< Zaburi 36 >

1 Dhambi hunena kama unabii katika moyo wa mwovu; machoni mwake hamna hofu ya Mungu.
ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။
2 Kwa maana yeye hujifariji mwenyewe, akifikiria kuwa dhambi zake hazitagundulika na kuchukiwa.
သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။
3 Maneno yake ni yenye dhambi na udanganyifu; hataki kuwa mwenye hekima na kutenda mema.
သူပြောသောစကားသည် အဓမ္မစကား၊ လှည့် စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ။
4 Alalapo kitandani, hupanga namna ya kutenda dhambi; yeye hukaa nje kwenye nja ya uovu; yeye hakatai uovu.
အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ။
5 Uaminifu wa agano lako, Yahwe, unafika mbinguni; uaminifu wako unafika mawinguni.
အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
6 Haki yako ni kama milima ya Mungu; hukumu yako ni kama kina kirefu. Yahwe, wewe huwahifadhi wote wanadamu na wanyama.
ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာ သောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက် တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရာဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော် မူ၏။
7 Ni jinsi gani uaminifu wa aganao lako ni wa thamani, Mungu! Watu hukimbilia usalama chini ya uvuli wa mbawa zako.
အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။
8 Nao watatoshelezwa tele na utajiri wa chakula nyumbani mwako; utawafanya wanywe kutoka katika mto wa baraka zako za thamani.
အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ၏။
9 Kwa kuwa mna chemichemi ya uzima; na katika mwanga wako tutaiona nuru.
အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက် စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကို ရကြပါ၏။
10 Uupanue uaminifu wa agano lako kikamilifu kwa wale wanao kujua wewe, ulinzi wako uwe juu ya wanyoofu wa moyo.
၁၀ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာ တော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည်မြဲတည်စေတော်မူပါ။
11 Usiuache mguu wa mwenye kiburi unisogelee. Usiiache mkono wa mwovu unitoweshe.
၁၁မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါ စေနှင့်။
12 Kule wafanyao maovu wameanguka; wameharibiwa hawawezi kuinuka.
၁၂ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့်၊ တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ။

< Zaburi 36 >