять у тобі каменя на камені; бо не розумів єси часу одвідин твоїх.
၄၄သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။
45 І ввійшовши у церкву, почав виганяти продаючих і купуючих,
၄၅ထိုနောက်သခင်ယေရှုသည်ဗိမာန်တော်သို့ ဝင်တော်မူ၏။ ကိုယ်တော်က `ငါ၏အိမ်တော်ကို ဆုတောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ် လတ္တံ့' ဟုကျမ်းစာလာသည်မဟုတ်လော။ သို့ ရာတွင်သင်တို့သည်အိမ်တော်ကိုဋ္ဌားပြခို အောင်းရာဖြစ်စေကြပြီ'' ဟုဆို၍ဗိမာန် တော်အတွင်းမှာရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။
46 глаголючи їм: Писано: Дом мій - дом молитви; ви ж його зробили вертепом розбійників.
၄၆
47 І навчав щодня в церкві. Архиєреї ж та письменники й значні людські шукали Його вбити.
၄၇ကိုယ်တော်သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ် ကြီးများကျမ်းတတ်ဆရာများနှင့်ယုဒ အမျိုးသားခေါင်းဆောင်များသည် ကိုယ်တော် ကိုသတ်ရန်အခွင့်ရှာလျက်နေကြ၏။-
48 І не знайшли, що б зробити Йому; народ бо ввесь горнувсь до Него слухаючи.
၄၈သို့ရာတွင်လူအပေါင်းတို့ကကိုယ်တော်၏ တရားစကားများကိုအထူးအာရုံစိုက်၍ နာယူနေကြသောကြောင့်ကိုယ်တော်အား အဘယ်နည်းဖြင့်သတ်ရမည်ကိုမသိကြ။