< Ester 1 >

1 I Ahasveros' tid -- den Ahasveros' som regerade från Indien ända till Etiopien, över ett hundra tjugusju hövdingdömen --
အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊
2 under den tiden, medan konung Ahasveros satt på konungatronen i Susans borg, tilldrog sig följande.
ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊
3 I sitt tredje regeringsår gjorde han ett gästabud för alla sina furstar och tjänare, varvid Persiens och Mediens härförare och hans förnämsta män och furstarna i hövdingdömena voro samlade inför honom.
ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ၏။
4 Och han lät dem under många dagar se sin konungsliga härlighet och rikedom och sin storhets glans och prakt -- under ett hundra åttio dagar.
ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
5 Och när dessa dagar hade gått till ända, gjorde konungen ett sju dagars gästabud för allt det folk som fanns i Susans borg, både stora och små, i den inhägnade trädgård som hörde till konungapalatset.
ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။
6 Där hängde tapeter av linne, bomull och mörkblått tyg, uppsatta med vita och purpurröda snören i ringar av silver och på pelare av vit marmor. Soffor av guld och silver stodo på ett golv som var inlagt med grön och vit marmor och med pärlglänsande och svart sten.
ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7 Och dryckerna sattes fram i gyllene kärl, det ena icke likt det andra, och konungsligt vin fanns i myckenhet, såsom det hövdes hos en konung.
ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏။
8 Och när man drack, gällde den lagen att intet tvång skulle råda; ty konungen hade befallt alla sina hovmästare att de skulle rätta sig efter vars och ens önskan.
စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။
9 Samtidigt gjorde ock Vasti, drottningen, ett gästabud för kvinnorna i konung Ahasveros' kungliga palats.
မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင် အာရွှေရု နန်းတော်သား မိန်းမတို့အဘို့ ပွဲလုပ်လေ၏။
10 När då på sjunde dagen konungens hjärta var glatt av vinet, befallde han Mehuman, Bisseta, Harebona, Bigeta, Abageta, Setar och Karkas, de sju hovmän som gjorde tjänst hos konung Ahasveros,
၁၀မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊
11 att de skulle föra drottning Vasti, prydd med kunglig krona, inför konungen, för att han skulle låta folken och furstarna se hennes skönhet, ty hon var fager att skåda.
၁၁ခုနစ်ရက်မြောက်သော နေ့၌ ရှင်ဘုရင်သည် စပျစ်ရည် သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ၏။
12 Men drottning Vasti ville icke komma, fastän konungen befallde henne det genom hovmännen. Då blev konungen mycket förtörnad. och hans vrede upptändes.
၁၂သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။
13 Och konungen frågade de vise som voro kunniga i tidstecknens tydning (ty konungens ärenden plägade så läggas fram för alla i lag och rätt kunniga;
၁၃ထိုအခါကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊
14 och han hade vid sin sida Karsena, Setar, Admata, Tarsis, Meres, Marsena och Memukan, de sju furstar i Persien och Medien, som voro konungens närmaste män och innehade främsta platsen i riket); han frågade:
၁၄မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော် တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက်သောသူအပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သောထိုပညာရှိတို့ကိုခေါ်၍၊
15 "Vad skall man efter lag göra med drottning Vasti, då hon nu icke har gjort vad konung Ahasveros befallde genom hovmännen?"
၁၅မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သော ကြောင့်၊ ဓမ္မသတ်အတိုင်းသူ၌ အဘယ်သို့ စီရင်ရမည် နည်းဟု မေးတော်မူလျှင်၊
16 Memukan svarade inför konungen och furstarna: "Icke mot konungen allena har drottning Vasti gjort illa, utan mot alla furstar och alla folk i alla konung Ahasveros' hövdingdömen.
၁၆မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။
17 Ty vad drottningen har gjort skall komma ut bland alla kvinnor, och skall leda till att de förakta sina män, då de ju kunna säga: 'Konung Ahasveros befallde att man skulle föra drottning Vasti inför honom, men hon kom icke.'
၁၇ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြားပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင်ပြုကြပါလိမ့်မည်။
18 Ja, redan i dag skola furstinnorna i Persien och Medien, när de få höra vad drottningen har gjort, åberopa detta inför alla konungens furstar, och därav skall komma förakt och förtret mer än nog.
၁၈မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည်။
19 Om det så täckes konungen, må han därför låta en kunglig befallning utgå -- och må denna upptecknas i Persiens och Mediens lagar, så att den bliver orygglig -- att Vasti icke mer skall få komma inför konung Ahasveros' ansikte; och hennes konungsliga värdighet give konungen åt en annan, som är bättre än hon.
၁၉ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။
20 När så den förordning som konungen utfärdar bliver kunnig i hela hans rike, så stort det är, då skola alla kvinnor giva sina män tillbörlig ära, både stora och små."
၂၀သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
21 Detta tal behagade konungen och furstarna, och konungen gjorde såsom Memukan hade sagt.
၂၁ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက်၊
22 Skrivelser blevo sända till alla konungens hövdingdömen, till vart hövdingdöme med dess skrift och till vart folk på dess tungomål, att envar man skulle vara herre i sitt hus och tala sitt folks tungomål.
၂၂လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ၏။

< Ester 1 >