< Zaburi 97 >

1 Yahwe anatawala; nchi ishangilie; visiwa vingi na vifurahi.
ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီး သည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်း ကြစေ။
2 Mawingu na giza vyamzunguka. Haki na hukumu ndio msingi wa kiti chake.
မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား ၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာ ဖြစ်၏။
3 Moto huenda mbele zake nao huwateketeza adui zake pande zote.
မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့် လှည့်လောင်လေ၏။
4 Taa yake huangaza ulimwengu; nchi huona na kutetemeka.
လျှပ်စစ်တော်သည် လောကဓါတ်ကို လင်းစေ ၏။ မြေကြီးသည် မြင်၍တုန်လှုပ်၏။
5 Milima huyeyuka kama nta mbele za Yahwe, Bwana wa dunia yote.
ထာဝရဘုရားရှေ့၊ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။
6 Mbingu hutangaza haki yake, na mataifa yote huuona utukufu wake.
ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်း ကင်တို့သည် ထင်ရှားစွာပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။
7 Wale wote waabuduo sanamu za kuchonga wataaibishwa, wale wanao jivuna katika sanamu zisizo na maana mpigieni yeye magoti, enyi miungu wote!
ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီး သက်သက်သောအရာ၌ ဝါကြွားသောသူ အပေါင်းတို့ သည် အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့၊ ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့။
8 Sayuni ilisikia na kufurahi, na miji ya Yuda ilishangilia kwa sababu ya amri zako za haki, Yahwe.
အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင် တော်မူချက်တို့အကြောင်းကြောင့်၊ ဇိအုန်မြို့သည်ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြ ပါ၏။
9 Kwa kuwa wewe, Yahwe, ndiye uliye juu sana, juu ya nchi yote. Umetukuka sana juu ya miungu yote.
အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။
10 Ninyi ambao mnampenda Yahwe, chukieni uovu! Yeye hulinda uhai wa watakatifu wake, naye huwatoa mikononi mwa waovu.
၁၀ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်း သောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူတို့ ၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသော သူတို့၏လက်မှလည်း ကယ်နှုတ်တော်မူ၏။
11 Nuru imepandwa kwa ajili ya wenye haki na furaha kwa ajili ya wanyoofu wa moyo.
၁၁အလင်းသည် တရားသောသူအဘို့၊ ဝမ်းမြောက် ခြင်းသည် သဘောဖြောင့်သော သူတို့အဘို့ ပျိုးကြဲလျက် ရှိ၏။
12 Furahini katika Yahwe, enyi wenye haki; na mpeni shukurani mkumbukapo utakatifu wake.
၁၂ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။

< Zaburi 97 >