< Zaburi 18 >

1 Nakupenda, Yahwe, nguvu yangu.
အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။
2 Yahwe ni mwamba wangu, ngome yangu, yeye ambaye aniwekae kweye usalama; yeye ni Mungu wangu, mwamba wangu; ninapata kimbilio kwake. Yeye ni ngao yangu, pembe ya wokovu wangu, na ngome yangu.
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
3 Nitamuita Yahwe kwa sababu anastahili kusifiwa, na nitaokolewa kutoka kwa adui zangu.
ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။
4 Kamba za mauti zilinizunguka, na mafuriko yakimbiayo yalinielemea.
သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
5 Kamba za kuzimu zilinizunguka; mitego ya mauti ilininasa. (Sheol h7585)
မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏။ (Sheol h7585)
6 dhiki yangu nilimuita Yahwe; Niliita msaada kwa Mungu. Naye alisikia sauti yangu kutoka hekaluni mwake; kuita kwangu msaada kulienda mpaka uweponi mwake; na kuingia masikioni pake.
ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
7 Kisha nchi ikatikisika na kutetemeka; misingi ya milima pia ilitetemeka na kutikiswa kwa sababu Mungu alikuwa amekasirika.
ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။
8 Moshi ulifuka kutoka kwenye pua zake, na moto mkali ulitokea mdomoni mwake. Makaa yaliwashwa kwa moto huo.
နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။
9 Yeye alizifunua mbingu na alishuka chini, na giza nene lilikuwa chini ya miguu yake.
မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။
10 Alipanda kwenye kerubi na akaruka; alinyiririka kwenye mabawa ya upepo.
၁၀ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။
11 Yahwe alilifanya giza kuwa hema likimzunguka yeye, wingu la mvua zito katika mbingu.
၁၁မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။
12 Mawe ya barafu na makaa ya moto yalianguka kutoka katika mwangaza kabla yake.
၁၂ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။
13 Yahwe aliongea katika mbingu! Sauti ya aliye juu ilisikika.
၁၃ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
14 Yeye aliifyatua mishale yake na kuwatawanya adui zake; na radi nyingi zenye mwanga alizitawanya katika maeneo tofauti tofauti.
၁၄လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
15 Ndipo mifereji ya maji ilitokea; misingi ya dunia ikadhihirishwa kwa mlio wa pigo lako, Yahwe kwa sauti ya pumzi ya pua zako.
၁၅ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။
16 Yeye alishuka chini kutokea juu; akanishikilia mimi! Akanivuta nje ya maji yafurikayo.
၁၆ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။
17 Aliniokoa kutoka kwa maadui zangu wenye nguvu, kutoka kwa wale ambao walinichukia mimi, kwa kuwa walikuwa na nguvu sana kuliko mimi.
၁၇ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
18 Wao walikuja kinyume na mimi katika siku ile ya dhiki yangu lakini Mungu alikuwa msaada wangu!
၁၈ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊
19 Yeye aliniweka huru katika eneo pana la wazi; yeye aliniokoa kwa sababu alipenezwa nami.
၁၉ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
20 Yahwe amenitunuku mimi kwa sababu ya haki yangu; yeye amenirejesha mimi kwa sababu mikono yangu ilikuwa misafi.
၂၀ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
21 Kwa kuwa nimezitunza njia za Yahwe na sijafanya uovu wa kumgeuka Mungu wangu.
၂၁အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။
22 Kwa kuwa amri zake zote za haki zimekuwa mbele yangu; kama asemavyo, sijaenda kinyume nazo.
၂၂စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊
23 Pia nimekuwa sina hatia mbele zake, na nimejiweka mwenyewe mbali na dhambi.
၂၃ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။
24 Hivyo Yahwe amenirejesha kwa sababu ya haki yangu, na kwa sababu mikono yangu ilikuwa safi mbele ya macho yake.
၂၄ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ၌ အကျိုးကို ပေးတော်မူပြီ။
25 Kwa yeyote aliye mwaminifu, jionyeshe wenyewe kuwa mwaminifu; kwa mtu asiye na lawama, jionyeshe mwenyewe kuwa usiye na lawama.
၂၅သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊
26 Kwa yeyote aliye msafi, jionyeshe mwenyewe safi; bali ni mjanja kwa yeyote aliye geuzwa.
၂၆သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။
27 Kwa kuwa wewe huwaokoa watu walio taabishwa, lakini wewe huwashusha chini wale wenye majivuno, yaani macho yaliyo jinua!
၂၇နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။
28 Kwa kuwa wewe huipa mwanga taa yangu; Yahwe Mungu wangu hutia mwanga giza langu.
၂၈အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
29 Kwa kuwa kwa kupitia wewe ninaweza kuruka juu ya kiwazo kilichowekwa; kupitia Mungu ninaweza kuruka juu ya ukuta.
၂၉အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။
30 Kama kwa Mungu: njia yake ni kamilifu. Neno la Yahwe ni safi! Yeye ni ngao kwa yeyote anaye kimbilia katika yeye.
၃၀ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
31 Kwa kuwa nani ni Mungu ispokuwa Yahwe? Nani ndiye mwamba ispokuwa Mungu wetu?
၃၁ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။
32 Ni Mungu anitiaye nguvu ndani yangu kama vile mkanda, ambaye humweka mtu mwenye lawama katika njia yake.
၃၂ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။
33 Yeye hunifanya miguu yangu kuwa myepesi kama mbawala na kuniweka mahali pa juu!
၃၃ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
34 Yeye hufunza viganja vyangu kwa ajili ya vita na mikono yangu kupiga upinde wa shaba.
၃၄ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
35 Wewe umenipa mimi ngao ya wokovu. Mkono wako wa kuume umenisaidia, na neema yako imenifanya kuwa mkubwa.
၃၅ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ်၍၊ လက်ျာလက်တော်အားဖြင့် မစတော် မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ။
36 Wewe umetengeneza nafasi pana kwa ajili ya miguu yangu ili miguu yangu isiteleze.
၃၆အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
37 Ninawashawishi adui zangu na kuwakamata; nami sikurudi nyuma mpaka walipo haribiwa.
၃၇အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။
38 Niliwashambulia hata hawakuweza kuamka; nao wameangukia chini ya miguu yangu.
၃၈သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ၏။
39 Kwa kuwa unanitia nguvu kama mshipi kwa ajili ya vita; wewe unawaweka chini yangu wale ambao wanainuka kinyume na mimi.
၃၉အကြောင်းမူကား၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
40 Wewe ulinipa visogo vya maadui zangu; niliwaagamiza wale walio nichukia.
၄၀အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။
41 Wao waliita msaada lakini hakuna aliye wasaidia; walimuita Yahwe, lakini hakuwaitikia.
၄၁သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
42 Niliwapiga wao katika vipande vidogo vidogo kama vile vumbi mbele ya upepo; niliwatupa nje kama udongo mtaani.
၄၂ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ၏။
43 Wewe uliniokoa mimi kutoka katika migogoro ya watu. wewe umenifanya kichwa juu ya mataifa. Watu ambao sikuwahi kuwafahamu huntumikia.
၄၃လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။
44 Pindi tu waliposikia kuhusu mimi, wao walinitii; wageni walilazimishwa kunisujudu.
၄၄အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။
45 Wageni walitoka kwenye ngome yao wakitetemeka.
၄၅ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ၏။
46 Yahwe anaishi; mwamba wangu usifiwe. Ainuliwe Mungu wa wokovu wangu.
၄၆ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
47 Yeye ni Mungu ambaye hutelekeza visasi kwa ajili yangu, ambaye huwatiisha mataifa chini yangu.
၄၇ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
48 Nimewekwa huru kutoka kwa adui zangu! wewe uliniinua juu ya wale walioinuka kunyume na mimi! Wewe uliniokoa kutoka kwa watu wenye vurugu.
၄၈ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ် သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။
49 Kwa hiyo nitakushukuru wewe, Yahwe, kati ya mataifa; Nitaliimbia sifa jina lako!
၄၉ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။
50 Mungu hutoa ushindi mkuu kwa mfalme wake, na yeye huonyesha uaminifu wa agano lake kwa mpakwa mafuta wake, kwa Daudi na ukoo wake milele.
၅၀ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။ ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်း တို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရား ရှေ့တော်၌မြွက်ဆိုသောသီချင်းစကားဟူမူကား။

< Zaburi 18 >