< Marko 13 >
1 Yesu alipokuwa akitembea kutoka hekaluni, mmoja wa wanafunzi wake akamwuliza, “Mwalimu, tazama mawe haya yakushangaza na majengo!”
၁ဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။
2 Akamwambia, Unaona majengo haya makubwa? Hakuna hata jiwe moja litakalo salia juu ya jingine ambalo halitaangushwa chini”.
၂သခင်ယေရှုက ``ဤအဆောက်အအုံကြီးများ ကို ယခုသင်မြင်သည်မဟုတ်လော။ ယင်းအဆောက် အအုံများမှကျောက်တုံးအားလုံးပင်ပြိုကျ ရလိမ့်မည်။ ကျောက်တစ်တုံးမျှမူလနေရာတွင် ကျန်ရစ်လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
3 Naye alipokuwa amekaa juu ya Mlima wa Mizeituni nyuma ya hekalu, Petro, Yakobo, Yohana na Andrea wakamwuliza kwa siri,
၃ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်ဗိမာန်တော် ဖက်သို့မျက်နှာမူလျက် တစ်ကိုယ်တည်းထိုင်နေ တော်မူသောအခါ၊-
4 “Tuambie, mambo haya yatakuwa lini? Ni nini dalili ya mambo haya kutokea?”
၄ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်အန္ဒြေ-တို့သည် ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအရာများ သည်အဘယ်ကာလ၌ဖြစ်ပျက်ပါမည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌အဘယ် နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ် တို့အားမိန့်တော်မူပါ'' ဟုမေးလျှောက်ကြ၏။
5 Yesu alianza kuwaambia, “Kuweni makini kwamba mtu yoyote asiwapotoshe.
၅သခင်ယေရှုက ``သင်တို့အားသူတစ်ပါး မလှည့်စားစေရန်သတိပြုကြလော့။-
6 Wengi watakuja kwa jina langu wakisema, 'Mimi ndiye', na watawapotosha wengi.
၆လူအများပင်ငါ၏အယောင်ဆောင်လျက်လာ ကြလိမ့်မည်။ သူတို့သည်မေရှိယဖြစ်သည်ဟု ဆို၍လူအများကိုလှည့်ဖြားကြလိမ့်မည်။-
7 Mtakaposikia vita na tetesi za vita, msiogope; mambo haya hayana budi kutokea, lakini mwisho bado.
၇သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားသောအခါ မထိတ်မလန့်ကြ နှင့်။ ဤအမှုအရာများသည်မုချဖြစ်ပျက် ရမည်။ သို့သော်လည်းကပ်ကမ္ဘာကုန်ဆုံးချိန် ကားမကျသေး။-
8 Taifa litainuka kinyume na taifa jingine, na ufalme kinyume na ufalme. Patakuwa na matetemeko sehemu mbalimbali, na njaa. Huu ni mwanzo wa utungu.
၈လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြား တွင်မြေငလျင်လှုပ်၍အစာငတ်မွတ်ခေါင်းပါး လိမ့်မည်။ ဤအမှုအရာများသည်ဆိုက်ရောက် လတ္တံ့သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးဖြစ်၏။''
9 Iweni macho. Watawapeleka hadi mabarazani, na mtapingwa katika masinagogi. Mtasimamishwa mbele ya watawala na wafalme kwa ajili yangu, kama ushuhuda kwao.
၉``သင်တို့သည်သတိနှင့်နေကြလော့။ လူအချို့တို့ သည် သင်တို့ကိုတရားရုံးသို့ပို့အပ်ကြလိမ့်မည်။ တရားဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။ သင် တို့သည်ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့မှောက်သို့ရောက်၍ သတင်း ကောင်းကိုကြေညာရကြလိမ့်မည်။-
10 Lakini injili lazima kwanza ihubiriwe kwa mataifa yote.
၁၀ကပ်ကမ္ဘာကုန်ဆုံးချိန်မရောက်မီသင်တို့သည် သတင်းကောင်းကိုလူအပေါင်းတို့အားဟော ပြောကြေညာရကြမည်။-
11 Watakapo wakamata na kuwakabidhi, msiogope kuhusu kile mtakachosema. Ndani ya muda huo, mtapewa nini cha kusema; hamtakuwa ninyi mtakaoongea, bali Roho Mtakatifu.
၁၁သင်တို့အားဖမ်းဆီး၍တရားရုံးခုံရုံးသို့ ပို့အပ်ကြသောအခါ မည်သို့ပြောဆိုရမည် ကိုကြိုတင်၍မစိုးရိမ်ကြနှင့်။ ထိုခဏ၌ မိမိတို့စိတ်တွင်ပေါ်လာသည့်စကားများကို သာလျှင် သင်တို့ပြောကြလော့။ ယင်းစကားများ သည်သင်တို့စကားများမဟုတ်ဘဲ သန့်ရှင်း သောဝိညာဉ်တော်၏စကားများဖြစ်လိမ့်မည်။-
12 Ndugu atamshitaki ndugu kuuawa, baba na mtoto wake. Watoto watasimama kinyume cha baba zao na kuwasababisha kuuawa.
၁၂လူတို့သည်ညီအစ်ကိုချင်းအားသေစေရန်အပ် ကြလိမ့်မည်။ အဖသည်လည်းသားအားသေစေ ရန်အပ်လိမ့်မည်။ သားသမီးတို့သည်မိဘများ ကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
13 Mtachukiwa na kila mtu kwa sababu ya jina langu. Lakini atakayevumilia mpaka mwisho, mtu huyo ataokoka.
၁၃ငါ၏အတွက်ကြောင့်လူတိုင်းပင်သင်တို့ကိုမုန်း လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သောသူသည်ကယ်တင်ခြင်းကိုခံရလတ္တံ့။''
14 Mtakapoona chukizo la uharibifu limesimama pale lisipotakiwa kusimama (asomaye na afahamu), ndipo walioko ndani ya Yuda wakimbilie milimani,
၁၄``ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာသည် မရှိအပ်သည့်အရပ်တွင်ရှိနေသည်ကို သင်တို့ မြင်ရကြလိမ့်မည်'' (စာဖတ်သူသည်ဤအချက် ကိုနားလည်ပါစေ) ``ထိုသို့မြင်ရကြသော အခါယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။-
15 naye aliyeko juu ya nyumba asishuke chini ya nyumba, au kuchukua chochote kilichoko nje,
၁၅အိမ်မိုးပေါ်တွင်ရှိသူသည်အောက်သို့ဆင်း၍ အိမ်ထဲသို့ဝင်ပြီးလျှင်မည်သည့်အရာကို မျှမယူစေနှင့်။-
16 na aliyeko shambani asirudi kuchukua vazi lake.
၁၆လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံကိုယူရန် အိမ်သို့မပြန်စေနှင့်။-
17 Lakini ole wao wanawake wenye mimba na wanyonyeshao katika siku hizo!
၁၇ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်မိန်းမနှင့် သားသည်မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။-
18 Ombeni kwamba isitokee wakati wa baridi.
၁၈ထိုနေ့ရက်များသည်ဆောင်းဥတု၌မကျ ရောက်ပါစေနှင့်ဟုဆုတောင်းကြလော့။-
19 Kwani patakuwa na mateso makubwa, ambayo hayajawahi kutokea, tangu Mungu alipoumba ulimwengu, mpaka sasa, hapana, wala haitatokea tena.
၁၉လောကကိုဘုရားသခင်ဖန်ဆင်းတော်မူချိန် မှစ၍ အဘယ်ကာလ၌မျှဤဆင်းရဲဒုက္ခမျိုးကို လူတို့မကြုံစဖူး။ နောင်ကာလ၌လည်းတွေ့ကြုံ ရကြလိမ့်မည်မဟုတ်။-
20 Mpaka Bwana atakapopunguza siku, hakuna mwili utakaookoka, lakini kwa ajili ya wateule, atakaowachagua, atapunguza namba za siku.
၂၀ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
21 Wakati huo kama mtu yeyote atawaambia, Tazama, Kristo yuko hapa!' au 'Tazama, yuko pale!' msiamini.
၂၁``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်၊ မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုသော်မယုံကြည်နှင့်။-
22 Kwani Wakristo wa uongo na manabii wa uongo watatokea na watatoa ishara na maajabu, ili kwamba, wawadanganye, yamkini hata wateule.
၂၂မေရှိယအတုအယောင်များနှင့်ပရောဖက် အတုအယောင်များပေါ်လာလိမ့်မည်။ သူတို့ သည်ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ် ထားသူများကိုပင်လှည့်စားနိုင်ရန် အံ့သြဖွယ် အမှုအရာများနှင့်နိမိတ်လက္ခဏာများကို ပြကြလိမ့်မည်။-
23 Iweni macho! Nimekwisha wambia haya yote kabla ya wakati.
၂၃သင်တို့သည်သတိနှင့်နေကြလော့။ ဤအမှု အရာအလုံးစုံတို့မဖြစ်ပေါ်မီသင်တို့ အားငါကြိုတင်ဖော်ပြပြီ။''
24 Lakini baada ya mateso ya siku hizo, jua litatiwa giza, mwezi hautatoa mwanga wake,
၂၄``ဆင်းရဲဒုက္ခများကျရောက်ပြီးသောကာလ၌ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် အလင်းရောင်ကိုပေးလိမ့်မည်မဟုတ်။-
25 nyota zitaanguka kutoka angani, na nguvu zilizoko mbinguni zitatikisika.
၂၅ကြယ်များသည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ်များသည်လမ်းကြောင်းပြောင်း ကြလိမ့်မည်။-
26 Ndipo watakapomwona Mwana wa Adamu akija mawinguni kwa nguvu kubwa na utukufu.
၂၆ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။-
27 Ndipo atatuma malaika zake na atawakusanya pamoja wateule wake kutoka pande kuu nne za dunia, kutoka mwisho wa dunia mpaka mwisho wa mbingu.
၂၇ထိုနောက်လူသားသည်ကောင်းကင်တမန်များ ကို မြေကြီးစွန်းမှကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာသို့စေလွှတ်၍ မိမိရွေး ချယ်ထားသူတို့ကိုစုသိမ်းတော်မူလိမ့်မည်။''
28 Kwa mtini jifunzeni. Kama tawi liwezavyo kutoa na kuweka haraka majani yake, ndipo mtajua kwamba kiangazi kiko karibu.
၂၈``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
29 Ndivyo ilivyo, mtakapoona mambo haya yakitokea, jueni kwamba yuko karibu, na malango.
၂၉ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
30 Kweli, nawambieni, hiki kizazi hakitapita mbali kabla mambo haya hayajatokea.
၃၀အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။-
31 Mbingu na nchi zitapita, lakini maneno yangu hayatapita kamwe.
၃၁ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ ၏စကားတည်လိမ့်မည်။''
32 Lakini kuhusu siku hiyo au saa, hakuna ajuaye, hata malaika wa mbinguni, wala Mwana, ila Baba.
၃၂``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-
33 Iweni macho, Tazama, kwa sababu hamjui ni muda gani yatatokea. (Zingatia: Mstari huu, “Muwe waangalifu, Tazameni na ombeni kwa sababu...” haumo kwenye nakala za kale).
၃၃ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။-
34 Ni kama mtu anayeenda safarini: akaacha nyumba yake, na kumweka mtumwa wake kuwa mtawala wa nyumba, kila mmoja na kazi yake. Na kumwamuru mlinzi kukaa macho.
၃၄ဥပမာဆိုသော်နိုင်ငံရပ်ခြားသို့သွားသူလူ တစ်ယောက်သည် မိမိ၏အိမ်ကိုငယ်သားများ လက်တွင်အပ်ထားခဲ့၏။ သူတို့အားကိုယ်စီ ကိုယ်ငှလုပ်ဆောင်ရန်တာဝန်ဝတ္တရားများ ကိုပေးအပ်ခဲ့၏။ တံခါးမှူးအားသတိနှင့် စောင့်နေရန်မှာထားခဲ့၏။-
35 Kwa hiyo iweni macho! Kwani hamjui ni lini bwana wa nyumba atakaporudi nyumbani, yawezekana ni jioni, usiku wa manane, wakati jogoo atakapowika, au asubuhi.
၃၅သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။-
36 Kama akija ghafla, asikukute umelala.
၃၆သို့ဖြစ်၍အိမ်ရှင်ရုတ်တရက်ကြွလာသောအခါ သင်တို့အိပ်ပျော်နေသည်ကိုမတွေ့စေရန်သတိ နှင့်စောင့်နေကြလော့။-
37 Kile nikisemacho kwako nakisema kwa kila mtu: Kesheni”!
၃၇ဤသို့သင်တို့အားသတိပေးသည်အတိုင်း ခပ် သိမ်းသောသူတို့အားလည်းငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။