< Hesabu 3 >

1 Sasa hii ndiyo historia ya uzao wa Haruni na Musa wakati BWANA aliposema na Musa kwenye mlima Sinai.
ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
2 Majina ya watoto wa Haruni walikuwa Nadabu ambaye ndiyo mtoto wa kwanza, na Abihu, na Eliezeri, na Ithamari.
အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
3 Haya ndiyo majina ya wana wa Haruni, makuhani waliokuwa wamepakwa mafuta na kuwekwa wakfu kutumika kama makuhani.
ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
4 Lakini Nadabu na Abihu walikufa mbele ya BWANA walipomtolea moto usiokubalika walipokuwa katika nyika ya Sinai. Nadabu na Abihu hawakuwa na watoto, kwa hiyo Eliazari na Ithamari walitumika kama makuhani pamoja na baba yao.
နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
5 BWANA alinena na Musa, akamwambia,
ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊
6 “Walete kabila ya Lawi na uwaweke kwa Haruni kuhani ili wamsaidie
သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။
7 Nao lazima wafanye majukumu badala ya Haruni na jumuiya yote mbele ya hema ya kukutania. Lazima watumike hemani.
သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
8 Watayatunza mapambo ya hema ya kukutania, na watawatumikia makabila ya Israel kwa huduma ya hemani.
သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
9 Uwaweke Walawi kwa Haruni na watoto wake. Nimewatoa kikamilifu ili wamsaidie kuwatumikia watu wa Israel.
လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။
10 Umchague Haruni na watoto wake kuwa makuhani, lakini mgeni yeyote atakayekaribia lazima auawe.”
၁၀အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
11 BWANA alinena na Musa. akamwambia,
၁၁တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
12 “Tazama, nimewachagua Walawi katika watu wa Israel. Nimefanya hivyo badala ya kuchukua mzaliwa wa kwanza wa kiume wa wana wa Israel. Hawa Walawi ni wangu.
၁၂ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
13 Na hata wazaliwa wa kwanza ni mali yangu. Katika siku ambyo niliwavamia wazaliwa wote wa kwanza wa nchi ya Misri, Niliwatenga wazaliwa wa kwanza wa Israeli kwa ajili yangu, watu na wanyama pia. Ni mali yangu. Mimi ndimi BWANA.”
၁၃အကြော်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
14 BWANA alinena na Musa katika nyika ya Sinai. Akasema,
၁၄တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊
15 “Wahesabu uzao wa Lawi katika kila familia, katika nyumba za koo zao. Hesabu kila mume kuanzia mwezi mmoja au zaidi.”
၁၅လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊
16 Musa aliwahesabu, kufuata maelekezo ya BWANA, kama alivyoamriwa kufanya.
၁၆မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။
17 Majina ya watoto waLawi yalikuwa Gerishoni, Kohathi, na Merari.
၁၇လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
18 Ukoo uliotokana na watoto wa Gerishoni walikuwa ni Libni na Shimei.
၁၈မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။
19 Ukoo uliotokana na watoto Kohathi walikuwa ni Amramu na, Izihari, Hebroni, na Uzieli.
၁၉မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
20 Ukoo uliotokana na watoto wa Merari walikuwa ni Mahili na Mushi. Hizi ndizo koo za Walawi, zilizoorodheshwa ukoo kwa ukoo.
၂၀မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
21 Koo za Walibini na Washimei zilitokana na Wagerishoni. Hizi ndizo koo za Wagerishoni.
၂၁ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
22 Wanaume wote wenye umri wa mwezi mmoja au zaidi walihesabiwa na kufikia idadi ya 7, 500.
၂၂ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။
23 Koo za Wagerishoni watapanga upande wa magharibi wa hema.
၂၃ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
24 Eliasafu mwana wa Laeli ataongoza koo za uzao wa Wagerishoni.
၂၄ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။
25 Familia ya Gerishoni watalilinda hema la kukutania pamoja na hiyo masikani. Watalilinda hema, kifuniko chake, na lile pazia la lango la hema ya kukutania.
၂၅ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
26 Wataulinda ua, lile pazia la kwenye lango—ua unaozunguka mahali patakatifu na madhabahu. Watazilinda kamba za hema ya kukutania na vyote vilivyomo.
၂၆တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27 Koo zifuatazo zinatokana na Kohathi: ukoo wa Waamrami, ukoo wa Waizihari ukoo wa Wahebroni, na ukoo wa Wauzieli. Koo hizi zinatokana na Wakohathi.
၂၇ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။
28 Wanaume 8, 600 wenye umri wa mwezi mmoja au zaidi walihesabiwa ili kulinda vitu vya BWANA.
၂၈တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။
29 Familia ya uzao wa Kohathi watapanga upande wa kusini wa Hema.
၂၉ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။
30 Elizafani mwana wa Uzieli ndiye atakayeongoza ukoo wa Wakohathi.
၃၀ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။
31 Watalilinda sanduku, meza, vikalishio vya taa, madhabahu, vitu vitakatifu ambvyo hutumika katika huduma yao, pazia, na kazi zote zinazoambatana na hema.
၃၁သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။
32 Eliazari mwana wa Haruni kuhani atawaongoza wanaume wanaowaongoza Walawi. Atawasimamia wanaume wanaongoza eneo takatifu.
၃၂ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။
33 Koo mbili zimetoka kwa Merari: Ukoo wa Mahili na ukoo wa Mushi. Koo hizi zimetokana na Merari,
၃၃မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
34 Wanaume 6, 200 wenye umri wa mwezi mmoja na zaidi walihesabiwa.
၃၄ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
35 Zurieli mwana wa Abihaili ataongoza ukoo wa Merari. Hawa watapanga upande wa kaskazini mwa hema.
၃၅မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
36 Uzao wa Merari utatunza mbao za hema, mataruma, nguzo, makalishio, viifaa vya ujenzi na vitu vyote vinavyohusika,
၃၆မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
37 na nguzo za ua zinazozunguka hema, makalishio, vigingi na kamba zake.
၃၇ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
38 Musa na Haruni na watoto wake watapanga upande wa mashariki wa masikani, mbele ya hema ya kukutania kuelekea mawio ya jua. Wao wataajibika na majukumu ya mahali patakatifu na majukumu ya wana wa Israeli. Mgeni atakayekaribia mahali patakatifu auawe.
၃၈မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
39 Musa na Haruni wakawahesabu wanaume wote wa ukoo wa Walawi walikuwa na umri wa mwezi mmoja na zaidi, kama vile BWANA alivyokuwa ameagiza. Walihesabu wanaume ishirini na mbili elfu.
၃၉ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
40 BWANA alisema na Musa, “Wahesabu wanaume wote ambo ni wazaliwa wa kwanza wa Israeli ambao wana umri wa mwezi mmoja na zaidi. Orodhesha majina yao.
၄၀တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
41 Unitwalie walawi kwa ajili yangu badala ya wazaliwa wa kwanza wa Israeli, Mimi ndimi BWANA. Na utwae wanyama wa Walawi badala ya wazaliwa wa kwanza wa wanyama wa uzao wa Israeli,”
၄၁ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
42 Musa akawahesabu wazaliwa wa kwanza wote wa Israeli kama BWANA alivyomwagiza kufanya.
၄၂မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
43 Aliwahesabu wazaliwa wote wa kwanza kwa mjina, wenye umri wa mwezi mmoja na zaidi. Alihesabu wanaume 22, 273.
၄၃အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။
44 Tena BWANA alinena na Musa. Akasema,
၄၄တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
45 “Watwae Walawi badala ya wazaliwa wote wa kwanza wa wana wa Israeli. Na utwae wanyama wa Walawi badala ya wanyama wa Waisreli wengine. Walawi ni mali yangu. Mimi ndimi BWANA.
၄၅ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
46 Unikusanyie shekeli tano za wokovu kwa kila hao 273 za hao wazaliwa wa kwanza wa Israeli za hao wanaozidi idadi ya Walawi.
၄၆လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
47 Utazitumia hizo shekeli tano kwa kipimo cha mahali patakatifu. Shekeli moja ni sawa na gera ishirini.
၄၇အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
48 Utawalipa hizo shekeli za wokovu kwa Haruni na wanawe.”
၄၈ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
49 Kwa hiyo Musa akakusanya shakeli za wokovu kutoka kwa wale waliozidi idadi ya wale waliookolewa na Walawi.
၄၉လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
50 Musa akakusanya zile fedha kutoka kwa hao wazaliwa wa kwanza wa wana wa Israeli. Alikusanya jumla ya shekeli 1, 365, zenye kipimo sawa na mahali patakatifu. Musa akamlipa Haruni na wanawe hizo shekeli za wokovu.
၅၀မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
51 Musa akafanya kila kitu alichoagizwa na neno la BWANA kama BWANA alivyomwagiza.
၅၁ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။

< Hesabu 3 >