< Zaburi 45 >

1 Moyo wangu unafurika kwa neno zuri; nitasoma kwa sauti maneno niliyo yaandika kuhusu mfalme; ulimi wangu ni kalamu ya mwandishi mwenye ustadi.
မင်း​ကြီး​၏​အ​တွက်​ဤ​သီ​ချင်း​ကို​ငါ​ရေး​စပ်​နေ​စဉ် ငါ​၏​စိတ်​နှ​လုံး​သည်​မင်္ဂလာ​စ​ကား​များ​နှင့် ပြည့်​လျှံ​လျက်​ရှိ​ပါ​၏။ ငါ​၏​နှုတ်​သည်​စာ​ရေး​ဆ​ရာ​ကောင်း​တစ် ယောက်​၏ က​လောင်​နှင့်​တူ​ပါ​၏။
2 Wewe u mzuri sana kuliko mwanadamu yeyote; neema imemiminwa midomoni mwako; Kwa hiyo tunajua ya kuwa Mungu amekubariki milele.
အ​ရှင်​မင်း​ကြီး​သည်​လူ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​ပါ​၏။ မွန်​မြတ်​သော​စ​ကား​ကို​မိန့်​မြွက်​တော်​မူ​တတ်​ပါ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​စဉ်​ခံ​စား​တော်​မူ​ရ​ပါ​၏။
3 Weka upanga wako upande wako, wewe uliye mwenye nguvu, katika utukufu wako na enzi yako.
တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်၊​ဋ္ဌား​တော်​ကို တပ်​ဆင်​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။
4 Katika enzi yako enenda katika ushindi kwa sababu ya uaminifu, upole, na haki; mkono wako wa kuume utakufundisha mambo ya kutisha.
သစ္စာ​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​စိုး​မိုး​ရေး အ​တွက် ဘုန်း​အ​သ​ရေ​တော်​နှင့်​တ​ကွ​ချီ​တက်​တိုက် ခိုက်​၍ အောင်​ပွဲ​ခံ​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​စွမ်း​ရည်​အား​ဖြင့် အောင်​ပွဲ​ကြီး​များ​ကို​ခံ​ရ​ပါ​လိမ့်​မည်။
5 Mishale yako ni mkali; watu huanguka chini yako; mishale yako imo ndani ya mioyo ya adui za mfalme.
မြား​တော်​တို့​သည်​ထက်​သည်​ဖြစ်​၍​ရန်​သူ​တို့​၏ နှ​လုံး​သား​ကို​ထိုး​ဖောက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​ခြေ​တော်​ရင်း​၌​လဲ​ကြ ပါ​၏။
6 Kiti chako cha enzi, Mungu ni cha milele na milele; na fimbo ya haki ni fimbo ya utawala wako.
အ​ရှင်​မင်း​ကြီး​အား​ဘု​ရား​သ​ခင် ပေး​အပ်​တော်​မူ​သော​ရာ​ဇ​ပလ္လင်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​တိုင်း​နိုင်​ငံ​ကို တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​ပါ​၏။
7 Umeipenda haki na kuchukia uovu; kwa hiyo Mungu, Mungu wako, amekupaka mafuta ya furaha kuliko wenzako.
အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။
8 Mavazi yako yote hunukia manemane, udi, na mdalasini; kukoka katika majumba ya pembe vyombo vya muziki wa nyuzi vimekufurahisha.
အ​ရှင်​မင်း​ကြီး​၏​ဝတ်​လဲ​တော်​တို့​သည် မု​ရန်၊အ​ကျော်၊ သစ်​ကြ​ပိုး​ရနံ့​တို့​ဖြင့်​မွှေး​ကြိုင်​လျက်​ရှိ​ပါ​၏။ ဂီ​တ​ပ​ညာ​သည်​တို့​သည်​ဆင်​စွယ်​နန်း​တော်​များ​တွင် အ​ရှင်​မင်း​ကြီး​အား​ဖျော်​ဖြေ​ကြ​ပါ​၏။
9 Binti za wafalme ni kati ya wake zako waheshimiwa; na mkono wako wa kuume amesimama malikia aliye vaa mavazi ya dhahabu ya Ofiri.
အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။
10 Sikiliza, mwanangu, tafakari na utege sikio lako; uwasahahu watu wako na watu wa nyumba ya baba yako.
၁၀အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။ သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။
11 Hivyo mfalme atautamani uzuri wako; yeye ni Bwana wako; umstahi.
၁၁သင်​၏​လှ​ပ​သော​အ​ဆင်း​သည်​မင်း​ကြီး​အား သင့်​ကို​နှစ်​သက်​စွဲ​လန်း​စေ​လိမ့်​မည်။ မင်း​ကြီး​သည်​သင်​၏​အ​ရှင်​သ​ခင်​ဖြစ်​သ​ဖြင့် သင်​သည်​သူ​၏​စ​ကား​ကို​နား​ထောင်​ရ​မည်။
12 Binti wa Tiro atakuwepo akiwa na zawadi; matajiri kati wa watu watajipendekeza kwako.
၁၂တု​ရု​ပြည်​သား​တို့​သည်​သင့်​ထံ​မှ​မျက်​နှာ ရ​အောင် ကြိုး​စား​ကြ​လိမ့်​မည်။ ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​သင့်​ထံ​မှ မျက်​နှာ​ရ​အောင်​ကြိုး​စား​ကြ​လိမ့်​မည်။
13 Binti mfalme katika jumba la kifahari ana utukufu wote; mavazi yake yametengenezwa kwa dhahabu.
၁၃မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။ သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။ သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။
14 Naye ataongozwa kwa mfalme akiwa katika mavazi ya dhahabu; mabikra, wenzake wanoumfuata, wataletwa kwako mafalme.
၁၄သူ​သည်​အ​ရောင်​အ​ဝါ​တောက်​ပ​သည့် အ​ဝတ်​တန်​ဆာ​ကို​ဝတ်​ဆင်​ထား​၏။ သူ့​ကို​အ​ပျို​ရံ​များ​လိုက်​ပါ​လျက်​မင်း​ကြီး ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။ အ​ပျို​ရံ​များ​ကို​လည်း​မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။
15 Wao wataongozwa kwa furaha na shangwe; wataingia mahali pa mfalme.
၁၅သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ လာ​ရောက်​ကြ​ပြီး​လျှင်​မင်း​ကြီး​၏​နန်း​တော်​သို့ ဝင်​ကြ​၏။
16 Katika mahali pa baba zako watoto wako watakuwepo, ambao wewe utawafanya kuwa wakuu katika nchi yote.
၁၆ကျွန်​တော်​မျိုး​၏​အ​ရှင်​မင်း​မြတ်၊​ဘိုး​တော် တို့​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​အ​တွက် အ​ရှင်​မင်း​ကြီး​မှာ​သား​ရ​တ​နာ​မြောက်​မြား​စွာ ထွန်း​ကား​ပါ​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​တွင် စိုး​မိုး​အုပ်​ချုပ်​မင်း​လုပ်​စေ​တော်​မူ​လိမ့်​မည်။
17 Nami nitalifanya jina lako kukumbukwa katika uzao wote; kwa hiyo watu watakushukuru milele na milele.
၁၇ကျွန်​တော်​မျိုး​၏​သီ​ချင်း​သည်​အ​ရှင်​မင်း ကြီး​အား ထာ​ဝ​စဉ်​ထင်​ပေါ်​ကျော်​ကြား​စေ​ပါ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​လည်း​အ​ရှင်​မင်း​ကြီး​အား ကာ​လ​အ​စဉ်​အ​ဆက်​ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။

< Zaburi 45 >