< Sefania 1 >

1 Hili ni neno la Yahwe ambalo lilikuja kwa Sefania mwana wa Kushi mwana wa Gedalia mwana wa Amaria mwana Hezekia, katika siku za Yosia mwana wa Amoni, mfalme wa Yuda. “
ဤဗျာဒိတ်တော်သည်အာမုန်၏သား၊ ယုဒ ဘုရင်ယောရှိလက်ထက်၌ဇေဖနိအား ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ (ဇေဖနိကားဟိဇကိမင်းမျိုး ဝင်အာမရိ၊ ဂေဒလိနှင့်ကုရှိတို့မှဆင်း သက်လာသူတည်း။)
2 Nitaangamiza kabisa kila kitu kutoka usoni mwa dunia - hili ni tamko la Bwana mwenyewe.
ထာဝရဘုရားက``ငါသည်လူများ၊ တိရစ္ဆာန် များ၊ ငှက်များနှင့်ငါးများပါမကျန်၊ ကမ္ဘာ ပေါ်တွင်ရှိသမျှသောအရာတို့ကိုသုတ် သင်ဖျက်ဆီးမည်။ သူယုတ်မာတို့ကိုပြိုလဲ ပျက်စီးစေမည်။ လူသားအားလုံးကိုငါ ဖျက်ဆီးမည်။ အသက်မသေဘဲတစ်ယောက် မျှကျန်လိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
3 Nitamwangamiza mtu na mnyama; Nitawaangamiza ndege wa mbinguni na samaki wa baharini, uharibifu pamoja na waovu. Hivyo nitamfutilia mbali mtu kutoka uso wa dunia - hili ni tamko la Bwana mwenyewe.
4 Nitafika kwa mkono wangu juu ya Yuda na wote wenyeji wa Yerusalemu. Nitafutilia mbali kila mabaki ya Baali kutoka sehemu hii na majina ya watu waabuduo sanamu miongoni mwa makuhani,
``ငါသည်ယေရုရှလင်မြို့နှင့်ယုဒပြည် ရှိလူအပေါင်းကိုဖျက်ဆီးချေမှုန်းမည်။ ထိုအရပ်တွင်ဗာလဘုရားအားကိုးကွယ် ဝတ်ပြုမှုကိုအစတုန်းစီရင်မည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူမျှထိုဘုရား ထံအစေအပါးခံခဲ့သောတပည့်များ ကိုအောက်မေ့သတိရကြတော့မည်မဟုတ်။
5 watu ambao juu ya nyumba huabudu miili ya mbinguni, na watu ambao huabudu na kuapa kwa Yahwe bali ambao pia huapa kwa mfalme wao.
အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
6 Nitawafutilia mbali pia wale ambao wamegeuka nyuma kutoka kumfuata Yahwe, wale ambao pia humtafuta Yahwe pasipo kuuliza ulinzi wake.
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
7 Uwe kimya mbele ya Bwana Yahwe! Kwa kuwa siku ya Yahwe ni karibu, Yahwe ameandaa dhabihu na amewatenga wageni wake.
``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။
8 “Itakuja katika siku ya dhabihu ya Bwana, hivyo nitawapiga wakuu na wana wa mfalme, na kila mmoja aliyevikwa mavazi ya kigeni.
ထာဝရဘုရာက``ထိုသို့သတ်ဖြတ်ရာ နေ့ရက်ကာလကျရောက်လာသောအခါ၊ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့်လူ မျိုးခြားဓလေ့ထုံးစံကိုကျင့်သုံးသူတို့ အားအပြစ်ဒဏ်ခတ်မည်။
9 Katika siku hiyo nitawapiga wote wale ambao huruka juu ya kizingiti, wale ambao hujaza nyumba ya bwana wao kwa vurugu na udanganyifu.
ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
10 Itakuwa katika siku ile - hili ni tangazo la Yahwe - kwamba kilio cha huzuni kitakuja kutoka kwenye mlango wa samaki, ikipiga yowe kutoka Wilaya ya Pili, na sauti ya kishindo kikuu kutoka vilimani.
၁၀ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။
11 Pigeni yowe, wenyeji wa Soko la Wilaya, kwa wote wafanyabiashara watakuwa wameharibiwa, wote wale ambao hupima fedha watakuwa wamefutiliwa mbali.
၁၁မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။
12 Itakuwa katika siku ile nitaitafuta Yerusalemu kwa taa na kuwapiga wanaume ambao watakuwa wamekaa kwenye mvinyo wao na kusema mioyoni mwao, 'Yahwe hatafanya chochote, ama kizuri au kiovu.'.
၁၂``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
13 Mali zao zitakuja kuporwa, na nyumba zao zitakuwa zimetelekezwa kwa maangamizi! Watajenga nyumba lakini hawataishi humo, na kupanda mizabibu lakini hawatakunywa mvinyo wake.
၁၃သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
14 Siku kubwa ya Yahwe ni karibu, karibu na inaharakisha upesi! Sauti ya siku ya Yahwe itakuwa ya kilio cha uchungu wa kishujaa!
၁၄ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။
15 Siku hiyo itakuwa siku ya ghadabu, siku ya huzuni na uchungu, siku ya dhoruba na maangamizi, siku ya giza na utusitusi, siku ya mawingu na giza nene.
၁၅ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
16 Itakuwa siku ya parapanda na kengele dhidi ya ngome mijini na buruji ndefu.
၁၆ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
17 Hivyo nitaleta dhiki juu ya wanadamu, kwa hiyo watatembea karibu kama wanaume vipofu tangu walipofanya dhambi dhidi ya Yahwe. Damu yao itamwagwa kama vumbi, na sehemu zao za ndani kama kinyesi.
၁၇ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
18 Wala fedha zao wala dhahabu zao hazitaweza kuwaokoa juu ya ghadhabu ya Yahwe. Ndani ya moto wa wivu wake dunia yote itateketezwa, hivyo ataleta ukamilifu, miwisho wa kutisha kwa wote wakaao duniani.”
၁၈ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။

< Sefania 1 >