< Mithali 21 >

1 Moyo wa mfalme ni mfereji wa maji katika mkono wa Yehova; anaugeuza popote anakopenda.
ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
2 Kila njia ya mtu ni sawa katika macho yake mwenyewe, lakini ni Yehova anayeipima mioyo.
လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
3 Kutenda haki na adili hukubaliwa zaidi na Yehova kuliko sadaka.
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
4 Macho ya kiburi na moyo wa majivuno- taa ya waovu- ni dhambi.
ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။
5 Mipango ya mwenye juhudi huelekea kwenye mafanikio tu, bali kila mtu anayetenda kwa haraka huelekea umasikini.
လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
6 Kujipatia utajiri kwa ulimi wa uongo ni mvuke unaopita upesi na mtego ambao unafisha.
မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။
7 Vurugu ya waovu itawaburuta mbali, maana wanakataa kutenda haki.
မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
8 Njia ya mwenye hatia ni ukatiri, bali mwenye usafi hutenda yaliyo ya haki.
လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ်၏။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ၏။
9 Bora kuishi kwenye kona ya juu darini kuliko katika nyumba pamoja na mke mgonvi.
ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။
10 Hamu ya mwovu ni uchu wa mabaya; jirani yake haoni ukarimu katika macho yake.
၁၀မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။
11 Mwenye dhihaka anapoadhibiwa mjinga hupata busara, na mtu mwenye busara anapofundishwa, anaongeza maarifa.
၁၁မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဥာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။
12 Atendaye haki huilinda nyumba ya mwovu; huwashusha waovu kwenye uharibifu.
၁၂တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
13 Anayeziba masikio yake kwenye kilio cha masikini, pia atalia, lakini hatajibiwa.
၁၃ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
14 Zawadi ya siri hutuliza hasira na zawadi ya kificho hutuliza ghadhabu kuu.
၁၄တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။
15 Haki ikitendeka, huleta furaha kwa mwenye kutenda wema, lakini huleta hofu kubwa kwa watenda mabaya.
၁၅ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
16 Yule anayezurura kutoka kwenye njia ya ufahamu, atapumzika kwenye kusanyiko la wafu.
၁၆ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။
17 Anayependa raha atakuwa masikini; anayependa divai na mafuta hawezi kuwa tajiri.
၁၇ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။
18 Mtu mbaya ni fidia kwa yule atendaye haki, na mdanganyifu ni fidia kwa waaminifu.
၁၈မတရားသောသူသည် တရားသောသူအဘို့၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ်၏။
19 Bora kuishi jangwani kuliko kuishi pamoja na mwanamke ambaye huchochea sana ugomvi na malalamiko.
၁၉စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။
20 Hazina yenye thamani na mafuta vipo nyumbani kwa mwenye busara, bali mtu mpumbavu huviharibu.
၂၀ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။
21 Mtu atendaye haki na mwema -huyu mtu hupata uzima, haki na heshima.
၂၁ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
22 Mtu mwenye busara huupima mji wa mashujaa, na huiangusha ngome wanayoitumaini.
၂၂ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။
23 Anayelinda kinywa chake na ulimi wake hujilinda mwenyewe na taabu.
၂၃မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။
24 Mtu mwenye kiburi na maringo- “Dhihaka” ndilo jina lake - hutenda kwa majivuno na kujidai.
၂၄ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။
25 Shauku ya mtu mvivu itamuua, maana mikono yake hukataa kufanya kazi.
၂၅ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။
26 Kwa siku nzima hupatwa na uchu na uchu zaidi, lakini atendaye haki hutoa na wala hazuii.
၂၆တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
27 Sadaka ya mwovu ni chukizo; huwa ni chukizo zaidi anapoileta kwa nia mbaya.
၂၇မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
28 Shahidi wa uongo ataangamia, bali anayesikiliza ataongea kwa muda wote.
၂၈မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။
29 Mtu mwovu huufanya uso wake kuwa mgumu, bali mtu mwadilifu ni thabiti juu ya njia zake.
၂၉မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။
30 Hakuna hekima, hakuna ufahamu, na hakuna shauri linaloweza kusimama kinyume na Yehova.
၃၀ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
31 Farasi hutayarishwa kwa siku ya mapigano, lakini ushindi hupatikana kwa Yehova.
၃၁စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။

< Mithali 21 >