< Mithali 8 >

1 Je hekima haiti? Je ufahamu hapazi sauti yake?
ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။
2 Juu ya kilima kando ya barabara, kwenye njia panda, hekima anasimama.
မြင့်သောအရပ်ထိပ်၌၎င်း၊ လမ်းခရီးအနား၌ ၎င်းရပ်နေ၏။
3 Kando ya njia ya kuingilia mjini, karibu na milango ya mji, anaita kwa sauti.
ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊
4 Watu, ninawaita ninyi na ninapaza sauti yangu kwa wana wa wanadamu.
အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။
5 Ninyi wajinga, jifunzeni hekima, na ninyi mnaochukia maarifa, lazima mjipatieni moyo wa ufahamu.
ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။
6 Sikiliza na mimi nitasema mambo mazuri na nifumbuapo midomo yangu nitaongea haki.
နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။
7 Maana kinywa changu hunena uaminifu na midomo yangu huchukia uovu.
ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
8 Maneno ya kinywa changu yote ni haki; hakuna kilichogeuzwa wala kupotoshwa.
ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ၏။
9 Maneno yangu yote yamenyooka kwa yule mwenye kuelewa; maneno yangu ni haki kwa wale wanaotafuta maarifa.
နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။
10 Chagua fundisho langu badala ya fedha na maarifa kuliko dhahabu safi.
၁၀ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။
11 Maana mimi, hekima ni bora kuliko vito; hakuna unachokitamani kinaweza kulinganishwa na mimi.
၁၁အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
12 Mimi, hekima, naishi kwa utaratibu, na ninamiliki maarifa na busara.
၁၂ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။
13 Hofu ya Mungu ni kuchukia uovu- nachukia majivuno na kiburi, njia ya uovu, na kauli iliyopotoka- hivyo ninavichukia.
၁၃ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
14 Ninaushauri mzuri na hekima sahihi; mimi ni busara; nguvu zipo kwangu.
၁၄အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
15 Kwa njia yangu wafalme hutawala- pia na waungwana, na wote ambao hutawala kwa haki.
၁၅ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
16 Kwa njia yangu wafalme hutawala na waungwana na wote wanaotawala kwa haki.
၁၆ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။
17 Nawapenda wale wanaonipenda, na wale wanaonitafuta kwa bidii, wataniona.
၁၇ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
18 Kwangu kunautajiri na heshima, utajiri wa kudumu na haki.
၁၈ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။
19 Tunda langu ni bora kuliko dhahabu, bora hata kuliko dhahabu safi.
၁၉ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
20 Ninazalisha kilicho bora kuliko fedha safi. Natembea katika njia ya haki,
၂၀ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊
21 katika mapito ambayo huelekea kwenye haki, ili niwape urithi wale wanaonipenda na kuzijaza hazina zao.
၂၁ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
22 Yehova aliniumba tokea mwanzo- mwazoni mwa matendo yake ya nyakati za kale.
၂၂ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။
23 Tokea enzi za kale niliwekwa katika nafasi- tokea kwanza, tokea mwanzo wa dunia.
၂၃မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
24 Kabla ya bahari, mimi nilizaliwa- kabla ya kuwepo chemchemi zenye maji tele.
၂၄နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။
25 Kabla ya milima na vilima kuwekwa, mimi nilizaliwa.
၂၅တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
26 Nilizaliwa kabla ya Yehova hajaiumba dunia wala makonde, hata mavumbi ya kwanza katika dunia.
၂၆မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
27 Nilikuwepo alipoziimarisha mbingu, wakati alipochora mstari katika sura ya kilindi.
၂၇မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
28 Nilikuwepo alipoimarisha anga la juu na wakati wa kutengeneza kina cha chemchemi.
၂၈အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
29 Nilikuwepo alipotengeneza mipaka ya bahari, ili maji yasisambae kuvuka pale alipoyaamuru, na wakati anaamuru misingi ya dunia sehemu ya kukaa.
၂၉သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
30 Nilikuwa kando yake, kama fundistadi mkuu, na mimi nilikuwa furaha yake siku kwa siku, nikifurahi mbele zake daima.
၃၀ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊
31 Nilikuwa nikifurahi katika dunia yake yote na furaha yangu ilikuwa kwa wana wa wanadamu.
၃၁ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။
32 Na sasa, wanangu, nisikilizeni, maana wale wazishikao njia zangu watakuwa na furaha.
၃၂သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
33 Sikilizeni fundisho langu na mpate hekima; wala msilipuuze.
၃၃ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
34 Anisikilizaye atakuwa na furaha- kila siku akitazama katika malango yangu, akinisubiri pembeni mwa milango ya masikani yangu.
၃၄ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
35 Maana yeyote anionaye mimi, anapata uzima, naye atapata kibali kwa Yehova.
၃၅ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။
36 Na yeyote asiyeniona mimi, hujiumiza mwenyewe, wote wanaonichukia hupenda mauti.
၃၆ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။

< Mithali 8 >