< Ufunuo 3 >
1 Kwa malaika wa kanisa la Sardi andika: 'Maneno ya yule anayeshikilia zile roho saba za Mungu na nyota saba. “Najua ambacho umefanya. Una sifa ya kuwa hai, lakini u-mfu.
၁``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
2 Amka na kuimarisha yaliyosalia, lakini yako karibu kufa, kwa sababu sikuyaona matendo yako yamekamilika machoni pa Mungu wangu.
၂သို့ဖြစ်၍နိုးထလော့။ သင်၏ကျန်ရှိနေသေး သည့်အသက်မချုပ်ငြိမ်းမီအင်အားဖြည့် တင်း၍ပေးလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှေ့တော်၌အပြစ်ဆို စရာရှိသေးသည်ကိုငါတွေ့မြင်ရသည်။-
3 Kwa hiyo, kumbuka, yale uliyoyapokea na kusikia. Yatii na kutubu. Lakini usipoamka, nitakuja kama mwivi, na hutajua saa ipi nitakayokuja juu yako.
၃ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။-
4 Lakini kuna majina machache ya watu katika Sardi ambao hawakuchafua nguo zao. Watatembea pamoja nami, wamevaa nguo nyeupe, kwa sababu wanastahili.
၄သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-
5 Yeye ashindaye atavikwa mavazi meupe, na kamwe sitalifuta jina lake kutoka katika kitabu cha uzima, na nitalitaja jina lake mbele ya Baba yangu, na mbele ya malaika.
၅အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။
6 Ukiwa na sikio, sikiliza Roho ayaambiavyo makanisa.”
၆``အသင်းတော်တို့အားဝိညာဉ်တော်မိန့် တော်မူသောစကားများကိုကြားတတ် သောနားရှိသူတို့ကြားပါစေ။
7 “Kwa malaika wa kanisa la Philadefia andika: Maneno ya aliye mtakatifu na kweli - aliye na funguo za Daudi, hufungua na hakuna afungaye, hufunga na hakuna awezaye kufungua.
၇``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-
8 Najua ambacho umetenda. Tazama, nimekuwekea mbele yako mlango uliofunguliwa ambao hakuna awezaye kuufunga. Najua unazo nguvu kidogo, lakini umelitii neno langu na hujalikana jina langu.
၈သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။-
9 Angalia! Wote walio wa sinagogi la shetani, wale wasemao wao ni Wayahudi na kumbe siyo, badala yake wanadanganya. Nitawafanya waje na kusujudu mbele ya miguu yako, na watajua ya kuwa nilikupenda.
၉နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
10 Kwa kuwa umetunza amri yangu kwa uvumilivu wa uthabiti, nitakulinda pia katika saa yako ya kujaribiwa ambayo inakuja katika ulimwengu wote, kuwajaribu wale wote wanaoishi katika nchi.
၁၀သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
11 Naja upesi. Shikilia sana kile ulichonacho ili asiwepo mtu wa kuitwaa taji yako.
၁၁ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-
12 Nitamfanya yeye ashindaye kuwa nguzo katika hekalu la Mungu wangu, na hatatoka nje kamwe. Nitaliandika kwake jina la Mungu wangu, jina la mji wa Mungu wangu (Yerusalemu mpya, ushukao chini toka mbinguni kwa Mungu wangu), na jina langu jipya.
၁၂အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။
13 Yeye aliye na sikio, na asikie ambacho Roho anasema kwa makanisa.'
၁၃``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သောနား ရှိသူတို့ကြားပါစေ။
14 “Kwa malaika wa kanisa la Laodikia andika: 'Maneno yake aliye Amina, wakutegemewa na shahidi mwaminifu, mtawala juu ya uumbaji wa Mungu.
၁၄``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
15 Najua ambacho umefanya, na kwamba wewe si baridi wala moto, natamani kwamba ungekuwa wa baridi au moto!
၁၅သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။-
16 Hivyo, kwa sababu wewe ni vuguvugu, si moto wala baridi, nitakutapika utoke kinywani mwangu.
၁၆သို့ရာတွင်သင်သည်မပူမအေးနွေးရုံသာရှိ သဖြင့် သင့်အားငါ၏ခံတွင်းမှထွေးထုတ်မည်။-
17 Kwa kuwa unasema, “Mimi ni tajiri, nimekuwa na mali nyingi, na sihitaji chochote.” Lakini hujui kwamba wewe ni duni sana, wakuhuzunikiwa, maskini, kipofu na uchi.
၁၇``ငါသည်ချမ်းသာကြွယ်ဝ၏။ ငါ့မှာလိုလေ သေးမရှိ'' ဟုသင်ဆို၏။ သို့ရာတွင်မိမိသည် အဘယ်မျှဆင်းရဲငြိုငြင်သနားစရာကောင်း သည်ကိုသင်သိ၏။ သင်သည်ချို့တဲ့လျက်၊ မျက် စိကန်းလျက်အဝတ်အချည်းစည်းဖြစ်လျက် နေပါသည်တကား။-
18 Sikiliza ushauri kwangu: Nunua kwangu dhahabu iliyosafishwa kwa moto ili upate kuwa tajiri, na nguo nyeupe za kumetameta ili ujivike mwenyewe na usioneshe aibu ya uchi wako, na mafuta ya kupaka katika macho yako upate kuona.
၁၈သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။-
19 Kila nimpendaye, namwelekeza na kuwafundisha namna iwapasavyo kuishi; kwa hiyo, kuwa mkweli na kutubu.
၁၉ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-
20 Tazama nasimama katika mlango na kubisha. Yeyote asikiaye sauti yangu na kufungua mlango, nitakuja na kuingia nyumbani kwake, na kula chakula naye na yeye pamoja nami.
၂၀နားထောင်လော့။ ငါသည်တံခါးရှေ့တွင်ရပ်၍ တံခါးခေါက်လျက်နေ၏။ ငါ၏အသံကိုကြား ၍တံခါးကိုဖွင့်သောသူ၏အိမ်သို့ငါဝင်ပြီး လျှင်သူနှင့်အတူစားသောက်မည်။ သူသည် လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။-
21 Yeye ashindaye, nitampa haki ya kukaa chini pamoja nami juu ya kiti changu cha enzi, kama vile mimi nilivyoshinda na kukaa chini pamoja na Baba yangu juu ya kiti chake cha enzi.
၂၁ငါသည်အောင်မြင်၍ငါ့ခမည်းတော်၏ပလ္လင် ပေါ်မှာကိုယ်တော်နှင့်အတူထိုင်နေသကဲ့သို့ အောင်မြင်သူအားပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်ရသောအခွင့်ကိုငါပေးမည်။
22 Yeye aliye na sikio, na asikilize ambacho Roho ayaambia makanisa.”
၂၂``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။