< Mithali 6 >

1 Mwanangu, kama utaweka pesa zako kuwa dhamana kwa mkopo wa jirani yako; kama ukitoa ahadi yako katika mkopo wa mtu usiyemjua,
ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
2 basi umejiwekea mtego mwenyewe na umenaswa kwa maneno ya kinywa chako.
ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
3 Mwanagu, ukinaswa kwa maneno yako mwenyewe, fanya haya ili kujiokoa, kwa kuwa umeangukia kwenye mikono ya jirani yako; nenda unyenyekee na ufanye shauri mbele ya jirani yako.
ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
4 Usiruhusu usingizi katika macho yako wala kope za macho yako kusinzia.
အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
5 Jiokoe mwenyewe kama swala kutoka katika mkono wa mwindaji, kama ndege kutoka katika mkono wa mwinda ndege.
မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
6 Wewe mtu mvivu, mwangalie mchwa, zitafakari njia zake ili kupata busara.
အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
7 Hana akida, afisa au mtawala,
ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
8 lakini huandaa chakula chake wakati wa joto na wakati wa mavuno huweka hazina ili kula baadaye.
နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
9 Ewe mtu mvivu, utalala hata lini? Wakati gani utainuka usingizini?”
အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
10 Lala kidogo, sizia kidogo, kunja mikono kupumzika kidogo” -
၁၀ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
11 ndipo umasikini wako utakapokujia kama mporaji na uhitaji wako kama askari wa vita.
၁၁ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
12 Mtu asiyefaa-mtu mwovu- huishi kwa kauli za udanganyifu wake,
၁၂ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
13 akipepesa macho yake, akiashilia kwa miguu yake na kusonta kwa videle vyake.
၁၃မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
14 Hufanya njama za uovu kwa hila ya moyo wake; daima huchochea faraka.
၁၄ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
15 Kwa hiyo msiba wake utamkumba kwa ghafula, punde atavunjika vibaya wala hatapona.
၁၅ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
16 Kuna vitu sita ambavyo Yehova huvichukia, saba ambavyo ni chukizo kwake.
၁၆ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
17 Macho ya mtu mwenye kiburi, ulimi wa uongo, mikono inayomwaga damu ya watu maasumu,
၁၇ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
18 moyo unaobuni njama mbaya, miguu inayokimbilia maovu upesi,
၁၈မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
19 shahidi asemaye uongo na apandaye faraka kati ya ndugu.
၁၉မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
20 Mwanangu, itii amri ya baba yako na wala usiyaache mafundisho ya mama yako.
၂၀ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
21 Uyafunge katika moyo wako siku zote; yafunge kwenye shingo yako.
၂၁နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
22 utembeapo, yatakuongoza; ulalapo yatakulinda, na uamkapo yatakufundisha.
၂၂သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
23 Maana amri ni taa, na mafundisho ni nuru; kinga za kuadilisha za njia ya uzima.
၂၃အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
24 Yanakulinda dhidi ya mwanamke malaya, dhidi ya maneno laini ya uzinzi.
၂၄ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
25 Moyoni mwako usiutamani uzuri wake wala usitekwe katika kope zake.
၂၅ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
26 Kulala na malaya inaweza kugharimu bei ya kipande cha mkate, lakini mke wa mtu mwingine inagharimu uzima wako wote.
၂၆အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
27 Je mtu anaweza kubeba moto katika kifua chake bila kuuguza mavazi yake?
၂၇လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
28 Je mtu anaweza kutembea juu ya makaa bila kuchomwa miguu yake?
၂၈ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
29 Ndivyo alivyo mtu alalaye na mke wa jirani yake; yule alalaye na huyo mke hatakosa adhabu.
၂၉သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
30 Watu hawawezi kumdharau mwizi kama anaiba ili kukidhi hitaji lake la njaa.
၃၀မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
31 Walakini akimatwa, atalipa mara saba ya kile alichoiba; lazima atoe kila kitu cha thamani katika nyumba yake.
၃၁တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
32 Mtu anayefanya uzinzi hana akili; hufanya hiyo kwa uharibifu wake mwenyewe.
၃၂သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
33 Anasitahili aibu na majeraha na fedheha yake haiwezi kuondolewa.
၃၃နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
34 Maana vivu humghadhibisha mtu; hatakuwa na huruma wakati wa kulipa kisasi chake.
၃၄အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
35 Ujapompa zawadi nyingi, hatakubali mbadala wa kusuruhishwa wala kulipwa.
၃၅လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။

< Mithali 6 >