< Hesekiel 19 >

1 Men du, stäm upp en klagosång över Israels furstar;
ထိုမှတပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊
2 säg: Huru var icke din moder en lejoninna! Bland lejon låg hon; hon födde upp sina ungar bland kraftiga lejon.
သင်၏အမိကားအဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။
3 Så födde hon upp en av sina ungar, så att han blev ett kraftigt lejon; han lärde sig att taga rov, människor åt han upp.
ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ်၍၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
4 Men folken fingo höra om honom och han blev fångad i deras grop; och man förde honom med krok i nosen till Egyptens land.
လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
5 När hon nu såg att hon fick vänta förgäves, och att hennes hopp blev om intet, då tog hon en annan av sina ungar och gjorde denne till ett kraftigt lejon.
သားဆုံးရှုံးကြောင်းကို အမိသည် မြင်၍ စိတ် ပျက်သောအခါ၊ သားတကောင်ကို ယူပြန်၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့်၊
6 Stolt gick han omkring bland lejonen, ja, han blev ett kraftigt lejon; han lärde sig att taga rov, människor åt han upp.
သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဘော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။
7 Han våldförde deras änkor, deras städer förödde han. Och landet med vad däri var blev förfärat vid dånet av hans rytande.
သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
8 Då bådade man upp folk mot honom runt omkring från länderna; och de bredde ut sitt nät för honom, och han blev fångad i deras grop
ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဘမ်းကြ၏။
9 Sedan satte de honom i en bur, med krok i nosen, och förde honom till konungen Babel Där satte man honom in i fasta borgar, för att hans röst ej mer skulle höras bort till Israels berg.
သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင်ထားကြ၏။
10 Medan de levde i ro, var din moder såsom ett vinträd, planterat vid vatten. Och det blev ett fruktsamt träd, rikt på skott, genom det myckna vattnet.
၁၀သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီး ကို သီးတတ်၏။
11 Det fick starka grenar, tjänliga till härskarspiror, och dess stam växte hög, omgiven av lövverk, så att det syntes vida, ty det var högt och rikt på rankor.
၁၁မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက် အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။
12 Då ryckte man upp det i vrede, och det blev kastat på jorden, och stormen från öster förtorkade dess frukt. Dess starka grenar brötos av och torkade bort, elden fick förtära dem.
၁၂သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နှုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည် တိုက်၍အသီး ကို ပိတ်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။
13 Nu är det utplanterat i öknen, i ett torrt och törstande land.
၁၃ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင် အရပ်၌ စိုက်လျက်ရှိ၏။
14 Och eld har gått ut från dess yppersta gren och har förtärt dess frukt. Så finnes där nu ingen stark gren kvar, ingen härskarspira! En klagosång är detta, och den har fått tjäna såsom klagosång.
၁၄အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း။ ဤရွှေကား၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။

< Hesekiel 19 >