< Luka 14 >
1 Siku moja ya Sabato, Yesu alikwenda kula chakula nyumbani kwa mmoja wa viongozi wa Mafarisayo; watu waliokuwapo hapo wakawa wanamchunguza.
၁ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။-
2 Mbele yake Yesu palikuwa na mtu mmoja aliyekuwa na ugonjwa wa kuvimba mwili.
၂ကိုယ်တော်၏ရှေ့တွင်ရေဖျင်းနာစွဲသူလူ တစ်ယောက်ရှိ၏။-
3 Yesu akawauliza walimu wa Sheria na Mafarisayo, “Je, ni halali au la kumponya mtu siku ya sabato?”
၃ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။
4 Lakini wao wakakaa kimya. Yesu akamshika huyo mgonjwa, akamponya, akamwacha aende zake.
၄သို့ရာတွင်သူတို့သည်ဆိတ်ဆိတ်နေကြ၏။ ကိုယ်တော်သည်သူနာကိုခေါ်လျက်ရောဂါကို ပျောက်ကင်းစေပြီးလျှင်သူ့အားထွက်သွား စေတော်မူ၏။-
5 Halafu akawaambia, “Ni nani kati yenu ambaye mtoto wake au ng'ombe wake akitumbukia shimoni, hangemtoa hata kama ni siku ya Sabato?”
၅ကိုယ်တော်က ``သင်တို့အနက်အဘယ်သူသည် မိမိ၏သားဖြစ်စေ၊ နွားဖြစ်စေဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့သော်ချက်ချင်းမဆွဲ မတင်ဘဲနေပါမည်နည်း'' ဟုမေးတော်မူ၏။
6 Nao hawakuweza kumjibu swali hilo.
၆သို့ရာတွင်သူတို့သည်အဘယ်သို့မျှအဖြေ မပေးတတ်ကြ။
7 Yesu aliona jinsi wale walioalikwa walivyokuwa wanajichagulia nafasi za heshima, akawaambia mfano:
၇စားသောက်ပွဲသို့ဖိတ်ခေါ်ထားသောသူတို့သည် အကောင်းဆုံးသောနေရာများကိုရွေးချယ်နေ ကြသည်ကိုကိုယ်တော်မြင်တော်မူလျှင် ထိုသူ တို့အားပုံဥပမာတစ်ခုကိုမိန့်ကြားတော်မူ၏။-
8 “Kama mtu akikualika arusini, usiketi mahali pa heshima isije ikawa amealikwa mwingine mheshimiwa kuliko wewe;
၈ကိုယ်တော်က ``သင်သည်မင်္ဂလာဆောင်ပွဲသို့ဖိတ် ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသော နေရာတွင်မထိုင်နှင့်။ အကယ်၍သင့်ထက်ဂုဏ် မြင့်သူတစ်ဦးအားလည်းဖိတ်ခေါ်ထားခဲ့သော်။-
9 na mwenyeji wenu ninyi wawili atakuja na kukwambia: Mwachie huyu nafasi. Hapo utaaibika mbele ya wote na kulazimika kwenda kuchukua nafasi ya mwisho.
၉ပွဲရှင်သည်သင့်ထံသို့လာ၍ `ဤသူအားနေရာ ဖယ်ပေးလိုက်ပါ' ဟုဆိုပေအံ့။ ထိုအခါသင် သည်အရှက်ရလျက် နိမ့်ကျသည့်နေရာတွင် ထိုင်ရလိမ့်မည်။-
10 Bali ukialikwa kwenye karamu, keti mahali pa mwisho, ili mwenyeji wako atakapokuja akwambie: Rafiki, njoo hapa mbele, mahali pazuri zaidi. Hapo utakuwa umeheshimika mbele ya wote wanaoketi pamoja nawe.
၁၀သို့ဖြစ်၍သင်သည်ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍အနိမ့်ကျဆုံးသောနေရာတွင် ထိုင်လော့။ သို့မှသာပွဲရှင်သည်သင့်ထံလာ၍ `အဆွေသာ၍ကောင်းသောနေရာသို့ကြွပါ' ဟုသင့်အားဆိုလိမ့်မည်။ ထိုအခါသင်သည် ဧည့်ပရိသတ်တို့၏ရှေ့တွင်ဂုဏ်အသရေ ရှိလိမ့်မည်။-
11 Kwa maana yeyote anayejikweza atashushwa, na anayejishusha, atakwezwa.”
၁၁မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
12 Halafu akamwambia na yule aliyemwalika, “Kama ukiwaandalia watu karamu mchana au jioni, usiwaalike rafiki zako au jamaa zako au jirani zako walio matajiri, wasije nao wakakualika nawe ukawa umelipwa kile ulichowatendea.
၁၂ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။-
13 Badala yake, unapofanya karamu, waalike maskini, vilema viwete na vipofu,
၁၃သို့ဖြစ်၍ကျွေးမွေးဧည့်ခံပွဲကိုကျင်းပ သောအခါဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုဖိတ်ခေါ် လော့။-
14 nawe utakuwa umepata baraka, kwa kuwa hao hawana cha kukulipa. Maana Mungu atakupa tuzo lako wakati watu wema watakapofufuka.”
၁၄သို့ဖိတ်ခေါ်လျှင်သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် သင့်အား ပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ သူတော်ကောင်းတို့သေခြင်းမှထမြောက် ရာကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းကိုခံရ လတ္တံ့'' ဟုမိန့်တော်မူ၏။
15 Mmoja wa wale waliokuwa wameketi pamoja na Yesu akasema, “Ana heri mtu yule atakayekula chakula katika Ufalme wa Mungu.”
၁၅ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။
16 Yesu akamjibu, “Mtu mmoja alifanya karamu kubwa, akaalika watu wengi.
၁၆ကိုယ်တော်က ``လူတစ်ယောက်သည်ကျွေးမွေး ဧည့်ခံပွဲကြီးတစ်ရပ်ကိုကျင်းပရန်ဧည့်သည် အမြောက်အမြားကိုဖိတ်ကြား၏။-
17 Wakati wa karamu ulipofika alimtuma mtumishi wake awaambie walioalikwa, Njoni, kila kitu ni tayari.
၁၇အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
18 Lakini wote, kwa namna moja, wakaanza kuomba radhi. Wa kwanza akamwambia mtumishi: Nimenunua shamba, kwa hiyo sina budi kwenda kuliangalia; nakuomba uniwie radhi.
၁၈သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
19 Mwingine akasema: Nimenunua ng'ombe jozi tano wa kulima; sasa nimo njiani kwenda kuwajaribu; nakuomba uniwie radhi.
၁၉အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
20 Na mwingine akasema: Nimeoa mke, kwa hiyo siwezi kuja.
၂၀အခြားတစ်ယောက်က `အကျွန်ုပ်သည်ယခုပင် အိမ်ထောင်ကျသဖြင့်မလာနိုင်ပါ' ဟုဆို၏။-
21 Mtumishi huyo akarudi na kumwarifu bwana wake jambo hilo. Yule mwenye nyumba alikasirika, akamwambia mtumishi wake: Nenda upesi kwenye barabara na vichochoro vya mji, uwalete hapa ndani maskini, viwete, vipofu na waliolemaa.
၂၁အစေခံသည်မိမိ၏အရှင်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင်အမျက်ထွက်၍ `လမ်းမလမ်းကြားသို့ အမြန်သွား၍ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုခေါ်ခဲ့လော့' ဟုအစေခံအားစေခိုင်း၏။-
22 Baadaye, mtumishi huyo akasema: Bwana mambo yamefanyika kama ulivyoamuru, lakini bado iko nafasi.
၂၂မကြာမီအစေခံပြန်ရောက်လာ၍`အရှင်စေ ခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့ရာ တွင်နေရာလပ်ရှိပါသေးသည်' ဟုလျှောက်၏။-
23 Yule bwana akamwambia mtumishi: Nenda katika barabara na vichochoro vya mji uwashurutishe watu kuingia ili nyumba yangu ijae.
၂၃အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-
24 Kwa maana, nawaambieni, hakuna hata mmoja wa wale walioalikwa atakayeonja karamu yangu.”
၂၄ယခင်ကငါဖိတ်ခေါ်ထားသူတစ်ယောက်မျှ ငါ၏ကျွေးမွေးဧည့်ခံပွဲသို့မဝင်ရဟု သင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
25 Hapo, makundi mengi yakawa yanaandamana pamoja na Yesu. Basi, akawageukia akawaambia,
၂၅တစ်နေ့သ၌လူပရိသတ်ကြီးများသည် ကိုယ်တော်နှင့်အတူလိုက်လာကြ၏။ ကိုယ်တော် သည်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင်၊-
26 “Mtu yeyote akija kwangu, asipowachukia baba na mama yake, mke wake, watoto, ndugu na dada zake, naam, hata na nafsi yake mwenyewe, hawezi kuwa mwanafunzi wangu.
၂၆``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
27 Mtu asipochukua msalaba wake na kunifuata hawezi kuwa mwanafunzi wangu.
၂၇မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။-
28 Kwa maana, ni nani miongoni mwenu ambaye akitaka kujenga mnara hataketi kwanza akadirie gharama zake ili ajue kama ana kiasi cha kutosha cha kumalizia?
၂၈သင်တို့အနက်အဘယ်သူသည်မျှော်စင်တစ်ခု ကိုတည်ဆောက်မည်ကြံပြီးနောက်မျှော်စင်ပြီး အောင်တည်ဆောက်ရန် မိမိ၌ငွေအလုံအလောက် ရှိမရှိကိုသိရန်ဦးစွာထိုင်၍တွက်ချက်မ ကြည့်ဘဲနေပါမည်နည်း။-
29 La sivyo, baada ya kuweka msingi na kushindwa kumaliza, watu watamcheka
၂၉ထိုသို့တွက်ချက်မကြည့်ဘဲမျှော်စင်ကိုအုတ် မြစ်ချ၍အဆုံးမသတ်နိုင်ရှိချေသော် ကြည့် မြင်သူအပေါင်းတို့သည်ထိုသူအားပြောင် လှောင်ကြလိမ့်မည်။-
30 wakisema: Mtu huyu alianza kujenga, lakini hakumalizia.
၃၀`ဤသူကားတည်ဆောက်မှုကိုအစပြု၏။ သို့ရာတွင်အဆုံးမသတ်နိုင်ပါတကား' ဟုဆိုကြလိမ့်မည်။-
31 “Au, ni mfalme gani ambaye, akitaka kwenda kupigana na mfalme mwingine, hataketi kwanza chini na kufikiri kama ataweza, kwa askari wake elfu ishirini?
၃၁အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-
32 Kama anaona hataweza, atawatuma wajumbe kutaka masharti ya amani wakati mfalme huyo mwingine angali mbali.
၃၂အကယ်၍မခုခံနိုင်ပါလျှင်သူသည်စစ်ချီ လာသောဘုရင်အဝေး၌ရှိနေသေးစဉ် သံ တမန်များကိုစေလွှတ်၍စစ်ပြေငြိမ်းရေး စကားကမ်းလှမ်းရပေလိမ့်မည်။-
33 Vivyo hivyo, basi, hakuna hata mmoja wenu atakayekuwa mwanafunzi wangu kama asipoachilia kila kitu alicho nacho.
၃၃ထိုနည်းတူစွာသင်တို့အနက် မည်သူမဆို မိမိ၌ရှိသမျှကိုမစွန့်လျှင်ငါ၏တပည့် မဖြစ်နိုင်။
34 “Chumvi ni nzuri; lakini ikipoteza ladha yake, itakolezwa na nini?
၃၄``ဆားသည်ကောင်းပေ၏။ သို့ရာတွင်ဆားမှ အငန်ကင်းပျောက်လျှင် အဘယ်သို့မျှငန်သော အရသာကိုပြန်၍မရနိုင်။-
35 Haifai kitu wala kwa udongo wala kwa mbolea. Watu huitupilia mbali. Sikieni basi, kama mna masikio!”
၃၅လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။