< Zaburi 125 >
1 Wale wamwaminio Yahwe ni kama mlima Sayuni, hautikisiki, wadumu milele.
၁ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
2 Kama milima inavyo izunguka Yerusalemu, hivyo ndivyo Yahwe anavyo wazunguka watu wake sasa na hata milele.
၂တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည် ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။
3 Fimbo ya uovu haitatawala katika nchi ya wenye haki. Vinginevyo wenye haki wanaweza kukosea.
၃သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။ အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊ ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။
4 Ee Yahwe, utende wema kwa wale walio wema na wale walio wanyoofu mioyoni mwao.
၄အို ထာဝရဘုရား၊ ဖြောင့်မတ်သူ၊ကိုယ်တော်ရှင်၏အမိန့်ကိုနာခံ သူများအားကျေးဇူးပြုတော်မူပါ။
5 Lakini kwa wale wanaogeukia njia zao za upotovu, Yahwe atawaondoa pamoja na watenda maovu. Amani iwe na Israeli.
၅သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။