< 1 Kungaboken 6 >

1 I det fyra hundra åttionde året efter Israels barns uttåg ur Egyptens land, i det fjärde året av Salomos regering över Israel, i månaden Siv, det är den andra månaden, begynte han bygga huset åt HERREN.
ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။
2 Huset som konung Salomo byggde åt HERREN var sextio alnar långt, tjugu alnar brett och trettio alnar högt.
ထိုအိမ်တော်အလျားသည် အတောင်ခြောက် ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ် ရှိ၏။
3 Förhuset framför tempelsalen var tjugu alnar långt, framför husets kortsida, och tio alnar brett, där det låg framför huset.
အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။
4 Och han gjorde fönster på huset, slutna fönster, med bjälkramar.
အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်း ပေါက်တို့ကို လုပ်လေ၏။
5 Och runt omkring huset, utmed dess vägg, uppförde han en ytterbyggnad, som gick runt omkring husets väggar, både utmed tempelsalen och utmed koret; och han gjorde däri sidokamrar runt omkring.
အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
6 Den nedersta våningen i ytterbyggnaden var fem alnar bred, den mellersta sex alnar bred och den tredje sju alnar bred; ty han hade gjort avsatser på huset runt omkring utvändigt, för att icke behöva göra fästhål i husets väggar.
အောက်အခန်းသည် အနံငါးတောင်၊ အလယ် အခန်း အနံခြောက်တောင်၊ အထက်အခန်းအနံခုနစ် တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။
7 Och när huset uppfördes, byggdes det av sten som hade blivit färdighuggen vid stenbrottet; alltså hördes varken hammare eller yxa eller andra järnverktyg vid huset, när det byggdes.
ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ။
8 Dörren till mellersta sidokammaren hade sin plats på husets södra sida, och genom en trappgång kom man upp till den mellersta våningen, och från den mellersta våningen upp till den tredje.
အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ၏။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်း သို့၎င်း၊ တက်ရ၏။
9 Så byggde han huset och fullbordade det. Och han panelade huset med inläggningar och med cederplankor i rader.
အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။
10 Och i ytterbyggnaden utmed hela huset byggde han våningarna fem alnar höga; och den var fäst vid huset med cederbjälkar.
၁၀ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ၏။
11 Och HERRENS ord kom till Salomo; han sade:
၁၁ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊
12 "Med detta hus som du nu bygger skall så ske: om du vandrar efter mina stadgar och gör efter mina rätter och håller alla mina bud och vandrar efter dem, så skall jag på dig uppfylla mitt ord, det som jag talade till din fader David:
၁၂ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက်၊ ငါစီရင် ချက်အတိုင်းစီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊ သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။
13 jag skall bo mitt ibland Israels barn och skall icke övergiva mitt folk Israel."
၁၃ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
14 Så byggde nu Salomo huset och fullbordade det.
၁၄ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည်၍ ပြီးလေ၏။
15 Han täckte husets väggar invändigt med bräder av cederträ. Från husets golv ända upp till takbjälkarna överklädde han det med trä invändigt; husets golv överklädde han med bräder av cypressträ.
၁၅ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရူးပျဉ်ပြားဖြင့် ပြီးစေ၏။
16 Och han täckte de tjugu alnarna i det innersta av huset med bräder av cederträ, från golvet ända upp till bjälkarna; så inrättade han rummet därinne åt sig till ett kor: det allraheligaste.
၁၆အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
17 Och fyrtio alnar mätte den del av huset, som utgjorde tempelsalen därframför.
၁၇ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော် အလျားသည် အတောင်လေးဆယ်ရှိ၏။
18 Och innantill hade huset en beläggning av cederträ med utsirningar i form av gurkfrukter och blomsterband; alltsammans var där av cederträ, ingen sten syntes.
၁၈အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ၏။
19 Och ett kor inredde han i det inre av huset för att där ställa HERRENS förbundsark.
၁၉ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ၏။
20 Och framför koret, som var tjugu alnar långt, tjugu alnar brett och tjugu alnar högt, och som han överdrog med fint guld, satte han ett altare, överklätt med cederträ.
၂၀ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။
21 Och Salomo överdrog det inre av huset med fint guld. Och med kedjor av guld stängde han för koret; och jämväl detta överdrog han med guld.
၂၁ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။
22 Alltså överdrog han hela huset med guld, till dess att hela huset var helt och hållet överdraget med guld. Han överdrog ock med guld hela det altare som hörde till koret.
၂၂အိမ်တော်တအိမ်လုံးကို၎င်း၊ ဗျာဒိတ်ဌာနတော် နားမှာရှိသော ယဇ်ပလ္လင်ကို၎င်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။
23 Och till koret gjorde han två keruber av olivträ. Den ena av dem var tio alnar hög;
၂၃ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
24 och den kerubens ena vinge var fem alnar, och kerubens andra vinge var ock fem alnar, så att det var tio alnar från den ena vingspetsen till den andra.
၂၄ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ၏။
25 Den andra keruben var ock tio alnar. Båda keruberna hade samma mått och samma form:
၂၅အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။
26 den ena keruben var tio alnar hög och likaså den andra keruben.
၂၆ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊
27 Och han ställde keruberna i de innersta av huset, och keruberna bredde ut sina vingar, så att den enas ena vinge rörde vid den ena väggen och den andra kerubens ena vinge rörde vid den andra väggen; och mitt i huset rörde deras båda andra vingar vid varandra.
၂၇အတောင်ဖျားတဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
28 Och han överdrog keruberna med guld.
၂၈ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
29 Och alla husets väggar runt omkring utsirade han med snidverk i form av keruber, palmer och blomsterband; så både i det inre rummet och i det yttre.
၂၉အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ၏။
30 Och husets golv överdrog han med guld; så både i det inre rummet och i det yttre.
၃၀အိမ်တော်အတွင်း ကြမ်းနှင့်ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
31 För ingången till koret gjorde han dörrar av olivträ. Dörrinfattningen hade formen av en femkant.
၃၁ဗျာဒိတ်ဌာနတော် ဝင်ဝဘို့သံလွင်သား တံခါး ရွက်နှစ်ရွက်ကို လုပ်၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစုကိုစားကြ၏။
32 Och de båda dörrarna av olivträ prydde han med utsirningar i form av keruber, palmer och blomsterband, och överdrog dem med guld; han lade ut guldet över keruberna och palmerna.
၃၂သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ်၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
33 Likaså gjorde han för ingången till tempelsalen dörrposter av olivträ, i fyrkant,
၃၃ထိုအတူ အိမ်တော်ပြင်ထရံလေးစုတစု ကျယ်သောဝင်ဝဘို့ သံလွင်တံခါးတိုင်တို့ကို၎င်း၊
34 och två dörrar av cypressträ, var dörr bestående av två dörrhalvor som kunde vridas.
၃၄တံခါးရွက်တရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်ရူးသား တံခါးရွက်နှစ်ရွက်တို့ကို၎င်း လုပ်လေ၏။
35 Och han utsirade dem med keruber, palmer och blomsterband, och överdrog dem med guld, som lades jämnt över snidverken.
၃၅တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ၏။
36 Vidare byggde han den inre förgårdsmuren av tre varv huggna stenar och ett varv huggna bjälkar av cederträ.
၃၆အတွင်းတန်တိုင်းကိုလည်း ဆပ်သော ကျောက် တန်းသုံးဆင့်၊ အာရဇ်သစ်သားတန်းတဆင့်နှင့် အထပ် ထပ်တည်လေ၏။
37 I det fjärde året blev grunden lagd till HERRENS hus, i månaden Siv.
၃၇နန်းစံလေးနှစ်၊ ဇိဖလတွင်ထာဝရဘုရား၏ အိမ်တော်တိုက်မြစ်ကို ချကြ၍၊
38 Och i det elfte året, månaden Bul, det är den åttonde månaden, var huset färdigt till alla sina delar alldeles såsom det skulle vara. Han byggde alltså därpå i sju år.
၃၈နန်းစံဆယ်တနှစ်၊ ဗုလအမည်ရှီသော အဋ္ဌမလ တွင် အိမ်တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ကို လက်စသတ်၍ ခုနစ်နှစ်ပတ်လုံးအိမ်တော်ကို တည်ဆောက်သတည်း။

< 1 Kungaboken 6 >