< Nehemia 8 >
1 Watu wote walikusanyika kama mtu mmoja katika eneo la wazi mbele ya lango la maji. Wakamwomba Ezra mwandishi akilete Kitabu cha Sheria ya Musa, ambacho Bwana aliwaamuru Israeli.
၁သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-
2 Siku ya kwanza ya mwezi wa saba, Ezra, kuhani, akaleta sheria mbele ya mkutano, wanaume na wanawake, na wote waliokuwa na uwezo wa kusikia na kuelewa.
၂ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
3 Akatizama eneo lililo wazi mbele ya lango la Maji, na akasoma toka asubuhi hadi adhuhuri, mbele ya wanaume na wanawake, na yeyote ambaye angeweza kuelewa. Na wote wakasikiliza kwa makini kitabu cha Sheria.
၃တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
4 Na Ezra, mwandishi, alisimama juu ya jukwaa la mbao ambalo watu walikuwa wametengeneza kwa kusudi hilo. Pembeni yake walisimama Matithia, Shema, Anaya, Uria, Hilkia na Maaseya, upande wake wa kuume; na Pedaya, Misbaeli, Malkiya, Hashumu, Hashbadani, Zekaria na Meshulamu walikuwa wamesimama upande wake wa kushoto.
၄ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။
5 Ezra alifungua kitabu mbele ya watu wote, kwa kuwa alikuwa amesimama juu ya watu, na alipoufungua watu wote wakasimama.
၅ဧဇရသည်ထိုသူတို့၏အထက်စင်မြင့်ပေါ် မှာရပ်လျက်နေစဉ် လူအပေါင်းတို့သည်သူ့ ကိုစိုက်ကြည့်ကြ၏။ ပညတ်ကျမ်းကိုဖွင့် လိုက်သောအခါသူတို့သည်ထကြ၏။-
6 Ezra akamshukuru Bwana, Mungu mkuu; na watu wote wakainua mikono yao, wakajibu, “Amina! Amina!” Wakainamisha vichwa vyao, wakamwabudu Bwana kwa nyuso zao zikiwa chini.
၆ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။
7 Yeshua, Bani, Sherebia, Yamini, Akubu, Shabethai, Hodai, Maaseya, Kelita, Azaria, Yozabidi, Hanania, Pelaya nao ni Walawi, waliwasaidia watu kuelewa sheria, watu wakakaa mahali pao.
၇ထိုနောက်လူတို့သည် မိမိတို့နေရာတွင်ထ ၍ရပ်ကြ၏။ ထိုအခါသူတို့အားလေဝိ အနွယ်ဝင်ဖြစ်ကြသောယောရှု၊ ဗာနိ၊ ရှေ ရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်နှင့်ပေလာယတို့ကပညတ်ကျမ်း စာတော်၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းပြကြ၏။
8 Wao walisoma katika kitabu, Sheria ya Mungu, wakaeleza wazi kwa tafsiri na kutoa maana ili watu waelewe yaliyosomwa.
၈သူတို့သည်ထာဝရဘုရား၏ ပညတ်တရား တော်ကိုလူတို့နားလည်နိုင်ရန် ဘာသာပြန် ဆို ကာရှင်းပြကြလေသည်။
9 Nehemia, gavana, na Ezra kuhani, na mwandishi, na Walawi waliokuwa wakitafsiri kwa watu, wakawaambia watu wote, Siku hii ni takatifu kwa Bwana, Mungu wenu. Msiomboleze au kulia. Kwa kuwa watu wote walilia wakati waliposikia maneno ya sheria.
၉သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-
10 Nehemia akawaambia, 'Nendeni, mle kilichonona, mkate na maji ya kunywa, na mpelekeni mtu asiye na kitu, kwa maana siku hii ni takatifu kwa Bwana wetu. Msiwe na huzuni, kwa kuwa furaha ya Bwana ni nguvu zenu.
၁၀ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
11 Basi Walawi wakawafanya watu kuwa na utulivu, wakisema, “Nyamazeni! kwa maana siku hii ni takatifu. Msiwe na huzuni.”
၁၁လေဝိအနွယ်ဝင်တို့သည်လှည့်လည်၍ထို နေ့မြတ်၌ ဝမ်းမနည်းဘဲစိတ်တည်ငြိမ်မှု ရှိကြရန်လူတို့အားပြောကြားကြ၏။-
12 Watu wote wakaenda kula na kunywa na kugawana chakula na kusherehekea kwa furaha kubwa kwa sababu walielewa maneno waliyohubiriwa.
၁၂သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။
13 Siku ya pili viongozi wa nyumba za mababu kutoka kwa watu wote, makuhani na Walawi, wakakusanyika kwa Ezra, mwandishi ili kupata ufahamu kutoka kwenye maneno ya sheria.
၁၃နောက်တစ်နေ့၌သားချင်းစုခေါင်းဆောင်များ သည် ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များနှင့်အတူ ပညတ်ကျမ်းကိုလေ့လာရန် ဧဇရထံသို့လာရောက်ကြ၏။-
14 Wakaona imeandikwa katika sheria namna Bwana alivyomuamuru Musa kwamba wana wa Israeli waishi katika hema wakati wa sikukuu ya mwezi wa saba.
၁၄သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။-
15 Wanapaswa kutoa tamko katika miji yao yote, na huko Yerusalemu, wakisema, 'Nendeni nje kwenye nchi ya vilima, na mkalete matawi kutoka kwenye mzeituni mwitu, na matawi ya mihadsi, na matawi ya mitende na matawi ya miti minene ili kufanya vibanda vya muda kama ilivyoandikwa.”
၁၅သို့ဖြစ်၍သူတို့က``ပညတ်ကျမ်းတွင်ဖော်ပြ ပါရှိသည့် ညွှန်ကြားချက်များအတိုင်းတောင် များသို့သွား၍သံလွင်ခက်၊ ထင်းရှူးခက်၊ မုရ တုခက်၊ စွန်ပလွံခက်နှင့်အခြားသစ်ခက် များကိုခုတ်ယူ၍တဲထိုးကြရမည်'' ဟု ယေရုရှလင်မြို့နှင့်တကွအခြားမြို့ရွာ ရှိသမျှတို့ကိုညွှန်ကြားချက်ပေးပို့ကြ လေသည်။
16 Basi watu wakatoka na kuleta matawi, wakajifanyia mahema, kila mmoja juu ya paa zao, katika ua zao, katika mahakama za nyumba ya Mungu, mahali pa wazi pa lango la Maji, na katika mraba wa lango la Efraimu.
၁၆သို့ဖြစ်၍လူတို့သည်သစ်ခက်များကိုခုတ် ၍ မိမိတို့အိမ်မိုးပေါ်၊ အိမ်ဝင်း၊ ဗိမာန်တော် ဝင်း၊ ရေတံခါးနှင့်ဧဖရိမ်တံခါးအနီး ကွက်လပ်များတွင်တဲများထိုးကြ၏။-
17 Kisha kusanyiko lote la wale waliorudi kutoka kifungoni wakafanya mahema na kukaa ndani yake. Kwa kuwa tangu siku za Yoshua, mwana wa Nuni hata siku hiyo, watu wa Israeli hawakuadhimisha sikukuu hii. Na furaha ilikuwa kubwa sana.
၁၇ဖမ်းဆီးသိမ်းသွားရာမှပြန်လာသူလူ အပေါင်းတို့သည် သစ်ခက်တဲများထိုး၍ နေထိုင်ကြလေသည်။ နုန်၏သားယောရှု လက်ထက်မှအစပြု၍ ယနေ့တိုင်အောင် ပထမဆုံးအကြိမ်သစ်ခက်တဲနေပွဲကို ကျင်းပခြင်းဖြစ်၍ လူတိုင်းပင်ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။-
18 Pia siku kwa siku, tangu siku ya kwanza hadi mwisho, Ezra alisoma kutoka Kitabu cha Sheria ya Mungu. Walifanya sikukuu kwa siku saba na siku ya nane kilikuwa na kusanyiko zuri, kwa utiifu wa amri.
၁၈သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။