< Zaburi 111 >

1 Msifuni Yahwe. Nitamshukuru Yahwe kwa moyo wangu wote katikati ya kusanyiko la wanye haki, na katika mkutano.
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော် အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏​ကျေး​ဇူး တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း​မည်။
2 Kazi za Yahwe ni kuu, zikisubiriwa na wale wazitamanio.
ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​အ​မှု​အ​ရာ​များ​ကို​နှစ်​သက်​သူ​အ​ပေါင်း တို့​သည် ယင်း​တို့​ကို​လေ့​လာ​တတ်​ကြ​၏။
3 Kazi yake ni adhama na utukufu, na haki yake yadumu milele.
ကိုယ်​တော်​ပြု​သ​မျှ​သော​အ​မှု​တော်​တို့​သည် ဂုဏ်​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​ပေ​သည်။ ကိုယ်​တော်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။
4 Hufanya mambo makuu ambayo yatakumbukwa; Yahwe ni mwenye huruma na neema.
ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​တို့​ကို မ​မေ့​လျော့​စေ​ရန်​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ က​ရု​ဏာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။
5 Huwapa chakula wafuasi wake waaminifu. Siku zote atalikumbuka agano lake.
ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။ မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။
6 Alionesha uweza wa kazi zake kwa watu wake kwa kuwapa urithi wa mataifa.
ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​၏​နယ်​မြေ များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​ခြင်း အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​လေ​ပြီ။
7 Kazi za mikono yake ni za kuaminika na haki; maagizo yake yote ni ya kuaminika.
ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။
8 Yamethibitika milele, yamefanywa katika uaminifu na vizuri.
ထို​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ်​တည်​ပါ​၏။ ယင်း​တို့​ကို​သစ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း စီ​ရင်​ထား​တော်​မူ​ပြီ။
9 Aliwapa ushindi watu wake; aliliteuwa agano lake milele; jina lake ni takatifu na lakutisha.
ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား လွတ်​မြောက်​စေ​တော်​မူ​ပြီး​လျှင် သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​တော် မူ​၏။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၍ တန်​ခိုး​ကြီး​တော်​မူ​ပါ​သည်​တ​ကား။
10 Kumcha Yahwe ni mwanzo wa hekima; wale washikao maagizo yake wana uelewa mzuri. Sifa yake yadumu milele.
၁၀ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား မှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။

< Zaburi 111 >