< Luka 7 >

1 İsa, kendisini dinleyen halka bütün bu sözleri söyledikten sonra Kefarnahum'a gitti.
ထိုဒေသနာ တော်ကို ယေရှုသည် ပရိသတ် တို့အား အကုန်အစင် ဟောတော်မူပြီးမှကပေရနောင် မြို့ သို့ ကြွဝင် တော်မူ၏။
2 Orada bir yüzbaşının çok değer verdiği kölesi ölüm döşeğinde hasta yatıyordu.
ထိုမြို့၌ တပ်မှူး ၏ကျွန် တစ် ယောက်သည်နာ ၍ သေခါနီး ရှိ ၏။ သူ၏သခင် သည် သူ့ကိုချစ် ၍၊
3 İsa'yla ilgili haberleri duyan yüzbaşı, gelip kölesini iyileştirmesini rica etmek üzere O'na Yahudiler'in bazı ileri gelenlerini gönderdi.
ယေရှု ၏ သိတင်း တော်ကိုကြား လျှင် ၊ ယုဒ အမျိုး အကြီးအကဲ တို့ကိုအထံ တော်သို့ စေလွှတ် သဖြင့်၊ ကိုယ်တော်သည်ကြွ ၍ထိုကျွန် ကိုချမ်းသာ ပေးတော်မူမည်အကြောင်း တောင်းပန် လေ၏ ။
4 Bunlar İsa'nın yanına gelince içten bir yalvarışla O'na şöyle dediler: “Bu adam senin yardımına layıktır.
ထိုသူ တို့သည် ယေရှု ထံတော်သို့ ရောက် လျှင် ၊ ကျေးဇူးတော်ကို ခံ မည့်သူ သည်ခံထိုက် သောသူဖြစ် ပါ၏။
5 Çünkü ulusumuzu seviyor. Havramızı yaptıran da kendisidir.”
သူ သည် အကျွန်ုပ် တို့အမျိုး ကို နှစ်သက် ၍ အကျွန်ုပ် တို့အဘို့ တရားစရပ် ကို ဆောက် ပါပြီဟု၍ ကျပ်ကျပ် တောင်းပန် ကြ၏။
6 İsa onlarla birlikte yola çıktı. Eve yaklaştığı sırada, yüzbaşı bazı dostlarını yollayıp O'na şu haberi gönderdi: “Ya Rab, zahmet etme; evime girmene layık değilim.
ယေရှု သည် သူ တို့နှင့်အတူ ကြွ တော်မူ၏။ တပ်မှူး အိမ် နှင့်မ နီးမဝေး ရောက် တော်မူသောအခါ ၊ တပ်မှူးသည် မိမိ အဆွေ တို့ကို စေလွှတ် ၍၊ သခင် ၊ ကိုယ်ကို ပင်ပန်း စေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ အိမ်မိုး အောက် သို့ ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မ ခံထိုက် ပါ။
7 Bu yüzden yanına gelmeye de kendimi layık görmedim. Sen yeter ki bir söz söyle, uşağım iyileşir.
ထိုအတူ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ ရောက် ထိုက် သောသူမ ဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့် တော်တစ်ခွန်းရှိ လျှင် အကျွန်ုပ် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
8 Ben de buyruk altında bir görevliyim, benim de buyruğumda askerlerim var. Birine, ‘Git’ derim, gider; ötekine, ‘Gel’ derim, gelir; köleme, ‘Şunu yap’ derim, yapar.”
ဥပမာကား၊ အကျွန်ုပ် သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ် သော်လည်းစစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟု ဆို လျှင် သွား ပါ၏။ တစ်ဦး ကိုလာ ခဲ့ဟုခေါ်လျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် စေ၏။
9 Bu sözleri duyan İsa yüzbaşıya hayran kaldı. Ardından gelen kalabalığa dönerek, “Size şunu söyleyeyim” dedi, “İsrail'de bile böyle iman görmedim.”
ထို စကားကို ယေရှု သည်ကြား တော်မူလျှင် အံ့ဩ ခြင်းရှိ၍ နောက် တော်သို့လိုက်သောသူ များကို လှည့်ကြည့် လျက်၊ ငါဆို သည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး ဟု မိန့် တော်မူ၏။
10 Gönderilenler eve döndüklerinde köleyi iyileşmiş buldular.
၁၀တပ်မှူးစေလွှတ် သော သူ တို့သည် အိမ် သို့ ပြန်ရောက် လျှင် ၊ အနာရောဂါစွဲသော ကျွန် သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ ကြ၏။
11 Bundan kısa bir süre sonra İsa, Nain denilen bir kente gitti. Öğrencileriyle büyük bir kalabalık O'na eşlik ediyordu.
၁၁နက်ဖြန် နေ့၌ နာဣန မြို့ သို့ ကြွ တော်မူ၍ ၊ တပည့် တော်များနှင့် လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြ၏။
12 İsa kentin kapısına tam yaklaştığı sırada, dul annesinin tek oğlu olan bir adamın cenazesi kaldırılıyordu. Kent halkından büyük bir kalabalık da kadınla birlikteydi.
၁၂မြို့ တံခါး အနီး သို့ရောက်သောအခါ ၊ မုဆိုးမ ၌ တစ်ယောက်တည်း သောသား အသေ လောင်းကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား ၍၊ မြို့သူ မြို့သားများတို့သည် လိုက် ကြ၏။
13 Rab kadını görünce ona acıdı. Kadına, “Ağlama” dedi.
၁၃သခင် ဘုရားသည် ထိုမိန်းမ ကိုမြင် လျှင် သနား ခြင်းစိတ်တော်ရှိ၍၊ မ ငို နှင့် ဟု မိန့် တော်မူလျှက် အနီး သို့ ကြွ၍ တလား ကို လက်နှင့်တို့ တော်မူသဖြင့် ၊ ထမ်း သောသူ တို့သည် ရပ် ၍နေကြ၏၊
14 Yaklaşıp cenaze sedyesine dokununca sedyeyi taşıyanlar durdu. İsa, “Delikanlı” dedi, “Sana söylüyorum, kalk!”
၁၄ကိုယ်တော်ကလည်း ၊ အချင်းလုလင် ၊ ထ လော့၊ သင့် အားငါအမိန့် ရှိသည် ဟု မိန့် တော်မူလျှင် ၊
15 Ölü doğrulup oturdu ve konuşmaya başladı. İsa onu annesine geri verdi.
၁၅သေ သောသူ သည် ထိုင် ၍ စကား ပြော၏။ ကိုယ်တော်သည်လည်း ထိုသူ ကိုမိခင် အား အပ်ပေး တော်မူ၏။
16 Herkesi bir korku almıştı. “Aramızda büyük bir peygamber ortaya çıktı!” ve “Tanrı, halkının yardımına geldi!” diyerek Tanrı'yı yüceltmeye başladılar.
၁၆လူအပေါင်း တို့သည် ကြောက်ရွံ့ ခြင်း သို့ရောက်၍ ၊ ကြီးစွာ သောပရောဖက် သည် ငါ တို့တွင် ပေါ်ထွန်း ပြီ။ ဘုရားသခင် သည် မိမိ လူမျိုး ကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။
17 İsa'yla ilgili bu haber bütün Yahudiye'ye ve çevre bölgelere yayıldı.
၁၇ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။
18 Yahya'nın öğrencileri bütün bu olup bitenleri kendisine bildirdiler. Öğrencilerinden ikisini yanına çağıran Yahya, “Gelecek Olan sen misin, yoksa başkasını mı bekleyelim?” diye sormaları için onları Rab'be gönderdi.
၁၈ယောဟန် ၏ တပည့် တို့သည် ထို အကြောင်း အရာအလုံးစုံ တို့ကို မိမိ ဆရာအားကြားပြော ကြ၏။
၁၉ထိုအခါ ယောဟန် သည် မိမိ တပည့် နှစ် ယောက်ကို ခေါ် ပြီးလျှင် ယေရှု ထံတော်သို့ စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
20 Adamlar İsa'nın yanına gelince şöyle dediler: “Bizi sana Vaftizci Yahya gönderdi. ‘Gelecek Olan sen misin, yoksa başkasını mı bekleyelim?’ diye soruyor.”
၂၀ထိုသူတို့သည် အထံ တော်သို့ ရောက် လျှင်၊ ကိုယ်တော် သည်ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေခြင်းငှာ၊ ဗတ္တိဇံ ဆရာယောဟန် သည် အကျွန်ုပ် တို့ကို ကိုယ်တော် ထံသို့ စေလွှတ် ပါပြီဟု လျှောက် ကြ၏။
21 Tam o sırada İsa, çeşitli hastalıklara, illetlere ve kötü ruhlara tutulmuş birçok kişiyi iyileştirdi, birçok körün gözünü açtı.
၂၁ထို အချိန် နာရီ၌ ယေရှုသည် လူများ တို့ကို အနာ ရောဂါဝေဒနာ ဘေး၊ နတ် ဆိုး ဘေးနှင့် ကင်းလွတ် စေ တော်မူ၏။ မျက်စိ ကန်းသောသူများ တို့ကိုလည်း မျက်စိ မြင်စေခြင်းငှာကျေးဇူး ပြုတော်မူ၏။
22 Sonra Yahya'nın öğrencilerine şöyle karşılık verdi: “Gidin, görüp işittiklerinizi Yahya'ya bildirin. Körlerin gözleri açılıyor, kötürümler yürüyor, cüzamlılar temiz kılınıyor, sağırlar işitiyor, ölüler diriliyor ve Müjde yoksullara duyuruluyor.
၂၂ထိုအခါ ယေရှုက၊ သင်တို့သည်ကြား ရသမျှ၊ မြင် ရသမျှ တို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြ လော့။ မျက်စိ ကန်းသောသူတို့သည်မျက်စိမြင် ရကြ၏ ။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သော သူတို့သည် သန့်ရှင်း ခြင်းသို့ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။
23 Benden ötürü sendeleyip düşmeyene ne mutlu!”
၂၃ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကိုကြားရကြ၏။ ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ ဟု ပြန်ပြောတော်မူ ၏။
24 Yahya'nın gönderdiği haberciler gittikten sonra İsa, halka Yahya'dan söz etmeye başladı. “Çöle ne görmeye gittiniz?” dedi. “Rüzgarda sallanan bir kamış mı?
၂၄ယောဟန် စေလွှတ် သောသူ တို့သည် သွား ကြသည်နောက် ၊ ယေရှုသည် ယောဟန် ကို အကြောင်း ပြု၍ ပရိသတ် တို့အား၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှု ခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သောကျူပင် ကို ကြည့်ရှုခြင်းငှာ သွား သလော။
25 Söyleyin, ne görmeye gittiniz? Pahalı giysiler giymiş bir adam mı? Oysa şahane giysiler giyip bolluk içinde yaşayanlar kral saraylarında bulunur.
၂၅သို့မဟုတ် နူးညံ့ သောအဝတ် ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာသွားသလော။ တင့်တယ် သော အဝတ် ကိုဝတ်ဆင်၍ ကောင်းမွန် စွာစားသောက်သောသူ တို့သည် မင်းအိမ် ၌ နေ တတ်ကြ၏။
26 Öyleyse ne görmeye gittiniz? Bir peygamber mi? Evet! Size şunu söyleyeyim, gördüğünüz kişi peygamberden de üstündür.
၂၆ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏။
27 ‘İşte, habercimi senin önünden gönderiyorum; O önden gidip senin yolunu hazırlayacak’ diye yazılmış olan sözler onunla ilgilidir.
၂၇ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသော ငါ ၏တမန် ကိုသင့် ရှေ့ ၌ငါစေလွှတ် ၏ဟုဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
28 Size şunu söyleyeyim, kadından doğanlar arasında Yahya'dan daha üstün olanı yoktur. Bununla birlikte, Tanrı'nın Egemenliği'nde en küçük olan ondan üstündür.”
၂၈ငါဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံဆရာယောဟန် ထက် ကြီးမြတ် သော ပရောဖက် တစ်ယောက် မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်တွင် အငယ်ဆုံး သောသူ သည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
29 Yahya tarafından vaftiz edilen halk, hatta vergi görevlileri bile bunu duyunca Tanrı'nın adil olduğunu doğruladılar.
၂၉အခွန်ခံ သူမှစ၍ လူ အပေါင်း တို့သည် ယောဟန်၏စကားကို ကြားနာ ရလျှင် ၊ ဘုရားသခင် ကို ချီးမွမ်း ၍ ယောဟန် ပေးသော ဗတ္တိဇံ ကို ခံ ကြ၏။
30 Oysa Yahya tarafından vaftiz edilmeye yanaşmayan Ferisiler'le Kutsal Yasa uzmanları, Tanrı'nın kendileriyle ilgili tasarısını reddettiler.
၃၀ဖာရိရှဲ နှင့် ကျမ်းတတ် တို့မူကား ၊ သူ တို့အကျိုး အလိုငှာ ဘုရားသခင် ကြံစည် တော်မူသော ကျေးဇူးတော်ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံ ကို မ ခံဘဲနေကြ၏။
31 İsa, “Bu kuşağın insanlarını neye benzeteyim? Bunlar neye benziyorlar?” dedi.
၃၁ထိုကြောင့် ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ အဘယ်သူ နှင့်တူ သနည်း။
32 “Çarşı meydanında oturup birbirlerine, ‘Size kaval çaldık, oynamadınız; Ağıt yaktık, ağlamadınız’ diye seslenen çocuklara benziyorlar.
၃၂ပွဲ သဘင်၌ ထိုင်နေ သောသူငယ်ချင်းတို့သည် တစ် ယောက်ကိုတစ်ယောက် အသံလွှင့် ကြ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာမြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ် တို့နှင့် ဤလူမျိုးသည် တူ လှ၏။
33 Vaftizci Yahya geldiği zaman oruç tutup şaraptan kaçındı, ona ‘cinli’ diyorsunuz.
၃၃အကြောင်းမူကား ၊ ဗတ္တိဇံ ဆရာယောဟန် သည် မုန့် ကိုမ စား ၊ စပျစ်ရည် ကိုမ သောက် ဘဲ လာ သည်ရှိသော်သင်တို့က၊ ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
34 İnsanoğlu geldiği zaman yiyip içti. Bu kez de diyorsunuz ki, ‘Şu obur ve ayyaş adama bakın! Vergi görevlileri ve günahkârlarla dost oldu!’
၃၄လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤသူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။
35 Ne var ki bilgelik, onu benimseyen herkes tarafından doğrulanır.”
၃၅သို့သော်လည်း ပညာ တရားသည် မိမိ သား ရှိသမျှ တို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့်လွတ်၏ ဟု မိန့်တော်မူ၏။
36 Ferisiler'den biri İsa'yı yemeğe çağırdı. O da Ferisi'nin evine gidip sofraya oturdu.
၃၆ဖာရိရှဲ တစ် ယောက်သည် အစာကို သုံးဆောင် တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ ထိုဖာရိရှဲ ၏ အိမ် သို့ ကြွ ၍ စားပွဲ၌လျောင်း တော်မူသည်။
37 O sırada, kentte günahkâr olarak tanınan bir kadın, İsa'nın, Ferisi'nin evinde yemek yediğini öğrenince kaymaktaşından bir kap içinde güzel kokulu yağ getirdi. İsa'nın arkasında, ayaklarının dibinde durup ağlayarak, gözyaşlarıyla O'nun ayaklarını ıslatmaya başladı. Saçlarıyla ayaklarını sildi, öptü ve yağı üzerlerine sürdü.
၃၇ထိုသို့စားပွဲ၌လျောင်း တော်မူသည်ကိုထို မြို့ ၌ ဆိုး သောမိန်းမ တစ်ယောက်သည် သိ လျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ ၊
၃၈နောက် တော်၌ ခြေ တော်အနီးမှာရပ် လျက် ငိုကြွေး ၍ ခြေ တော်ပေါ်သို့မျက်ရည် ကျ လျှင် မိမိ ဆံပင် နှင့်သုတ် လေ၏။ ခြေ တော်ကိုလည်း နမ်း ၍ ဆီမွှေး နှင့် လိမ်း လျက်နေလေ၏။
39 İsa'yı evine çağırmış olan Ferisi bunu görünce kendi kendine, “Bu adam peygamber olsaydı, kendisine dokunan bu kadının kim ve ne tür bir kadın olduğunu, günahkâr biri olduğunu anlardı” dedi.
၃၉ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
40 Bunun üzerine İsa Ferisi'ye, “Simun” dedi, “Sana bir söyleyeceğim var.” O da, “Buyur, öğretmenim” dedi.
၄၀ယေရှု ကလည်း ၊ အချင်းရှိမုန် ၊ သင့် အား ငါပြော စရာတစ်ခု ရှိ သည် ဟု မိန့် တော်မူလျှင် ၊ အရှင် ဘုရား အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
41 “Tefeciye borçlu iki kişi vardı. Biri beş yüz, öbürü de elli dinar borçluydu.
၄၁ယေရှုက၊ ဥစ္စာရှင် တစ်ဦး ၌ ကြွေးစား နှစ် ဦးရှိ ၏။ တစ် ယောက်၌ကား ဒေနာရိ အပြားငါးရာ ၊ တစ် ယောက်၌ ကား ငါးဆယ် ကြွေး ရှိ၏။
42 Borçlarını ödeyecek güçte olmadıklarından, tefeci her ikisinin de borcunu bağışladı. Buna göre, hangisi onu çok sever?”
၄၂သူ တို့သည် ကြွေးဆပ် ရန်မ ရှိ သောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ် ယောက်တို့ကို အချည်းနှီး လွှတ်၏။ သို့ဖြစ်လျှင် ထိုသူ နှစ်ယောက်တွင် အဘယ်သူ သည်ကြွေးရှင် ကိုသာ၍ ချစ် လိမ့်မည်နည်း ဟု မေးတော်မူ၏။
43 Simun, “Sanırım, kendisine daha çok bağışlanan” diye yanıtladı. İsa ona, “Doğru söyledin” dedi.
၄၃ရှိမုန် ကလည်း၊ သာ၍ ကျေးဇူးကိုခံရ သောသူ သည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင် ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင် သည်အတိုင်း မှန် ပေ၏ဟု မိန့် တော်မူပြီးမှ ၊
44 Sonra kadına bakarak Simun'a şunları söyledi: “Bu kadını görüyor musun? Ben senin evine geldim, ayaklarım için bana su vermedin. Bu kadın ise ayaklarımı gözyaşlarıyla ıslatıp saçlarıyla sildi.
၄၄ထို မိန်းမ ကို လှည့် ၍ ရှိမုန် အားလည်း၊ သင်သည် ဤ မိန်းမ ကိုမြင်သလော ။ သင် ၏အိမ် သို့ ငါဝင် သော် သင်သည် ခြေ ဆေးရေ ကိုမ ပေး ။ ဤ မိန်းမမူကား ၊ ငါ့ ခြေ ပေါ်သို့မျက်ရည် ကျ ၍ မိမိ ဆံပင် နှင့်သုတ် လေပြီ။
45 Sen beni öpmedin, ama bu kadın eve girdiğimden beri ayaklarımı öpüp duruyor.
၄၅သင်သည် ငါ့ ကိုမ နမ်း ၊ သူ မူကား ၊ အိမ်သို့ဝင် သောအချိန်မှစ၍ ငါ့ ခြေ ကိုနမ်း လျက်မ စဲ ဘဲနေ၏။
46 Sen başıma zeytinyağı sürmedin, ama bu kadın ayaklarıma güzel kokulu yağ sürdü.
၄၆သင်သည်ငါ့ ခေါင်း ကို ဆီ နှင့်မ လိမ်း ။ သူ မူကား ၊ ငါ့ ခြေ ကို ဆီမွှေး နှင့်လိမ်း လေပြီ။
47 Bu nedenle sana şunu söyleyeyim, kendisinin çok olan günahları bağışlanmıştır. Çok sevgi göstermesinin nedeni budur. Oysa kendisine az bağışlanan, az sever.”
၄၇ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
48 Sonra kadına, “Günahların bağışlandı” dedi.
၄၈ထိုမိန်းမ အားလည်း ၊ သင် သည် အပြစ် တို့နှင့် လွတ် လေပြီ ဟု မိန့် တော်မူ၏။
49 İsa'yla birlikte sofrada oturanlar kendi aralarında, “Kim bu adam? Günahları bile bağışlıyor!” şeklinde konuşmaya başladılar.
၄၉စားပွဲ၌လျောင်း သောသူ တို့က၊ အပြစ် ကိုလွှတ် သော ဤ သူကား အဘယ်သူ နည်းဟု အောက်မေ့ ကြ၏။
50 İsa ise kadına, “İmanın seni kurtardı, esenlikle git” dedi.
၅၀ယေရှုသည် ထို မိန်းမ အား သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်တင် ပြီ။ ငြိမ်ဝပ် စွာသွား လော့ ဟု မိန့် တော်မူ၏။

< Luka 7 >