< 2 до коринтян 11 >

1 Ой коли б ви трохи потерпіли моє безумство! а таки потерпите мене.
ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။-
2 Бо я ревную про вас ревностю Божою; я бо заручив вас одному мужо-ві, щоб чистою дївою привести перед Христа.
ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။-
3 Бою ся ж, щоб, як змій Єву обманив лукавством своїм, так не попсувались думки ваші, (одвернувши) від простоти в Христї.
ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-
4 Бо коли ж хто, прийшовши, иншого Христа проповідує, котрого ми не проповідували, або духа иншого ви приймаєте, котрого не прийняли, або инше благовісте, котрого не одержали; то ви були б дуже терпіливі.
လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။
5 Думаю бо, що я нічим не зоставсь позаду передніх апостолів.
ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။-
6 Хоч бо я й неук словом, та не розумом; ні, ми знані у всьому між вами.
ငါ​သည်​အ​ဟော​အ​ပြော​ညံ့​သော်​လည်း​အ​သိ ပ​ညာ​မ​ညံ့။ ငါ​တို့​သည်​အ​ခါ​ခပ်​သိမ်း​အ​ခြေ အ​နေ​အ​မျိုး​မျိုး​တွင်​ဤ​အ​ချက်​ကို​သင်​တို့ အား​ကောင်း​စွာ​သိ​စေ​ခဲ့​၏။
7 Або гріх я зробив, себе смиряючи, щоб ви пійшли вгору, бо даром благовістє Боже проповідував вам?
ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-
8 Од инших церков брав я, приймаючи плату, на служеннє вам;
ငါ​သည်​သင်​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​စဉ်​ကုန် ကျ​သည့်​စ​ရိတ်​များ​ကို​အ​ခြား​အ​သင်း​တော် များ​အား​ကျ​ခံ​စေ​ခဲ့​၏။ ငါ​တို့​သည်​သင်​တို့​ကို ကူ​ညီ​မ​စ​နိုင်​ရန်​ထို​အ​သင်း​တော်​များ​ကို ဋ္ဌား​ပြ​တိုက်​ရ​သ​ကဲ့​သို့​ဖြစ်​၏။-
9 і, прийшовши до вас, та й бувши в недостатку, не був я нікому важким; бо недостаток мій сповнили брати мої, що прийшли з Македониї; та й у всьому я хоронив себе, щоб не бути вам важким, і хоронити му.
ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-
10 (Як) істина Христова є в мені (так вірно), що похвала ся не загородить ся від мене в сторонах Ахайських.
၁၀ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။-
11 Чого ж? хиба, що не люблю вас? Бог знає (те).
၁၁အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ဆို​ရ​သ​နည်း။ သင်​တို့ အား​မ​ချစ်​၍​လော။ ငါ​ချစ်​ကြောင်း​ကို​ဘု​ရား သ​ခင်​သိ​တော်​မူ​၏။
12 Що ж роблю, те й робити му, щоб відтяти причину тим, що хочуть причини, щоб чим хвалять ся, (у тому) показались як і ми.
၁၂သို့​ရာ​တွင်​ငါ​တို့​ကဲ့​သို့​လုပ်​ဆောင်​သည်​ဟူ​၍ ကြွား​ဝါ​ပြော​ဆို​ခွင့်​ကို​ထို​တ​မန်​တော်​တို့​မ​ရ နိုင်​ကြ​စေ​ရန် ငါ​သည်​ယ​ခု​အ​တိုင်း​ဆက်​လက် လုပ်​ဆောင်​သွား​မည်။-
13 Бо такі лжеапостоли, робітники лукаві, прикидають ся апостолами Христовими.
၁၃ထို​သူ​တို့​ကား​တ​မန်​တော်​အ​တု​များ​သာ​ဖြစ် ကြ​၏။ မိ​မိ​တို့​ကိုယ်​ကို​ခ​ရစ်​တော်​၏​တ​မန်​တော် များ​အ​ဖြစ်​ယောင်​ဆောင်​လျက်​လှည့်​စား​လုပ် ဆောင်​သူ​များ​တည်း။-
14 І не диво: сам бо сатана прикидаєть ся ангелом сьвітлим.
၁၄သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-
15 Не велика ж річ, коли й слуги його прикидають ся слугами правди. Конець їх буде по ділам їх.
၁၅သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။
16 Знов глаголю: щоб нїхто не вважав мене за безумного; коли ж ні хоч яко безумного мене прийміть, щоб хоч трохи менї похвалитись.
၁၆တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-
17 А що глаголю, не глаголю по Господї, а мов би в безумстві, у сїй певноті похвали.
၁၇ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-
18 Яко ж бо многі хвалять ся по тїлу, то й я хвалити мусь.
၁၈သို့​သော်​လူ​အ​များ​က​လော​ကီ​အ​ရာ​များ အ​တွက်​ကြွား​ဝါ​တတ်​ကြ​သည်​ဖြစ်​ရာ ငါ သည်​လည်း​ကြွား​ဝါ​မည်။-
19 Радо бо терпите безумних, розумними бувши.
၁၉သင်​တို့​သည်​ပ​ညာ​ရှိ​ကြီး​များ​ဖြစ်​သ​ဖြင့် လူ မိုက်​များ​ကို​ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​ပေ​သည်။-
20 Терпите бо, як хто підневолює вас, як хто жере (вас), як хто обдирає (вас), як хто величаєть ся, як ганбе вас у лице.
၂၀သင်​တို့​သည်​မိ​မိ​တို့​အား​စေ​စား​သူ၊ အ​ခွင့် ကောင်း​ယူ​သူ၊ အ​မြတ်​ထုတ်​သူ၊ အ​ထင်​အ​မြင် သေး​သူ၊ ပါး​ရိုက်​သူ​တို့​ကို​သည်း​ခံ​ကြ​၏။-
21 Робом досади глаголю, так ніби ми знемоглись. Коли ж у чому хто осьмілюєть ся (у безумстві глаголю), то й я осьмілююсь.
၂၁ငါ​တို့​သည်​ဤ​သို့​သော​အ​မှု​တို့​ကို​သင်​တို့​အား ပြု​ရန်​သတ္တိ​မ​ရှိ​ကြောင်း​ကို​ရှက်​ရှက်​နှင့်​ပင်​ငါ ဝန်​ခံ​၏။ သို့​ရာ​တွင်​လူ​မိုက်​အ​နေ​နှင့်​ပြော​ရ​မည်​ဆို​လျှင် အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​က​အ​ရာ​တစ်​ခု အ​တွက်​ကြွား​ဝါ​ပါ​က​ငါ​လည်း​ကြွား​ဝါ နိုင်​၏။-
22 Вони Євреї? І я. Вони Ізраїлітяне? І я. Вони насїннє Авраамову? І я.
၂၂သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​သည်​ဟု ဆို​လျှင် ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း ဖြစ်​၏။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ် များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း​ဖြစ်​၏။-
23 Христові слуги? (безумствуючи глаголю) я більше: В працях премного, в ранах без міри, у темницях пребагато, при смерти почасту.
၂၃သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-
24 Од Жидів пять раз по сорок без одного прийняв я.
၂၄ယု​ဒ​အ​မျိုး​သား​တို့​သည်​ငါ့​အား​သုံး​ဆယ့် ကိုး​ချက်​ရိုက်​ဒဏ်​ကို​ငါး​ကြိမ်​တိုင်​တိုင်​ပေး ခဲ့​ကြ​၏။-
25 Тричі киями бито мене, а один раз каменовано; тричі розбивав ся корабель, ніч і день пробув я в глибині;
၂၅ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-
26 у дорогах почасту, у бідах (на) водї, у бідах (од) розбійників, у бідах од земляків, у бідах од поган, у бідах у городі, у бідах у пустині, у бідах на морі, у бідах між лукавими братами;
၂၆ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။-
27 у праці і в журбі, почасту в недосипанню, в голоді і жаждї, в постах часто, в холоді й наготі.
၂၇အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-
28 Опріч того, що осторонь, налягав на мене щоденна журба про всі церкви.
၂၈ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။-
29 Хто знемогає, щоб і я не знемогав? Хто блазнить ся, щоб і я не горів?
၂၉အား​နည်း​သူ​ရှိ​လျှင်​ငါ​သည်​လည်း​အား​နည်း ရ​၏။ အ​ပြစ်​ကူး​သူ​ရှိ​လျှင်​ငါ​သည်​ပူ​ပန် ရ​၏။
30 Коли хвалитись треба, то хвалити мусь тим, що від немочі моєї.
၃၀ငါ​သည်​ဝါ​ကြွား​ရ​မည်​ဆို​လျှင် မိ​မိ​၏​အား နည်း​မှု​ကို​သာ​အ​ကြောင်း​ပြု​၍​ဝါ​ကြွား​မည်။-
31 Бог, Отець Господа нашого Ісуса Христа, будучи благословен на віки, знає, що я не обманюю. (aiōn g165)
၃၁ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။- (aiōn g165)
32 У Дамаску царський намістник Арета, стеріг город Дамащан, хотівши піймати мене;
၃၂ငါ​သည်​ဒ​မာ​သက်​မြို့​၌​ရှိ​စဉ်​အ​ရေ​တ ဘု​ရင်​၏​လက်​အောက်​ခံ​ဘု​ရင်​ခံ​သည် ငါ့ အား​ဖမ်း​ဆီး​ရန်​မြို့​တံ​ခါး​များ​တွင်​တပ် သား​များ​ကို​အ​စောင့်​ချ​ထား​၏။-
33 і віконцем у коші спущено мене по стїнї, і втік я з рук його.
၃၃သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ငါ့​ကို​တောင်း တွင်​ထည့်​၍ ပြူ​တင်း​ပေါက်​မှ​မြို့​ရိုး​က​လျှော​ချ ကြ​သ​ဖြင့် ငါ​သည်​ထို​ဘု​ရင်​ခံ​၏​လက်​မှ လွတ်​မြောက်​ရ​ပေ​သည်။

< 2 до коринтян 11 >