< Zaburi 142 >

1 Kwa sauti yangu namlilia Yahwe anisaidie; kwa sauti yangu naomba kwa ajili ya neema ya Yahwe.
ကူ​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​၏​ထံ​တော်​တွင်​အ​သ​နား​ခံ​ပါ​၏။
2 Namwaga malalamiko yangu mbele zake; ninamwambia shida zangu.
ငါ​သည်​မိ​မိ​အ​ခက်​အ​ခဲ​ရှိ​သ​မျှ​ကို ကိုယ်​တော်​အား​ဖော်​ပြ​ပါ​၏။ ဒုက္ခ​ရှိ​သ​မျှ​ကို​ကိုယ်​တော်​အား​လျှောက်​ထား ပါ​၏။
3 Roho yangu inapokuwa dhaifu ndani yangu, wewe unajua mapito yangu. Kwenye njia niipitayo wamenifichia mtego.
ငါ​သည်​လက်​လျှော့​စိတ်​ပျက်​သော​အ​ခါ​၌ ငါ​သွား​ရာ​လမ်း​ကို​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ငါ​လျှောက်​ရာ​လမ်း​တွင်​ရန်​သူ​တို့​သည်​ငါ​၏ အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​၏။
4 Natazama kulia kwangu na sioni yeyote anayenijali. Sina pa kukimbilia; hakuna anayejali kuhusu uhai wangu.
ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။
5 Nilikuita wewe, Yahwe; nikasema, “Wewe ni kimbilio langu, fungu langu katika nchi ya walio hai.
အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။
6 Sikia kuita kwangu, maana nimeshushwa chini sana; uniokoe dhidi ya watesi wangu, maana wana nguvu kuliko mimi.
ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​လွန်​စိတ်​ပျက် အား​လျော့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​ထက်​များ​စွာ​ခွန်​အား​ကြီး​မား သော ရန်​သူ​များ​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။
7 Uitoe nafsi yangu kifungoni ili niweze kulishukuru jina lako. Wenye haki watakusanyika karibu nami kwa sababu umekuwa mwema kwangu.”
ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​ထဲ​မှ​လွတ်​မြောက် စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ယင်း​သို့​ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​အ​လယ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။

< Zaburi 142 >