< Zaburi 21 >

1 Kwa kiongozi wa muziki. Zaburi ya Daudi. Mfalme anashangilia katika uweza wako, Yahwe! Ni kwa namna kuu anashangilia katika wokovu uliouleta!
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။
2 Wewe umempa yeye matamanio ya moyo wake na hauja mkatalia maombi midomo yake.
ကိုယ်​တော်​ရှင်​သည်​သူ​လို​လား​တောင့်​တ​သည့် အ​ရာ​ကို​ပေး​တော်​မူ​ပြီ။ သူ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပြီ။
3 Kwa kuwa wewe unamletea baraka nyingi; wewe uliweka katika kichwa chake taji ya dhahabu iliyo safi kabisa.
ကိုယ်​တော်​ရှင်​သည်​သူ့​အား​မွန်​မြတ်​သော ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ချ​ပေး​တော်​မူ​ပြီ။ သူ့​အား​ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​စေ​တော်​မူ​ပြီ။
4 Yeye alikuomba wewe maisha; ukampatia maisha; wewe ulimpatia maisha malefu milele na milele.
သူ​သည်​အ​သက်​ကို​တောင်း​ခံ​၍​ကိုယ်​တော်​ရှင်​သည် သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​သည်​သာ​မ​က ရှည်​၍​မ​ကုန်​မ​ဆုံး​နိုင်​သော​အ​သက်​ကို ပေး​တော်​မူ​ပြီ။
5 Yeye utukufu wake ni mkuu kwa sababu ya ushindi wako; wewe umemuwekea mapambo na enzi.
ကိုယ်​တော်​ရှင်​ကယ်​မ​တော်​မူ​သ​ဖြင့်​မင်း​ကြီး​သည် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ရ​ပါ​၏။ ကိုယ်​တော်​သည်​သူ့​အား​ကျော်​စော​ကိတ္တိ​နှင့် ခန့်​ညား​တင့်​တယ်​ခြင်း​ကို​ပေး​တော်​မူ​ပြီ။
6 Kwa kuwa unampatia yeye baraka za kudumu; unamfurahisha kwa furaha ya uwepo wako.
ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​သည် သူ​၏​အ​ပေါ်​သို့​အ​စဉ်​သက်​ရောက်​လျက် ရှိ​ပါ​၏။ သူ​၏​အ​နီး​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​သည် ဖြစ်​၍ သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။
7 Kwa kuwa Mfalme humwamini Yahwe; kwa kupitia uaminifu wa agano la aliye juu zaidi yeye hataondolewa.
မင်း​ကြီး​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေ​တ္တာ​ကြောင့် သူ​သည် ဘေး​မဲ့​လုံ​ခြုံ​တော်​မူ​ပါ​လိမ့်​မည်။
8 Mkono wako utawakamata adui zangu wote wote; mkono wako wa kuume utawakamata wale wote wanao kuchukia.
မင်း​ကြီး​သည်​မိ​မိ​၏​ရန်​သူ​အ​ပေါင်း​ကို ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​မုန်း​သော​သူ​အ​ပေါင်း​တို့​ကို လက်​ရ​ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။
9 Wakati wa hasira yako, wewe utawachoma kama katika tanuru la moto. Yahwe atawamaliza wao katika hasira yake, na moto utawateketeza upesi wao.
ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ အ​လျှံ​ထ​လျက်​နေ​သော​မီး​သ​ဖွယ် သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​မီး​တွင်​ကျွမ်း​လောင်​ကုန်​လိမ့်​မည်။
10 Wewe utawaangamiza watoto wao duniani na ukoo wao kutoka katika mrorongo wa wanadamu.
၁၀မင်း​ကြီး​သည်​သူ​တို့​၏​သား​သ​မီး​အ​ပေါင်း ကို သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​ကို သုတ်​သင်​တော်​မူ​လိမ့်​မည်။
11 Kwa kuwa walikusudia kukufanyia mambo maovu wewe; wao walitunga njama ambayo kwayo hawawezi kufanikiwa!
၁၁သူ​တို့​သည်​မင်း​ကြီး​ကို​လုပ်​ကြံ​ရန်​မ​သ​မာ သော အ​ကြံ​အ​စည်​များ​ကို​ပြု​ကြ​၏။ သို့​ရာ​တွင်​အောင်​မြင်​ကြ​လိမ့်​မည်​မဟုတ်။
12 Kwa kuwa wewe utawarudisha nyuma; wewe utafyatua upinde wako mbele yao.
၁၂မင်း​ကြီး​သည်​လေး​နှင့်​ခွင်း​တော်​မူ​လျက် သူ​တို့​အား တပ်​ခေါက်​၍​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။
13 Uninuliwe, Yahwe, katika uweza wako; tutaimba na kusifu nguvu zako.
၁၃အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော်​ရှိ​တော်​မူ သော​ကြောင့် ကိုယ်​တော်​အား​ကျွန်​တော်​မျိုး​တို့​ထော​မ​နာ ပြု​ကြ​ပါ​၏။ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

< Zaburi 21 >