< Zaburi 122 >

1 Nilifurahi waliponiambia, “Na twende kwenye Nyumba ya Yahwe.”
သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့'' ဟု​ဆို​သော​အ​ခါ ငါ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။
2 Ee Yerusalemu, miguu yetu imesimama ndani ya malango yako!
ယ​ခု​အ​ခါ​ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​ရပ်​လျက်​ရှိ​နေ​ကြ​ပါ​၏။
3 Ee Yerusalemu, uliojengwa kama mji uliopangiliwa kwa umakini!
ယေ​ရု​ရှ​လင်​မြို့​သည်​တင့်​တယ်​လျောက်​ပတ်​စွာ ပြန်​လည်​တည်​ဆောက်​ထား​သော​မြို့​ဖြစ်​ပေ​၏။
4 Makabila huenda juu Yerusalemu, makabila ya Yahwe; kama ushuhuda wa Israeli, kulishukuru jina la Yahwe.
ဤ​မြို့​သည်​ဘု​ရား​သ​ခင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် ဣ​သ​ရေ​လ​အ​နွယ်​တို့​စု​ရုံး​ရာ​အ​ရပ် ဖြစ်​၏။
5 Huko viliwekwa viti vya hukumu, viti vya enzi vya nyumba ya Daudi.
ဤ​မြို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​တို့​နန်း​စိုက်​၍ ပြည်​သူ​တို့​အား​တ​ရား​စီ​ရင်​ရာ​ဌာ​န​ဖြစ်​၏။
6 Ombeni kwa ajili ya amani ya Yerusalemu! “Wote wakupendao wawe na amani.
``သင့်​ကို​ချစ်​မြတ်​နိုး​သူ​တို့​သည်​ကောင်း​စား ကြ​ပါ​စေ​သော။ သင်​၏​မြို့​ရိုး​များ​အ​တွင်း​၌​ငြိမ်း​ချမ်း​သာ​ယာ မှု​ရှိ​၍ သင်​၏​နန်း​တော်​များ​အ​တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​မှု ရှိ​ပါ​စေ​သော'' ဟု ယေ​ရု​ရှ​လင်​မြို့​၏​ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက် ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။
7 Amani iwepo ndani ya kuta zako ili ikutetee, na wawe na amani ndani ya ngome zako.”
8 Kwa ajili ya ndugu zangu na rafiki zangu nitasema, “Amani iwe ndani yenu.”
ငါ​သည်​ဆွေ​မျိုး​များ​နှင့်​မိတ်​ဆွေ​များ​ကို ထောက်​ထား​၍​ယေ​ရု​ရှ​လင်​မြို့​အား ``သင်​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​ပါ​၏။
9 Kwa ajili ya Yahwe Mungu wetu, nitatafuta mema kwa ajili yako.
ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အိမ်​တော်​ကို​ထောက်​ထား​၍ သင်​၏​စည်​ပင်​သာ​ယာ​မှု​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

< Zaburi 122 >