< Zaburi 29 >

1 Mpeni sifa Yahwe, enyi wana wa Mungu! Mpeni sifa Yahwe kwa ajili ya utukufu wake na nguvu.
အို ကောင်း​ကင်​သား​တို့၊​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
2 Mpeni Yahwe utukufu ambao jina lake linastahili. Mpigieni magoti Yahwe katika mapambo ya utakatifu.
ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။
3 Sauti ya Yahwe imesikika zaidi ya maji; Mungu wa radi ya utukufu, radi yaYahwe i juu ya maji mengi.
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ပင်​လယ်​များ​ပေါ်​တွင်​ထွက်​ပေါ်​လာ​၏။ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ချုန်း​တော်​မူ​၏။ အ​သံ​တော်​သည်​သ​မုဒ္ဒ​ရာ​ပေါ်​တွင်​ပဲ့​တင်​ထပ် လေ​၏။
4 Sauti ya Yahwe ina nguvu; sauti ya Yahwe ni kuu.
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​ထွက်​ပေါ် လာ​၏။ ထို​အ​သံ​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော်​နှင့် ပြည့်​စုံ​၏။
5 Sauti ya Yahwe huivunja mierezi; Yahwe huivunja vipande vipande mierezi ya Lebanon.
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။
6 Yeye huifanya Lebanoni kuruka kama ndama wa ng'ombe na Sirioni kama mwana wa nyati.
ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​တို့​ကို နွား​သူ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​စေ​တော် မူ​၏။ ဟေ​ရ​မုန်​တောင်​ကို​လည်း​နွား​သိုး​ပျို​ကဲ့​သို့ ခုန်​စေ​တော်​မူ​၏။
7 Sauti ya Yahwe hutoa miale ya moto.
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​အ​လင်း ရောင်​ကို ပေါ်​ထွက်​စေ​တော်​မူ​၏။
8 Sauti ya Yahwe hutetemesha Jangwa; Yahwe hutetemesha jangwa la Kadeshi.
ကိုယ်​တော်​၏​အ​သံ​တော်​သည်​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကာ​ဒေ​ရှ​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။
9 Sauti ya Yahwe huufanya miti mikubwa kutikisika na huipukutisha misitu. Kila mmoja katika hekalu lake husema, “Utukufu!”
ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ဝက်​သစ်​ချ​ပင်​တို့​ကို​တုန်​လှုပ်​စေ​တော်​မူ​၍ သစ်​ပင်​များ​မှ​အ​ရွက်​ရှိ​သ​မျှ​ကို​ကြွေ​စေ တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်``ဘု​ရား​သ​ခင်​သည်​ဘုန်း အ​သ​ရေ ထွန်း​တောက်​တော်​မူ​စေ​သ​တည်း'' ဟု ဗိ​မာန်​တော်​တွင်​လူ​အ​ပေါင်း​တို့​ကြွေး​ကြော် ကြ​၏။
10 Yahwe hukaa kama mfalme juu ya mafuriko; Yahwe hukaa kama mfalme milele.
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​နက်​ရာ​တို့​တွင်​စိုး​စံ တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​အ​ဖြစ်​ဖြင့် စိုး​စံ​တော်​မူ​၏။
11 Yahwe huwatia nguvu watu wake; Yahwe huwa bariki watu wake na amani.
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။ သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။

< Zaburi 29 >