< Zaburi 118 >

1 Mshukuruni Yahwe, kwa kuwa ni mwema, kwa maana uaminifu wa agano lake wadumu milele.
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
2 Israeli na aseme, “Uaminifu wa agano lake wadumu milele.”
ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသ ရေလအမျိုး ဝန်ခံစေ။
3 Nyumba ya Haruni na iseme, “Uaminifu wa agano lake wadumu milele.”
ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံစေ။
4 Wafuasi waaminifu wa Yahwe na waseme, “Uaminifu wa agano lake wadumu milele.”
ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြ စေ။
5 Katika dhiki yangu nilimuita Yahwe; Yahwe alinijibu na kuniweka huru.
ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။
6 Yahwe yuko pamoja nami; sitaogopa; mwanadamu atanifanya nini? Yahwe yuko upande wangu kama msaidizi;
ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။
7 nitawatazama kwa ushindi wale walio nichukia.
ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည် ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလိုပြည့်စုံလိမ့်မည်။
8 Ni bora kuwa na makazi katika Yahwe kuliko kumtumainia mwanadamu.
ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ လူကို ကိုးစား ခြင်းထက် သာ၍ ကောင်း၏။
9 Ni bora kukimbilia katika Yahwe kuliko kuamini katika wakuu.
ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစား ခြင်းထက် သာ၍ကောင်း၏။
10 Mataifa yote walinizunguka; kwa jina la Yahwe niliwakatilia mbali.
၁၀လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ် ရ၏။
11 Walinizunguka; naam, walinizunguka; kwa jina la Yahwe niliwakatilia mbali.
၁၁ငါ့ကိုဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
12 Walinizunguka kama nyuki; walitoweka haraka kama moto kati ya miiba; kwa jina la Yahwe niliwakatilia mbali.
၁၂ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။
13 Walinishambulia ili waniangushe, lakini Yahwe alinisaidia.
၁၃သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။
14 Yahwe ni nguvu yangu na furaha yangu, na ndiye anaye niokoa.
၁၄ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။
15 Kelele za ushindi zimesikika katika maskani ya wenye haki; mkono wa kuume wa Mungu umeshinda.
၁၅ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။
16 Mkono wa kuume wa Mungu umetukuka; mkono wa kuume wa Yahwe umeshinda.
၁၆ထာဝရဘုရား၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော် သည် ကြီးသောအမှုကိုပြု၏။
17 Sitakufa, bali nitaishi na kuyatangaza matendo ya Yahwe.
၁၇ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
18 Yahwe ameniadhibu vikali; lakini hajaruhusu nife.
၁၈ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။
19 Unifungulie milango ya haki; nitaingia na nitamshukuru Yahwe.
၁၉ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။
20 Hili ni lango la Yahwe; wenye haki hupitia kwalo.
၂၀ဤတံခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။
21 Nitakushukuru wewe, kwa kuwa ulinijibu, na umekuwa wokovu wangu.
၂၁ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ စကား ကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။
22 Jiwe ambalo wajenzi walilikataa wajenzi limekuwa msingi.
၂၂တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။
23 Yahwe ndiye afanyaye hili; ni la ajabu machoni petu.
၂၃ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏။
24 Hii ni siku ambayo Yahwe ametenda; tutaifurahia na kuishangilia.
၂၄ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူ သော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့။
25 Tafadhali, Yahwe, utupe ushindi! Tafadhali, Yahwe, utupe mafanikio!
၂၅အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းကြီးမင်္ဂာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
26 Amebarikiwa yule ajaye katika jina la Yahwe; tunakubariki kutoka katika nyumba ya Yahwe.
၂၆ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူ သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီး ပေးကြပါ၏။
27 Yahwe ni Mungu, na ametupa sisi nuru; ifungeni dhabihu kwa kamba pembeni mwa madhabahu.
၂၇ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။
28 Wewe ni Mungu wangu, nami nitakushukuru; wewe ni Mungu wangu; nitakutukuza wewe.
၂၈ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။
29 Oh, mshukuruni Yahwe; kwa kuwa ni mwema; kwa maana uaminifu wa agano lake wadumu milele.
၂၉ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

< Zaburi 118 >