< Levililer 18 >
1 RAB Musa'ya şöyle dedi:
၁တစ်ဖန်ထာဝရဘုရားသည် မောရှေမှတစ် ဆင့်ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏။-
2 “İsrail halkına de ki, ‘Tanrınız RAB benim.
၂
3 Mısır'da bir süre yaşadınız; onların törelerine göre yaşamayacaksınız. Sizleri Kenan ülkesine götürüyorum. Onlar gibi de yaşamayacaksınız. Onların kurallarına uymayacaksınız.
၃သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။-
4 Benim kurallarımı yerine getirecek, ilkelerime göre yaşayacaksınız. Tanrınız RAB benim.
၄ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါမိန့်မှာ သမျှကိုလိုက်လျှောက်လော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။-
5 Kurallarıma, ilkelerime sarılın. Çünkü onları yerine getiren onlar sayesinde yaşayacaktır. RAB benim.
၅ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
6 “‘Hiçbiriniz cinsel ilişkide bulunmak için yakın akrabasına yaklaşmayacak. RAB benim.
၆ထာဝရဘုရားသည်အောက်ပါပြဋ္ဌာန်းချက် များကို ချမှတ်ပေးတော်မူ၏။ သင်တို့သည် ဆွေမျိုးနီးစပ်သူနှင့် ကာမစပ်ယှက်ခြင်း မပြုရ။-
7 Annenle cinsel ilişkide bulunarak babanın namusuna dokunmayacaksın. O senin annendir. Onunla ilişki kurmayacaksın.
၇သင်၏မိခင်နှင့်ကာမစပ်ယှက်ခြင်းအား ဖြင့် ဖခင်ကိုအရှက်မခွဲရ။ သင်၏မိခင် အရင်းကိုအရှက်မခွဲရ။-
8 Babanın karısıyla cinsel ilişki kurmayacaksın. Babanın namusudur o.
၈ဖခင်၏မယားငယ်များနှင့်ကာမစပ်ယှက် ခြင်းမပြုရ။-
9 Annenden ya da babandan olan, ister seninle aynı evde doğmuş olsun, ister olmasın üvey kızkardeşlerinden biriyle cinsel ilişki kurmayacaksın.
၉နှမအရင်းနှင့်သော်လည်းကောင်း၊ တစ်အိမ် တည်းသို့မဟုတ် အိမ်ခွဲ၍ကြီးပြင်းလာသော ဖအေပါ၊ မအေပါသမီးနှင့်သော်လည်း ကောင်း ကာမစပ်ယှက်ခြင်းမပြုရ။-
10 Kızının ya da oğlunun kızıyla cinsel ilişki kurmayacaksın. Çünkü onların namusu senin namusundur.
၁၀သင်၏မြေးမိန်းမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ သင့်ကိုယ်ကိုသင်အရှက်ခွဲရာ ရောက်လိမ့်မည်။-
11 Babanın evlendiği kadından doğan kızla cinsel ilişki kurmayacaksın. Çünkü o babandan olmadır, senin kızkardeşin sayılır.
၁၁ဖအေတူမအေကွဲမောင်နှမနှင့် ကာမစပ် ယှက်ခြင်းမပြုရ။ သူသည်လည်းသင်၏နှမ ပင်ဖြစ်သည်။-
12 Halanla cinsel ilişki kurmayacaksın. Çünkü o babanın yakın akrabasıdır.
၁၂ဖခင်၏နှမသို့မဟုတ် မိခင်၏ညီမဖြစ်သူ သင်၏အဒေါ်နှင့်ကာမစပ်ယှက်ခြင်းမပြု ရ။-
13 Teyzenle cinsel ilişki kurmayacaksın. Çünkü o annenin yakın akrabasıdır.
၁၃
14 Amcanın namusuna dokunmayacaksın. Karısına yaklaşmayacaksın, çünkü o senin yengendir.
၁၄ဦးလေး၏ဇနီးနှင့် ကာမစပ်ယှက်ခြင်းမ ပြုရ။ သူသည်လည်းသင်၏အဒေါ်ပင်ဖြစ်၏။-
15 Gelininle cinsel ilişki kurmayacaksın. Çünkü oğlunun karısıdır. Onunla ilişki kurmayacaksın.
၁၅သင်၏ချွေးမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
16 Kardeşinin karısıyla cinsel ilişki kurmayacaksın. Çünkü o kardeşinin namusudur.
၁၆သင့်ညီအစ်ကို၏ဇနီးနှင့်သော်လည်းကောင်း ကာမယှက်စပ်ခြင်းမပြုရ။-
17 Bir kadının hem kendisiyle, hem kızıyla cinsel ilişki kurmayacaksın. Kadının kızının ya da oğlunun kızıyla cinsel ilişki kurmayacaksın. Çünkü onlar kadının yakın akrabasıdır. Onlara yaklaşmak alçaklıktır.
၁၇သင်နှင့်ကာမစပ်ယှက်ဖူးသောမိန်းမ၏သမီး နှင့်ဖြစ်စေ၊ သူ၏မြေးမိန်းမနှင့်ဖြစ်စေကာမ စပ်ယှက်ခြင်းမပြုရ။ ထိုသို့ပြုလျှင်သင်တို့ သည်သင်နှင့်သွေးနီးစပ်သူများဖြစ်နိုင်သဖြင့် သင်သည်သွေးနီးစပ်သူနှင့်ဖောက်ပြန်ခြင်း အပြစ်ကိုကူးလွန်လိမ့်မည်။-
18 Karın yaşadığı sürece onun kızkardeşini kuma olarak almayacak ve onunla cinsel ilişki kurmayacaksın.
၁၈သင်၏ဇနီးအသက်ရှင်နေသမျှကာလ ပတ်လုံး သင်၏ခယ်မကိုမယားငယ်အဖြစ် မသိမ်းပိုက်ရ။
19 “‘Âdet gördüğü için kirli sayılan bir kadınla cinsel ilişki kurmayacaksın.
၁၉ရာသီသွေးပေါ်သောမိန်းမသည်ဘာသာရေး ထုံးနည်းအရမသန့်စင်သောကြောင့် ရာသီသွေး ပေါ်ချိန်အတွင်းသူနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
20 Komşunun karısıyla cinsel ilişki kurarak kendini kirletmeyeceksin.
၂၀သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။-
21 İlah Molek'e ateşte kurban edilmek üzere çocuklarından hiçbirini vermeyeceksin. Tanrın'ın adına leke getirmeyeceksin. RAB benim.
၂၁သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
22 Kadınla yatar gibi bir erkekle yatma. Bu iğrençtir.
၂၂ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
23 Bir hayvanla cinsel ilişki kurmayacaksın. Kendini kirletmiş olursun. Kadınlar cinsel ilişki kurmak amacıyla bir hayvana yaklaşmayacak. Sapıklıktır bu.
၂၃ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ၊ တိရစ္ဆာန်နှင့်ကာမ စပ်ယှက်ခြင်းမပြုရ။ ထိုအကျင့်သည်ဋ္ဌမ္မတာ ကိုဆန့်ကျင်သဖြင့် ဘာသာတရားထုံးနည်း အရသင့်ကိုညစ်ညမ်းစေသည်။
24 “‘Bu davranışların hiçbiriyle kendinizi kirletmeyin. Çünkü önünüzden kovacağım uluslar böyle kirlendiler.
၂၄သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။-
25 Onların yüzünden ülke bile kirlendi. Günahından ötürü ülkeyi cezalandırdım. Ülke, üzerinde yaşayan halkı kusuyor.
၂၅သူတို့၏အလေ့အကျင့်များသည် သူတို့နေ ထိုင်ရာပြည်ကိုညစ်ညမ်းစေသည်။ ထို့ကြောင့် ထာဝရဘုရားသည် ထိုပြည်ကိုဒဏ်ခတ် သဖြင့်ပြည်သားတို့သည် ထိုပြည်မှနှင် ထုတ်ခြင်းခံရကြလိမ့်မည်။-
26 İster yerli olsun, ister aranızda yaşayan yabancılar olsun kurallarıma ve ilkelerime göre yaşayacaksınız. Bu iğrençliklerin hiçbirini yapmayacaksınız.
၂၆သူတို့သည်ထိုစက်ဆုပ်ဖွယ်သောအကျင့်တို့ ကိုပြုကျင့်၍ တိုင်းပြည်ကိုညစ်ညမ်းစေကြ ၏။ သင်တို့မူကားထိုအကျင့်များကိုမပြု ကျင့်ရ။ ဣသရေလအမျိုးသားဖြစ်စေ၊ သင် တို့နှင့်အတူနေထိုင်သောလူမျိုးခြားသား ဖြစ်စေ၊ သင်တို့အားလုံးသည်ထာဝရဘုရား ၏ပညတ်တော်များနှင့် ပြဋ္ဌာန်းချက်များ ကိုစောင့်ထိန်းရကြမည်။-
27 Sizden önce bu ülkede yaşayan insanlar bütün bu iğrençlikleri yaparak ülkeyi kirlettiler.
၂၇
28 Eğer siz de ülkeyi kirletirseniz, ülke sizden önceki uluslara yaptığı gibi sizi de kusar.
၂၈သို့ပြုလျှင်သင်တို့အလျင်နေထိုင်ခဲ့သော သူများကဲ့သို့ သင်တို့သည်ထိုပြည်မှနှင် ထုတ်ခြင်းခံရမည်မဟုတ်။-
29 “‘Kim bu iğrençliklerden birini yaparsa halkın arasından atılacaktır.
၂၉ထိုသို့သောစက်ဆုပ်ဖွယ်ရာအကျင့်ကိုပြု ကျင့်သူသည်ဘုရားသခင်၏လူမျိုးတော် မှပယ်ထုတ်ခြင်းခံရမည်။
30 Buyruklarımı yerine getirin, sizden önceki insanların iğrenç törelerine uyarak kendinizi kirletmeyin. Tanrınız RAB benim.’”
၃၀ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။