< Psaltaren 21 >

1 För sångmästaren; en psalm av David. HERRE, över din makt gläder sig konungen; huru fröjdas han icke högeligen över din seger!
အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
2 Vad hans hjärta önskar har du givit honom, och hans läppars begäran har du icke vägrat honom. (Sela)
သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
3 Ty du kommer honom till mötes med välsignelser av vad gott är; du sätter på hans huvud en gyllene krona.
ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေး တော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော် မူပြီ။
4 Han bad dig om liv, och du gav honom det, ett långt liv alltid och evinnerligen.
သူသည် အသက်ကိုဆတောင်း၍၊ ကိုယ်တော် သည်မသက်မက၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ။
5 Stor är hans ära genom din seger; majestät och härlighet beskär du honom.
ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ၏။
6 Ja, du låter honom bliva till välsignelse evinnerligen; du fröjdar honom med glädje inför ditt ansikte.
ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ၌ ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ၏။
7 Ty konungen förtröstar på HERREN, och genom den Högstes nåd skall han icke vackla.
အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏။
8 Din hand skall nå alla dina fiender; din högra hand skall träffa dem som hata dig.
ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။
9 Du skall låta dem känna det såsom i en glödande ugn, när du låter se ditt ansikte. HERREN skall fördärva dem i sin vrede; eld skall förtära dem.
အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။
10 Deras livsfrukt skall du utrota från jorden och deras avkomma från människors barn.
၁၀သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည်။
11 Ty de ville draga ont över dig; de tänkte ut ränker, men de förmå intet.
၁၁အကြောင်းမူကား၊ ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
12 Nej, du skall driva dem tillbaka; med din båge skall du sikta mot deras anleten.
၁၂ထိုကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတို့ ကိုရွယ်၍၊ သူတို့ ကျောကို လှည့်စေတော်မူမည်။
13 Upphöjd vare du, HERREN, i din makt; vi vilja besjunga och lovsäga din hjältekraft.
၁၃အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။

< Psaltaren 21 >