< Zaburi 82 >

1 Mungu amesimama katika kusanyiko la mbinguni; katikati ya miungu anahukumu.
ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ ၏။
2 Hata lini mtahukumu bila haki na kuonesha upendeleo kwa waovu? (Selah)
သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
3 Wateteeni maskini na yatima; dumisheni haki kwa aliyetaabishwa na fukara.
ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။
4 Muokoeni maskini na muhitaji; watoeni mkononi mwa waovu.
ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ၏လက်မှ ကယ်နှုတ်ကြလော့။
5 Hawajui wala hawaelewi; hutembea gizani; misingi yote ya nchi imebomoka.
သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
6 Mimi nilisema, “Ninyi ni miungu, na ninyi nyote wana wa Mungu aliye Juu.
သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြ၏ဟုငါဆိုသတည်း။
7 Hata hivyo mtakufa kama wanadamu na mtaanguka kama mmoja wa wakuu.”
သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။
8 Uinuke, Ee Mungu, uihukumu nchi, maana unaurithi katika mataifa yote.
အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင် တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ၏။

< Zaburi 82 >