< Mithali 11 >

1 Yehova huchukia vipimo ambavyo havipo sahihi, bali hufurahia uzani dhahiri.
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
2 Kinapokuja kiburi, ndipo aibu huja, bali unyenyekevu huleta hekima.
မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
3 Uadilifu wa wenye haki huwaongoza, bali udanganyifu wa njia za wajanja utawaangamiza.
ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
4 Utajiri hauna thamani siku ya ghadhabu, bali kwa kutenda haki hujilinda na mauti.
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
5 Mwenendo wa mtu mwema huinyosha njia yake, bali waovu wataanguka kwa sababu ya uovu wao.
ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
6 Mwenendo mwema wa wale wampendezao Mungu utawalinda salama, bali wadanganyifu hunaswa katika shauku zao.
ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
7 Mtu mwovu anapokufa, tumaini lake hupotea na tumaini lililokuwa katika nguvu zake linakuwa si kitu.
ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
8 Yule atendaye haki hulindwa katika taabu na badala yake taabu humjia mwovu.
ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
9 Kwa kinywa chake asiyeamini Mungu humwangamiza jirani yake, bali kwa maarifa wale watendao haki hulindwa salama.
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
10 Wanapofanikiwa watendao haki, mji hufurahi, waovu wanapoangamia, kunakuwa na kelele za furaha.
၁၀တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11 Kwa zawadi nzuri za wale wanaompendeza Mungu, mji unakuwa mkubwa; kwa kinywa cha waovu mji huvurugwa.
၁၁တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
12 Mtu mwenye dharau kwa rafiki yake hana akili, bali mtu mwenye ufahamu hunyamaza.
၁၂ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13 Anayekwenda akizunguka kwa kukashifu hufunua siri, bali mtu mwaminifu hustiri jambo.
၁၃လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
14 Pasipokuwa na uongozi wenye busara, taifa huanguka, bali ushindi huja kwa kushauriana washauri wengi.
၁၄အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
15 Anayemdhamini mkopo wa mgeni ataumia kwa usumbufu, bali anayechukia kutoa rehani kwa namna ya ahadi yupo salama.
၁၅အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
16 Mwanamke mwenye rehema hupata heshima, bali watu wakorofi hufumbata utajiri.
၁၆နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
17 Mtu mkarimu hufaidika mwenyewe, bali mkatili hujiumiza mwenyewe.
၁၇သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
18 Mtu mwovu husema uongo kupata mishahara yake, bali yeye apandaye haki anavuna mishahara ya kweli.
၁၈မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
19 Mtu mwaminifu atendaye haki ataishi, bali yeye atendaye uovu atakufa.
၁၉ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
20 Yehova anawachukia wenye ukaidi mioyoni, bali anawapenda wale ambao njia zao hazina makosa.
၂၀သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
21 Uwe na uhakika juu ya hili- watu waovu hawatakosa adhabu, bali uzao wa wale watendao haki watawekwa salama.
၂၁လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
22 Kama pete ya dhahabu kwenye pua ya nguruwe ndiyo alivyo mwanamke mzuri asiye na busara.
၂၂သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
23 Shauku ya wale watendao haki ni matokeo mema, bali watu waovu wanaweza kutumainia ghadhabu tu.
၂၃ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
24 Kuna yule ambaye hupanda mbegu- atakusanya zaidi; mwingine hapandi- huyo anakuwa masikini.
၂၄စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
25 Mtu mkarimu atafanikiwa na yule awapaye maji wengine atapata maji yake mwenyewe.
၂၅စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
26 Watu wanamlaani mtu ambaye hukataa kuuza nafaka, bali zawadi njema hufunika kichwa chake ambaye huuza nafaka.
၂၆စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
27 Yule ambaye hutafuta mema kwa bidii pia anatafuta kibali, bali yule atafutaye ubaya atapata ubaya.
၂၇ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
28 Wale wanaotumaini utajiri wataanguka, bali kama jani, wale watendao haki watasitawi.
၂၈မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
29 Yule ambaye analeta taabu kwenye kaya yake ataurithi upepo na mpumbavu atakuwa mtumishi wa wenye moyo wa hekima.
၂၉မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
30 Wale watendao haki watakuwa kama mti wa uzima, lakini vurugu huondoa uzima.
၃၀ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
31 Tazama! Ikiwa wale watendao haki hupokea wanachositahili, je si zaidi kwa waovu na wenye dhambi!
၃၁ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။

< Mithali 11 >