< Mithali 29 >

1 Mtu aliyepokea makaripio mengi lakini anashupaza shingo yake atavunjika ndani ya muda mfupi na hata pona.
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
2 Watenda mema wanapoongezeka, watu wanafurahi, bali wakati mtu mwovu anapotawala, watu huugua.
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
3 Mwenye kupenda hekima baba yake anafurahi, bali anayeshikamana na makahaba huuharibu utajiri wake.
ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
4 Mfalme huimarisha nchi kwa haki, bali mwenye kudai rushwa huirarua.
တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
5 Mtu anayejipendekeza kwa jirani yake anatandaza wavu kwenye miguu yake.
အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
6 Mtu mbaya hunaswa kwenye mtego wa dhambi yake mwenyewe, bali yeye atendaye haki huimba na kufurahi.
အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
7 Atendaye haki hutetea madai ya masikini; mtu mwovu hafahamu maarifa kama hayo.
ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
8 Mwenye dhihaka huutia moto mji, bali wale wenye busara huigeuza ghadhabu.
မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။
9 Mtu mwenye busara anapojadiliana na mpumbavu, hughadhabika na kucheka, hakutakuwa na utulivu.
ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
10 Mkatili humchukia mwenye ukamilifu na hutafuta maisha ya mwenye haki.
၁၀လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
11 Mpumabavu huonyesha hasira yake, bali mtu mwenye busara huishikilia na kujituliza mwenyewe.
၁၁မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
12 Kama matawala atazinagatia uongo, maafisa wake wote watakuwa waovu.
၁၂မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
13 Mtu masikini na mkandamizaji wanafanana, maana Yehova huyapa nuru macho yao wote.
၁၃ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။
14 Kama mfalme atamhukumu masikini kwa uaminifu, kiti chake cha enzi kitaimarishwa milele.
၁၄ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။
15 Fimbo na maonyo huleta hekima, bali mtoto huru mbali na makaripio humwaibisha mama yake.
၁၅ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
16 Watu waovu wanapotawala, uovu huongezeka, bali wenye kutenda haki wataona anguko la watu waovu.
၁၆မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
17 Mwadibishe mwanao naye atakupa pumziko; ataleta furaha katika maisha yako.
၁၇သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။
18 Pasipo na maono ya kinabii watu huenda bila utaratibu, bali mwenye kuitunza sheria amebarikiwa.
၁၈ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
19 Mtumwa hawezi kurekebishwa kwa maneno, maana ingawa anaelewa, hakuna mwitikio.
၁၉စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
20 Je unamwona mtu mwenye haraka katika maneno yake? Kuna matumaini zaidi kwa mpumbavu kuliko kwake.
၂၀သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
21 Mwenye kumdekeza mtumwa wake tangu ujana, mwisho wake itakuwa taabu.
၂၁ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။
22 Mtu mwenye hasira huchochea ugomvi na bwana mwenye hasira sana hutenda dhambi nyingi.
၂၂စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
23 Kiburi cha mtu humshusha chini, bali mwenye roho ya unyenyekevu atapewa heshima.
၂၃မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
24 Anayeshirikiana na mwizi huyachukia maisha yake mwenyewe; husikia laana na wala hasemi chochote.
၂၄သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
25 Kumwogopa binadamu ni mtego, bali mwenye kumtumaini Yehova atalindwa.
၂၅လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
26 Wengi huutafuta uso wa mtawala, bali kutoka kwa Yehova huja haki kwa ajili yake.
၂၆မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင်တော်မူ၏။
27 Mtu dhalimu ni chukizo kwa wenye kutenda haki, bali mwenye njia ya haki ni chukizo kwa watu waovu.
၂၇တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသောသူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။

< Mithali 29 >