< Hesabu 9 >

1 BWANA akanena na Musa katika katika jangwa la Sinai, mwezi wa kwanza wa mwaka wa pili baada ya kutoka katika nci ya Misri. Akasema,
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​၌​မော​ရှေ​အား၊-
2 “Wana wa Israeli wataikumbuka Pasaka katika wakati wake kila mwaka.
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခု​လ​တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​မှ​အ​စ​ပြု​၍​ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
3 Siku ya kumi na nne ya mwezi huu, muda wa jioni, utaikumbuka Pasaka kila mwaka kwa muda uliopanggwa. Lazima uikumbuke, fuata taratibu zake zote na utii sheria zake zote zinazohusiana na tukio hilo.
4 Kwa hiyo, Musa akawaambia wana wa Isareli kuwa wataishika sikukuu ya Pasaka.
သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ဆင့်​ဆို​သည့်​အ​တိုင်း၊-
5 Kwa hiyo wakaishika sikuu ya Pasaka katika mwezi wa kwanza, wakati wa jioni wa siku ya kumi na nne ya mwezi katika jangwa la Sinai. Wana wa Israeli walitii kila kitu ambacho BWANA alimwamuru Musa kukifanya.
သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။
6 Kulikuwa na watu fulani walionajisika kwa sababu ya maiti ya mtu. Hawakuweza kuishika Pasaka siku hiyo. Kwa hiyo walikwenda kwa Musa na Haruni siku hiyohiyo.
သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ထို​နေ့​တွင်​ပ​သ​ခါ​ပွဲ​တော်​ကို​မ​ဝင်​နိုင်​ကြ​ချေ။ သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သွား​၍၊-
7 Wakamwambia Musa, “Sisi tumenajisika kwa sababu ya maiti ya mtu. Kwa nini basi unatutaka tuendelee kutoa sadaka kwa BWANA kwa wakati wa mwaka uliopangwa kwa wana wa Israeli?”
``အ​ကျွန်ုပ်​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​ကြ​ပါ။ အ​ခြား​သူ​များ​နည်း​တူ​အ​ကျွန်ုပ်​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ခြင်း​မ​ပြု​လုပ်​နိုင်​ပြီ​လော'' ဟု​မေး​လျှောက်​ကြ​၏။
8 Naye Musa akawaambia, “Subirini nimsikilize BWANA ataniambia nini juu Yenu.”
ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မည်​သို့​ညွှန်​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​ကြ​လော့'' ဟု​ဆို​၏။
9 BWANA akanena na Musa, akamwambia,
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ယ​ခု​ဖြစ်​စေ၊ နောင်​အ​ခါ​ဖြစ်​စေ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သည် ပ​သ​ခါ​ပွဲ​ခံ​ချိန်​၌​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​သူ​သည်​လည်း​ကောင်း၊ ရပ်​ဝေး​သို့​ခ​ရီး​လွန်​နေ​သူ​သည်​လည်း​ကောင်း​ပ​သ​ခါ​ပွဲ​ခံ​လို​သော်၊-
10 “Nena na wana wa Israeli, uwaambie, 'kama mmoja wenu au mwana wa uzao wenu amenajisika kwa sababu ya maiti, au ana safari ndefu, bado anaweza kuishika Pasaka ya BWANA.
၁၀
11 Wataishika Pasaka siku ya kumi na nne ya mwezi wa pili wakati wa jioni. Wataila kwa mikate isyotiwa chahcu na mboga chungu.
၁၁တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-
12 Wasiiache mpaka jioni, au kuvunja mifupa yake. Watafuata taratibu zote za Pasaka.
၁၂နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-
13 Lakini mtu yeyote asiye najisi na hayuko safarini, na akashindwa kuishika Pasaka, huyo mtu lazima aondolewe kati ya watu wake kwa sababu hakutoa sadaka ambayo BWANA huitaka kwa wakati wa mwaka uliopangwa. Huyo mtu lazima aibebe dhambi yake.
၁၃တစ်​စုံ​တစ်​ယောက်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​လျက်​နှင့် ခ​ရီး​မ​လွန်​ဘဲ​ရှိ​လျက်​နှင့် ပ​သ​ခါ​ပွဲ​ခံ​ချိန်​တွင်​ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​လျှင် ထို​သူ့​ကို​ငါ​၏​လူ​မျိုး​တော်​အ​ထဲ​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​လျောက်​ဒဏ်​ခံ​ရ​မည်။
14 Kama mtu mgeni anayeishi kati yenu na akaishika, Pasaka kwa heshima ya BWANA, ataishika na kufanya amri zote, na kutii taratibu zake. Utakuwa na sheria hizohizo kwa wageni na kwa wote waliaozaliwa katika nchi.
၁၄``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။
15 Na siku hiyo ambayo masikani iliposimamishwa, wingu lilifunika masikani, ile hema ya amari ya agano. Ilipokuwa jioni wingu lilkuwa juu ya masikani. Lilionekana kama moto mpaka asubuhi.
၁၅ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ထူ​သော​နေ့​တွင် မိုး​တိမ်​သက်​ဆင်း​လာ​၍​တဲ​တော်​ကို​ဖုံး​လွှမ်း​လေ​သည်။ ည​အ​ချိန်​တွင်​မိုး​တိမ်​သည်​မီး​လျှံ​ကဲ့​သို့​တောက်​ပ​လျက်​ရှိ​၏။-
16 Liliendelea hivyohivyo. Lile wingu lilifunika masikani na kuonekana kama moto wakati wa usiku.
၁၆
17 Na kila wingu lilipochukuliwa kutoka kwenye hema, wana wa Isareli waliendelea na safari yao. Na kila wingu liliposimama, watu waliweka kambi.
၁၇မိုး​တိမ်​အ​ထက်​သို့​တက်​သည့်​အ​ခါ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စ​ခန်း​ဖြုတ်​၍​မိုး​တိမ်​သက်​ဆင်း​သည့်​နေ​ရာ​တွင်​တစ်​ဖန်​စ​ခန်း​ချကြ​၏။-
18 Wana wa Israrli walisafiri kwa amri ya BWANA, na kwa amri yake waliweka kambi. Wakati wingu liliposimama juu ya masikani, nao walikaa kwenye kambi zao.
၁၈သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​စ​ခန်း​ဖြုတ်​ခြင်း၊ စ​ခန်း​ချ​ခြင်း​ပြု​ကြ​၏။ မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​တည်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​စ​ခန်း​မ​ဖြုတ်​ကြ​ချေ။-
19 Na wingu lilipobaki kwenye masikani kwa siku nyingi, wana wa Israeli walitakiwa kutii maelekezo ya BWANA na kusitisha safari yao.
၁၉မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​အ​ချိန်​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​သော​အ​ခါ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ​ချေ။-
20 Wakati mwingine wingu lilibaki kwa siku chache tu kwenye masikani. Kwa mazingira kama hayo walilazimika kutii amri ya BWANA - waliweka kambi na kisha kuendelea na safari tena kwa amri yake.
၂၀တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​ရက်​အ​နည်း​ငယ်​မျှ​သာ​တည်​ရှိ​နေ​၏။ မည်​သို့​ပင်​ဖြစ်​စေ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သာ စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ကို​ပြု​လုပ်​ကြ​သည်။-
21 Wakati mwingine wingu lilikuwepo kambini kuanzia jioni mpaka asubuhi. Na wingu liliponyanyuliwa asubuhi, walisafiri. Kama liliendelea kwa mchana wote na kwa usiku wote, ni pale tu wingu liliponyanyuliwa ndipo walipoendelea na safari.
၂၁တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-
22 Hata kama wingu lilibaki kwenye masikini kwa siku mbili, kwa mwezi mmoja, au kwa mwaka mmoja, ili mradi tu limebaki pale, wana wa Israeli walibaki kwenye kambi zao na kusitisha safari. Lakini pale wingu liliponyanyuliwa, walianza safari yao.
၂၂တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။-
23 Walifanya kambi kwa amri ya BWANA, na walisafiri kwa amri yake. Walitii amri ya BWANA iliyotolewa kupitia kwa Musa
၂၃မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သော​အ​မိန့်​တော်​အ​ရ သူ​တို့​သည်​စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ပြု​လုပ်​ကြ​၏။

< Hesabu 9 >