< Zekaria 14 >

1 Tazama! Siku ya Yahwe inakuja wakati mateka wenu watakapogawanywa katikati yenu.
ထာဝရဘုရား၏နေ့ရက်သည် ရောက်သော အခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လုယူ၍ သင့် အလယ်၌ ဝေဖန်ကြလိမ့်မည်။
2 Kwa maana nitayakusanya mataifa yote kinyume cha Yerusalemu kwa vita na mji utatekwa. Nyumba zitatekwa na wanawake watabakwa. Nusu ya mji itapelekwa matekani, lakini kumbukumbu ya watu haitaondolewa mjini.
ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတဝက်ကို သိမ်းသွား၍ တဝက်သာမြို့၌ ကျန် ကြွင်းလိမ့်မည်။
3 Lakini Yahwe ataondoka na kufanya vita dhidi ya mataifa kama apigavyo vita katika siku ya vita.
ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။
4 Siku hiyo miguu yake itasimama juu ya Mlima wa Mizeituni, uliopo kando ya Yerusalemu upande wa mashariki. Mlima wa Mizeituni utagawanyika katikati kati ya mashariki na magharibi kwa bonde kubwa sana na nusu ya mlima itarudi nyuma kuelekea kaskazini na nusu kuelekea kusini.
ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။
5 Ndipo mtakapokimbia katika bonde kati ya milima ya Yahwe, kwa kuwa bonde kati ya hiyo milima litafika hata Azali. Mtakimbia kama siku mliyokimbia tetemeko la nchi siku za Uzia, mfalme wa Yuda. Ndipo Yahwe Mungu wangu atakapokuja na watakatifu wake wote.
သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။
6 Hakutakuwa na nuru katika siku hiyo, lakini hakuna baridi wala barafu.
ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည်။
7 Siku hiyo, siku aijuaye Yahwe peke yake, hakutakuwa tena na mchana wala usiku, kwani jioni itakuwa wakati wa nuru.
နေ့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။
8 Siku hiyo maji yaliyo hai yatatiririka kutoka Yerusalemu. Nusu yake yatatiririka kuelekea bahari ya mashariki na nusu bahari ya magharibi, wakati wa masika na wakati wa kiangazi.
ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ ပင်လယ်သို့တဝက်၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည်။
9 Yahwe atakuwa mfalme juu ya dunia yote. Katika siku hiyo kutakuwa na Yahwe, Mungu mmoja, na jina lake pekee.
ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။
10 Nchi yote itakuwa kama Araba, kuanzia Geba hadi Rimoni kusini mwa Yerusalemu. Na Yerusalemu itaendelea kuwa juu. Ataishi mahali pake mwenyewe, kutoka lango la Benjamini hata mahali lilipokuwa lango la kwanza, hata Lango la Pembeni, na kutoka Mnara wa Hananeli hata shinikizo la mfalme.
၁၀ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့ထောင့်တံခါးတိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
11 Watu watakaa Yerusalemu na hakutakuwa na maangamizi kamili tena kutoka kwa Mungu dhidi yao. Yerusalemu itakuwa salama.
၁၁နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည်။
12 Hii itakuwa tauni ambayo kwayo Yahwe atawapiga jamaa zote za watu wapigao vita juu ya Yerusalemu: miili yao itaoza hata wakiwa wamesimama kwa miguu yao. Macho yao yataoza katika matundu yake na ndimi zao zitaoza katika vinywa vyao.
၁၂ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။
13 Siku hiyo ile hofu kuu kutoka kwa Yahwe itakuwa miongoni mwao. Kila mmoja ataushika mkono wa mwingine, na mkono wa mwingine utainuliwa kinyume cha mkono wa mwenzake.
၁၃ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကြလိမ့်မည်။
14 Yuda pia atapigana na Yerusalemu. Watakusanya utajiri wa mataifa yote yanayowazunguka - dhahabu, fedha, na wingi wa nguo safi.
၁၄ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။
15 Tauni itakuwa pia juu ya farasi na nyumbu, ngamia na punda, na kila mnyama katika kambi hizo atapigwa kwa hilo pigo.
၁၅မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16 Kisha itakuwa wote watakaosalia katika mataifa yaliyo kinyume na Yerusalemu watakwenda mwaka kwa mwaka kumwabudu mfalme, Yahwe wa majeshi, na kutunza Sikukuu ya Vibanda.
၁၆ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။
17 Na itakuwa kwamba ikiwa mtu yeyote kutoka katika mataifa yote ya dunia haendi Yerusalemu kumwabudu mfalme, Yahwe wa majeshi, ndipo Yahwe hataleta mvua juu yao.
၁၇ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။
18 Na ikiwa nchi ya Misri hawatakwenda, ndipo hawatapata mvua. Tauni kutoka kwa Yahwe itayashambulia mataifa yote yasiyokwea kutunza Sikukuu ya Vibanda.
၁၈အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
19 Hii itakuwa ni adhabu kwa Misri na adhabu kwa kila taifa lisilopanda kutunza Sikukuu ya Vibanda.
၁၉ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။
20 Lakini katika siku hiyo, kengele za farasi zitasema, “Jitengeni kwa ajili ya Yahwe,” na makalai katika nyumba ya Yahwe yatakuwa kama mabakuri mbele ya madhabahu.
၂၀ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။
21 Kwa kuwa kila chungu katika Yerusalemu na Yuda kitatengwa kwa ajili ya Yahwe wa majeshi na kila mmoja aletaye sadaka atakula ndani yake na kuyachemshia. Hakutakuwa na wafanyabiashara tena katika nyumba ya Yahwe wa majeshi siku hiyo.
၂၁ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။

< Zekaria 14 >