< Hesabu 14 >

1 Usiku huo watu wote walilia kwa sauti.
ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​တစ်​ည​လုံး ငို​ကြွေး​မြည်​တမ်း​ကြ​လေ​သည်။-
2 Watu wote wa Israeli wakamlalamikia Musa na Haruni. Watu wote wakawaambia, “Ni bora kama tungelifia katika nchi ya Misri, au katika hili!
သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။-
3 Kwa nini BWANA alituleta katika nchi hii ili tufe kwa upanga? Wake zetu na watoto wetu watakuwa watumwa wao. Je, si bora kwetu kurudi Misri?”
ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။-
4 Wakasemezana wao kwa wao, “Na tuchague kiongozi mwingine, turudi Misri.”
ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။
5 Ndipo Musa na Haruni wakalala kifudifudi mbele ya kundi lote la wana wa Israeli.
ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ အ​ပေါင်း​တို့​ရှေ့​တွင်​မြေ​ပေါ်​၌​ပျပ်​ဝပ် လျက်​နေ​ကြ​၏။-
6 Joshua mwana wa Nuni na Kalebu mwana wa Yefune, ambao walikuwa miongoni mwa wale waliokuwa waemtumwa kwenda kuipeleleza nchi wakachana mavazi yao.
ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-
7 Wakawaambia watu wote wa Israeli. Walisema, “Ile nchi tuliyopita katikati yake ni nchi nzuri sana.
``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။-
8 Kama BWANA amependezwa nasi, basi atatuingiza katika nchi hii na kutupatia. Ile nchi inatiririka maziwa na asali.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-
9 Lakini msimwasi BWANA, na msiwahofie hao wakazi wa nchi hiyo. Tutawateketeza kwa urahisi kama kula chakula. Ulinzi wao utaondolewa kutoka kwao, kwa sababu BWANA yuko pamoja nasi. Msiwahofie.”
ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-
10 Lakini watu wote walitishia kuwapiga kwa mawe mpaka wafe. Kisha utukufuwa BWANA ukaonekana kwenye hema ya kukutania kwa watu wote wa Israeli.
၁၀လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား​ကို​ကြား လျှင် သူ​တို့​နှစ်​ဦး​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​သတ် ရန်​ကြိုး​စား​အား​ထုတ်​ကြ​လေ​သည်။ သို့​ရာ တွင်​ထို​ခ​ဏ​ချင်း​၌​ထာ​ဝ​ရ​ဘု​ရား​၏ ဘုန်း​ရောင်​ခြည်​တော်​သည် တဲ​တော်​ပေါ်​တွင် ထွန်း​တောက်​နေ​သည်​ကို​သူ​တို့​မြင်​ကြ​၏။
11 BWANA akamwambi Musa, “watu hawa watanidharau hadi lini? Wataendelea kutoniamini mpaka lini? Nijapokuwa nimefanya ishara kwa nguvu zangu kati yao?
၁၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-
12 Nitawapiga kwa mapigo, na kuwaondolea urithi, na kufanya taifa kubwa kutoka kwenye ukoo wako ambalo litakuwa kubwa na lenye nguvu kuliko wao.
၁၂ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
13 Musa akamwambia BWANA, “Kama utafanya hivi, Na Wamisiri wakisikia habari hizi, na kwa sababu uliwaokoa kutoka kwao kwa nguvu zako.
၁၃ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား အား``ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို​တန်​ခိုး တော်​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​ပါ​သည်။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ကိုယ်​တော်​ဘေး ဒဏ်​သင့်​စေ​ကြောင်း​ကြား​ရ​သော​အ​ခါ၊-
14 Basi watawaambia wakazi wa nchi hii. Wamesikia ya kuwa wewe BWANA u kati ya watu hawa, kwa sababu uso wako waonekana. Wingu lako husimama juu ya watu wetu. Wewe huwatangulia katika nguzo ya wingu wakati wa mchana na katika nguzo ya moto wakati wa usiku.
၁၄သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-
15 Sasa kama utawaua hawa watu kama mtu mmoja, basi mataifa ambao wamesikia sifa zako watasema,
၁၅ယ​ခု​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လျှင် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း ကို​ကြား​ခဲ့​ဖူး​သော​လူ​မျိုး​များ​က၊-
16 “Kwa Sababu BWANA hana uwezo wa kuwapeleka watu hawa katika nchi ambayo aliwaapia kuwapa, ndiyo maana amewaua katika jangwa hili.'
၁၆ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။-
17 Sasa, nakusihi, utumie uweza wako. Kwa kuwa umesema kuwa,
၁၇သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကိုယ်​တော် ၏​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သည်း​ခံ​သော​သ​ဘော​ရှိ ၏။ မေတ္တာ​က​ရု​ဏာ​နှင့်​ကြွယ်​ဝ​၍​ဒု​စ​ရိုက်​အ​ပြစ် နှင့်​ပုန်​ကန်​ခြင်း​အ​ပြစ်​တို့​ကို​လွှတ်​တော်​မူ​၏။ သို့ သော်​လည်း​မိ​ဘ​တို့​၏​အ​ပြစ်​အ​တွက်​သူ​တို့ ၏​သား​မြေး​မှ​စ​၍​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ မျိုး​ဆက်​သို့​တိုင်​အောင်​ပင်​ဒဏ်​ခတ်​တော်​မူ​မည်' ဟု​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ။-
18 'BWANA si mwepesi wa hasira na ni mwingi wa uaminifu katika agano. Yeye husamehe uovu na uasi. Kwa vyovyote vile atafutilia hatia atakapoleta hukumu ya dhambi za mababu juu ya wazao wao, kwa kizazi cha tatu na cha nne.'
၁၈
19 Ninakusihi uwasameha watu hawa dhambi zao kwa sababu ya ukuu wa uaminifu wa agano lako, kama vile ambavyo umekuwa ukiwasamehe watu hawa tokea wakati wakiwa Misri mpaka sasa.”
၁၉အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။
20 BWANA akasema, Nimewasamehe kwa kama ulivyoomba,
၂၀ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-
21 bali kama Niishivyo, na kama vile dunia yote itakavyojazwa na utukufu wangu,
၂၁ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊-
22 watu wote walioona utukufu wangu na ishara za nguvu zangu nilizotenda kule Misri na kule jangwani - Lakini bado wamenijaribu mara kumi sasa na hawakuisikiliza sauti yangu.
၂၂ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။-
23 Kwa hiyo nasema kwamba hakika hawataiona nchi ile ambayo niliwaahdi kuwapa mababu zao. Hakuna hata mmoja wao ambao wamenidharau watakaoiona,
၂၃သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-
24 isipokuwa mtumishi wangu Kalebu, kwa sababu alikuwa na roho nyingine. Yeye amenifuata kwa ukamilifu; Yeye nitampeleka katika nchi hiyo ambayo alienda kuipeleleza. Wazao wake wataimilki.
၂၄သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။
25 (Sasa Waamaleki na Wakanani waliishi katika bonde.) Kesho mtageuka na kwenda katika jangwa kwa njia ya bahari ya Shamu.”
၂၅
26 BWANA akanena na Musa na Haruni, akasema,
၂၆ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား၊-
27 “Nitaivumilia jamii ya watu hawa waovu ambao wananinung'unikia mpaka lini? Nimeyasikia malalamiko ya wana wa Israeli dhidi yangu.
၂၇``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။-
28 Waambie, 'Kama niishivyo,' asema BWANA, 'kama vile mlivyosema katika masikio yake, nitawafanyia jambo hili:
၂၈ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။-
29 Maiti zenu zitaanguka katika jangwa hili, Ninyi nyote mliolalamika dhidi yangu, ninyi mliohesabiwa kwenye ile sensa, idadi yote ya watu kuanzia umri wa mika ishirini na kuendelea.
၂၉သင်​တို့​သည်​တော​ကန္တာ​ရ​၌​ပင်​သေ​ဆုံး ကြ​လိမ့်​မည်။ ဤ​တော​သည်​သင်​တို့​၏​သင်္ချိုင်း ဖြစ်​လိမ့်​မည်။ သင်​တို့​သည်​ငါ့​ကို​အ​ပြစ်​တင် ညည်း​ညူ​ကြ​သော​ကြောင့် အ​သက်​နှစ်​ဆယ် ကျော်​သူ​တစ်​ယောက်​မျှ​ထို​ပြည်​သို့ မ​ဝင်​ရ။-
30 Kwa hakika hamtaingia kwenye ile nchi ambayo niliahidi kuwapa kuwa makazi yenu, isipokuwa Kalebu mwana wa Yefune na Joshua mwana wa Nuni.
၃၀သင်​တို့​ကို​နေ​ထိုင်​စေ​မည်​ဟု​က​တိ​ထား သော​ပြည်​သို့ ကာ​လက်​နှင့်​ယော​ရှု​မှ​တစ်​ပါး မည်​သူ​မျှ​မ​ဝင်​ရ။-
31 Bali watoto wenu ambao mlisema kuwa watakuwa watumwa, wao ndio nitakaowapeleka katika nchi hiyo. Wao wataifurahia nchi ambayo nInyi mmeikataa!
၃၁သင်​တို့​၏​သား​သ​မီး​များ​ကို​ရန်​သူ​ဖမ်း​သွား လိမ့်​မည်​ဟု​သင်​တို့​ဆို​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​မ​သွား​လို​သော​ပြည်​သို့​သင်​တို့ ၏​က​လေး​များ​ကို​ပို့​ဆောင်​သ​ဖြင့် သူ​တို့ သည်​ထို​ပြည်​တွင်​နေ​ထိုင်​ရ​လိမ့်​မည်။-
32 Lakini ninyi, maiti zenu zitaanguka katika jangwa hili.
၃၂သင်​တို့​မူ​ကား​ဤ​တော​ကန္တာ​ရ​၌​သေ​ဆုံး​ရ ကြ​မည်။-
33 Watoto wenu watakuwa wachungaji katika jangwa hili kwa muda wa miaka arobaini. Lazima watabeba madhara ya matendo yenu ya kutokuamini mpaka mwisho wa maiti ya mwisho jangwani.
၃၃သင်​တို့​ယုံ​ကြည်​မှု​ကင်း​မဲ့​သော​ကြောင့်​ဤ တော​ကန္တာ​ရ​၌​သင်​တို့​အ​နက် နောက်​ဆုံး​သော သူ​ကွယ်​လွန်​သည်​အ​ထိ​သင်​တို့​၏​သား​သ​မီး များ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင်​တော ကန္တာ​ရ​၌​လှည့်​လည်​နေ​ထိုင်​ရ​ကြ​မည်။-
34 Kama vile ilivyo hesabu ya siku ambayo mliipeleleza nchi—siku arobaini, vivyo hivyo mtabeba madhara ya dhambi zenu kwa muda wa miaka arobaini—mwaka mmoja kwa kila siku moja, na mtajua kuwa ni sawa na kuwa adui yangu.
၃၄သင်​တို့​ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ရက်​ပေါင်း​လေး​ဆယ်​အ​တွက် တစ်​ရက်​လျှင် တစ်​နှစ်​ကျ​ဖြင့်​သင်​တို့​၏​အ​ပြစ်​ဒဏ်​ကို​နှစ် ပေါင်း​လေး​ဆယ်​ခံ​ရ​ကြ​မည်။ သင်​တို့​သည်​ငါ ၏​ပစ်​ပယ်​ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
35 Mimi BWANA nimesema. Hakika nitafanya hivi kwa kizazi hiki chote kiovu ambacho kimekusanyika kinyume na Mimi. Wao watakatwa kabisa, na watafia hapa.'”
၃၅ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ဆိုး​သွမ်း​သည့် သင်​တို့​အ​ပေါင်း​ကို ငါ​သည်​မု​ချ​ဒဏ်​ခတ်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​တော​ကန္တာ​ရ​တွင်​သေ ကြေ​ပျက်​စီး​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
36 Kwa hiyo wale wanaume ambao Musa aliwatuma kwenda kuingalia ile nchi wote walikufa kwa tauni mbele ya BWANA.
၃၆ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန်​မော​ရှေ စေ​လွှတ်​သော​သူ​တို့​သည် မ​မှန်​သ​တင်း​ကို​ယူ ဆောင်​ခဲ့​ကြ​သ​ဖြင့် ကြား​ရ​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​တင်​ညည်း​တွား ကြ​၏။ ထို့​ကြောင့်​ထာဝ​ရ​ဘု​ရား​သည်​မ​မှန် သ​တင်း​ယူ​ဆောင်​လာ​ခဲ့​သူ​တို့​အား ကပ် ရော​ဂါ​ဖြင့်​သေ​ဆုံး​စေ​တော်​မူ​၏။-
37 Hawa ni wale ambao waliorudi na kutoa taarifa mbaya juu ya nchi. Hii iliwafanya watu wote wamlalamikie Musa.
၃၇
38 Kati ya watu wale waliokuwa wameenda kuiangalia nchi ile, ni Joshua mwana wa Nuni na Kalebu mwana wa Yefune tu ndio waliobaki hai.
၃၈စုံ​စမ်း​ထောက်​လှမ်း​သူ​တစ်​ဆယ့်​နှစ်​ဦး​အ​နက် ယော​ရှု​နှင့်​ကာ​လက်​သာ​လျှင်​အ​သက်​ချမ်း သာ​ရာ​ရ​လေ​သည်။
39 Musa alipowataarifu mambo haya watu wote wa Israeli waliomboleza sana.
၃၉မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ကြား သော​အ​ခါ သူ​တို့​သည်​အ​လွန်​ဝမ်း​နည်း ကြေ​ကွဲ​ကြ​၏။-
40 Waliamka asubuhi na mapema wakaenda juu ya mlima na kisha wakasema, “Tazama, tuko hapa, na tutaenda mahali pale ambapo BWANA ametuahidi, kwa kuwa tumetenda dhambi.”
၄၀နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​တွင် သူ​တို့ သည်​တောင်​ကုန်း​ဒေ​သ​ကို​ဝင်​ရောက်​သိမ်း​ပိုက် ရန်​စ​တင်​ချီ​တက်​ကြ​လေ​သည်။ သူ​တို့​က``ထာ ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယ​ခု​ငါ​တို့​သွား​ပါ​မည်။ ငါ​တို့​ပြစ်​မှား​မိ ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ဆို​ကြ​လေ​သည်။
41 Lakini Musa akasema, “Kwa nini sasa mnapinga amri ya BWANA? hamtafanikiwa.
၄၁သို့​ရာ​တွင်​မော​ရှေ​က``သင်​တို့​အ​ဘယ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယ​ခု​မ​နာ ခံ​ကြ​သ​နည်း။ သင်​တို့​အ​ကြံ​အောင်​မြင်​မည် မ​ဟုတ်။-
42 Msiende, kwa sababu BWANA hayuko pamoja nanyi kuwalinda dhidi ya maadui zenu.
၄၂မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​အ​တူ​မ​ရှိ​သ​ဖြင့် ရန်​သူ​တို့​သည်​သင် တို့​ကို​အ​နိုင်​ရ​လိမ့်​မည်။-
43 Waamaleki na Wakanaani wako kule, na mtakufa kwa upanga kwa sababu mliumtegea mgongo BWANA na hamkumfuata. Kwa hiyo hatakuwa pamoja nanyi.
၄၃သင်​တို့​သည်​အာ​မ​လက်​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား​တို့​နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​ကျ​ဆုံး​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပစ်​ခြင်း​ကြောင့် ကိုယ်​တော်​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်​မ​ဟုတ်'' ဟု​ဆို လေ​၏။
44 Lakini walithubutu kukwea mlimani; lakini si Musa wala Sanduku la agano la BWANA walioondoka kambini.
၄၄ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​ကောင်း၊ မော​ရှေ​သည်​လည်း​ကောင်း​စ​ခန်း​မှ မ​ထွက်​ခွာ​သော်​လည်း သူ​တို့​သည်​တောင်​ကုန်း ဒေ​သ​သို့​အ​ရဲ​စွန့်​၍​ချီ​တက်​ကြ​လေ​သည်။-
45 Kisha Waamaleki walikuja chini, pia wale Wakanaani walioshi kwenye hiyo milima. Wakawavamia Waisreli wakawapiga na kuwaangusha mpaka Horima.
၄၅ထို​အ​ရပ်​၌​နေ​ထိုင်​ကြ​သော​အာ​မ​လက် အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သူ​တို့​တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​ကို​ဟော မာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​လေ​သည်။

< Hesabu 14 >