< Zaburi 47 >

1 Pigeni makofi, enyi watu wote; mpigieni Mungu kelele za ushindi.
လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့်၍ကြွေးကြော်ကြလော့။
2 Kwa maana Yahwe Aliye Juu anatisha; ni Mfalme mkuu dunia yote.
အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။
3 Yeye anawatiisha chini yetu na mataifa chini ya miguu yetu.
လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း နှိမ့်ချတော်မူ၏။
4 Yeye huchagua urithi kwa ajili yetu, utukufu wa Yakobo ambaye alimpenda. Serah
ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ၏။
5 Mungu ameinuliwa juu kwa shangwe, Kwa mbiu ya shangwe Yahwe yu juu.
ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။
6 Mwimbieni Mungu sifa, imbeni sifa; mwimbieni sifa Mfalme wetu, imbeni sifa.
ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။
7 Kwa maana Mungu ni Mfalme duniani kote; mwimbieni mkiwa na uelewa.
အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့။
8 Mungu anatawala mataifa yote; Mungu hukaa kwenye kiti cha enzi.
ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
9 Wakuu wa watu wamekusanyika pamoja kwa watu wa Mungu wa Ibrahimu; kwa kuwa ngao za duniani ni za Mungu; yeye ameinuliwa juu sana.
လူမျိုးတို့၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ၏။

< Zaburi 47 >