< Luka 5 >

1 Basi ilitokea wakati watu walipomkusanyikia na kumzunguka Yesu na kusikiliza neno la Mungu, ambapo alikuwa amesimama kando ya ziwa Genesareti.
တရံရောအခါ ဂင်္နေသရက် အိုင် နား မှာ ရပ် တော်မူ၍ ၊ လူ များတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင် ခြင်းငှာကိုယ်တော် အနီးသို့ တိုးဝင် ကြစဉ် တွင်၊ ကမ်း နား မှာဆိုက် သော လှေ နှစ် စင်းကိုမြင် တော်မူ၏။
2 Aliona mashua mbili zimetia nanga pembeni mwa ziwa. Wavuvi walikuwa wametoka na walikuwa wakiosha nyavu zao.
တံငါ တို့သည် လှေ ထဲက ထွက် ၍ပိုက်ကွန် တို့ကို ဆေးလျှော် လျက်နေကြ၏။
3 Yesu akaingia katika mojawapo ya zile mashua, ambayo ilikuwa ya Simoni na kumwomba aipeleke majini mbali kidogo na nchi kavu. Kisha akakaa na kufundisha kutokea kwenye mashua.
ထို လှေ တို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင် တော်မူပြီးလျှင် ၊ လှေကိုကမ်း နားမှာ အနည်းငယ် ခွာ ဖွင့်စေခြင်းငှာရှိမုန် ကို အခွင့်တောင်း တော်မူ၏။ ထို လှေ ပေါ်မှာထိုင် လျက် လူ များတို့ကို ဆုံးမ ဩဝါဒပေးတော်မူ၏။
4 kuongea, akamwambia Simoni, “Ipeleke mashua yako mpaka kwenye kilindi cha maji nakushusha nyavu zako ili kuvua samaki.”
စကား တော်ပြတ် သောအခါ ၊ ရေနက် ရာအရပ်သို့ ရွှေ့ ဦးလော့။ ပိုက်ကွန် ကိုချ ၍ ငါးကိုအုပ် စမ်းလော့ ဟု ရှိမုန် အား မိန့် တော်မူ၏။
5 Simon akajibu na kusema, Bwana, tumefanya kazi usiku wote, na hatukukamata chochote, lakini kwa neno lako, nitazishusha nyavu.
ရှိမုန် ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ကြိုးစား သော်လည်း တစ် ကောင်ကိုမျှမရ ပါ။ သို့ရာတွင် အမိန့် တော်ရှိလျှင် ပိုက်ကွန် ကို ချ ပါမည်ဟု လျှောက် လေ၏။
6 Walipofanya hivyo walikusanya kiasi kikubwa cha samaki na nyavu zao zikaanza kukatika.
ထိုသို့ ချ ကြပြီးလျှင် ၊ အလွန် များစွာ သောငါး တို့ကို အုပ်မိ သဖြင့် ပိုက်ကွန် သည် စုတ်ပျက် စရှိ၏။
7 Hivyo wakawaashiria washirika wao kwenye mashua nyingine ili waja na kuwasaidia. Walikuja wakazijaza mashua zote, kiasi kwamba zikaanza kuzama.
အခြား သော လှေ တစ်စင်း၌ ရှိသော အပေါင်းအဖော် တို့သည်လာ ၍ကူညီ စေခြင်းငှာသူ တို့ကို အမှတ်ပေး သဖြင့် ၊ သူတို့သည်လာ ၍ လှေ နှစ် စင်းနစ် လုမတတ် ငါးနှင့်ပြည့် စေကြ၏။
8 Lakini Simoni Petro, alipoona hivyo, alianguka magotini pa Yesu akisema,”Ondoka kwangu, kwa sababu mimi ni mtu mwenye dhambi Bwana.”
ရှိမုန် ပေတရု သည်မြင် လျှင်၊ ယေရှု ၏ ပုဆစ် တော်ကိုဦးတိုက် ၍ ၊ သခင် ၊ အကျွန်ုပ်သည် အပြစ် များသော သူ ဖြစ် ပါ၏။ အကျွန်ုပ် ဆီမှ ကြွသွား တော်မူပါဟု လျှောက် လေ၏။
9 Kwa sababu alishangazwa, na wote waliokuwa pamoja naye, kwa uvuvi wa samaki waliokuwa wameufanya.
အဘယ်ကြောင့် ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိ သောငါး များကိုထောက် သဖြင့်၊ ရှိမုန် နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် မှစ၍ ရှိမုန် နှင့်ပါသမျှ သောသူ တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
10 Hili liliwajumuisha Yakobo na Yohana wana wa Zebedayo, ambao walikuwa washirika wa Simoni. Na Yesu akamwambia Simoni, “Usiogope, kwa sababu kuanzia sasa na kuendelea utavua watu.”
၁၀ယေရှု ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည်ယခု မှစ၍ လူ တို့ကိုဘမ်းမိ သောသူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
11 Walipokwishazileta mashua zao nchi kavu, waliacha kila kitu na kumfuata yeye.
၁၁ကမ်း နားမှာ လှေ ကိုဆိုက် ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှ တို့ကို စွန့်ပစ် ၍ နောက် တော်သို့လိုက်ကြ၏။
12 Ilitokea kwamba alipokuwa katika mji mmojawapo, mtu aliyekuwa amejaa ukoma alikuwa huko. Wakati alipomuona Yesu, alianguka akiinamisha uso kwake mpaka chini na kumuomba, akisema, “Bwana, ikiwa unataka, waweza kunitakasa.”
၁၂ကိုယ်တော် သည် မြို့ တစ် မြို့၌ ရှိ တော်မူစဉ် ၊ တစ်ကိုယ်လုံး နူနာစွဲ သော သူ တစ်ယောက်သည် ကိုယ်တော် ကို မြင် လျှင် ပြပ်ဝပ် ၍ ၊ သခင် ၊ အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
13 Kisha Yesu alinyoosha mkono wake na kumgusa, akisema, “Nataka. Takasika.” Na saa ileile ukoma ukamwacha.
၁၃ယေရှုကလည်း ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟုမိန့် တော်မူလျက် ၊ လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင်နူနာ ပျောက် လေ ၏။
14 “Alimwagiza asimwambie mtu yeyote, lakini alimwambia, “Nenda zako, na ukajionyeshe kwa makuhani na utoe sadaka ya utakaso wako, sawasawa na kile Musa alichokiamuru, kwa ushuhuda kwao.”
၁၄ယေရှု ကလည်း ၊ ဤ အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။
15 Lakini habari kumuhusu yeye zikaenea mbali zaidi, na umati mkubwa wa watu ukaja pamoja kumsikiliza akifundisha na kuponywa magonjwa yao.
၁၅သို့သော်လည်း သိတင်း တော်သည်သာ၍ ကျော်စော သဖြင့် ၊ များစွာ သောလူ အပေါင်းတို့သည် တရား နာလိုသောငှာ၎င်း ၊ အနာ ငြိမ်း စေခြင်းကျေးဇူးတော်ကို ခံလိုသောငှာ၎င်း၊ စုဝေး လျက်ရှိကြ၏။
16 Lakini mara kwa mara alijitenga faraghani na kuomba.
၁၆ကိုယ်တော် သည် တော အရပ်သို့ ကြွ ၍ ဆုတောင်း လေ့ရှိတော်မူ၏။
17 Ilitokea siku moja kati ya hizo siku alikuwa akifundisha, na walikuwapo Mafarisayo na waalimu wa sheria wamekaa hapo ambao walikuja wakitokea vijiji vingi tofauti katika mkoa wa Galilaya na Yudea, na pia kutokea katika mji wa Yerusalemu. Nguvu ya Bwana ilikuwa pamoja naye kuponya.
၁၇တစ်နေ့သ၌ ကိုယ်တော် သည် ဆုံးမ ဩဝါဒပေးတော်မူစဉ် ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဂါလိလဲ ပြည်မြို့ရွာ များ တို့က ရောက်လာ သော ဖာရိရှဲ တို့နှင့် နိဿရည်း ဆရာတို့သည် ထိုင် လျက်ရှိ ကြ၏၊ အနာ ရောဂါ ငြိမ်းစေခြင်းငှာသခင်ဘုရား ၏ တန်ခိုး တော်သည် ထင်ရှား ၏။
18 watu kadhaa walikuja, wamembeba kwenye mkeka mtu aliyepooza, na wakatafuta njia ya kumwingiza ndani ili kumlaza chini mbele ya Yesu.
၁၈ထိုအခါ လက်ခြေသေ သောသူ တစ်ယောက်ကို အိပ်ရာ နှင့်တကွအထံသို့ဆောင်ခဲ့ ၍၊ ရှေ့ တော်၌ သွင်း ထား ခြင်းငှာရှာကြံ ကြ၏။
19 Hawakupata njia ya kumwingiza ndani kwa sababu ya umati, hivyo walipanda juu ya paa la nyumba na kumshusha yule mtu chini kupitia kwenye vigae, juu mkeka wake katikati ya watu, mbele kabisa ya Yesu.
၁၉လူစုဝေး လျက်ရှိသောကြောင့် ဝင်စရာ လမ်းကိုမ တွေ့ သဖြင့် ၊ အိမ်မိုး ပေါ်သို့ တက် ၍ အုတ်မိုး ကို ဖောက်ပြီးမှလူနာ ကို အိပ်ရာ နှင့်တကွ လူများ အလယ် ယေရှု ၏ ရှေ့ တော်သို့ လျှော့ချ ကြ၏။
20 Akiangalia imani yao, Yesu alisema, “Rafiki, dhambi zako umesamehewa.”
၂၀ကိုယ်တော်သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လူနာအား၊ အချင်းလူ ၊ သင် ၏အပြစ် ကို လွတ် စေပြီ ဟု မိန့် တော်မူ၏။
21 Waandishi na Mafarisayo waliaanza kuhoji hilo, wakisema, “Huyu ni nani anayeongea makufuru? Ni nani anaweza kusamehe dhambi ila Mungu pekee yake?”
၂၁ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ ဘုရားကိုလွန်ကျူး ၍ ပြော သောဤ သူ ကား အဘယ်သူ နည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည် အပြစ် ကို လွှတ် နိုင် သနည်းဟု ထင်မှတ် ကြ၏။
22 Lakini Yesu, akitambua nini walichokuwa wakifikiri, aliwajibu na kuwaambia, “Kwa nini mnaulizana hili mioyoni mwenu?
၂၂ယေရှု သည် ထိုသူ တို့၏ ထင်မှတ် ခြင်းကိုသိ တော်မူလျှင် ၊ သင် တို့စိတ် ထဲမှာ အဘယ်ကြောင့် ထင်မှတ် ကြသနည်း။
23 Kipi ni rahisi kusema, 'Dhambi zako zimesamehewa' au kusema 'Simama utembee?'
၂၃အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟု ပြော လွယ်သလော ။ သင် ထ ၍ လှမ်းသွား လော့ ဟုပြောလွယ်သလော။
24 Lakini mjue ya kwamba Mwana wa Adamu anayo mamlaka duniani ya kusamehe dhambi, Nakwambia wewe, 'Amka, chukua mkeka wako na uende nyumbani kwako.'”
၂၄လူ သား သည်မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ယာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့။ သင့် အား ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
25 Wakati huo huo akaamka mbele yao na akachukua mkeka wake aliokuwa ameulalia. Kisha akariudi nyumbani kwake akimtukuza Mungu.
၂၅ထိုသူသည်လည်း လူ အများရှေ့ မှာ ချက်ခြင်း ထ ၍ အိပ်ရာကိုဆောင် လျက်၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိ အိမ် သို့ သွား လေ၏။
26 Kila mmoja alishangazwa na wakamtukuza Mungu. Walijawa na hofu, wakisema, “Tumeona mambo yasiyo ya kawaida leo.”
၂၆ထိုသူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ် သော အမှုအရာကို ယနေ့ မြင် ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
27 Baada ya mambo haya kutokea, Yesu alitoka huko na akamwona mtoza ushuru aliyeitwa Lawi amekaa eneo la kukusanyia kodi. Akamwambia, “Nifuate.”
၂၇ထိုနောက် ကိုယ်တော်သည် ထကြွ ၍ လေဝိ အမည် ရှိသော အခွန်ခံ သူသည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ငါ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
28 Hivyo Lawi akanyanyuka na kumfuata, akiacha kila kitu nyuma.
၂၈ထိုသူသည်လည်း ရှိသမျှ တို့ကို စွန့်ပစ် လျက် ထ ၍နောက် တော်သို့လိုက်လေ၏။
29 Kisha Lawi akaandaa nyumbani kwake karamu kubwa kwa ajili ya Yesu. Walikuwapo watozaushuru wengi kule na watu wengi walioketi mezani wakila pamoja nao.
၂၉ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ၌ ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။
30 Lakini Mafarisayo na waandishi wao walikuwa wakiwanung'unikia wanafunzi, wakisema, “Kwa nini mnakula na kunywa na watoza ushuru pamoja na watu wengine wenye dhambi?”
၃၀ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က သင်တို့သည် အခွန်ခံ သောသူ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သောက် ကြသနည်းဟု တပည့် တော်တို့ကိုကဲ့ရဲ့အပြစ်တင် ကြ၏။
31 Yesu akawajibu, “Watu walio katika afya njema hawahitaji tabibu, ni wale tu wanaoumwa ndiyo watakao mhitaji mmoja.
၃၁ယေရှု ကလည်း ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို မ ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။
32 Sikuja kuwaita watu wenye haki haki wapate kutubu, bali kuwaita wenye dhambi wapate kutubu.”
၃၂ဖြောင့်မတ် သောသူတို့သည် နောင်တ သို့ ခေါ် ခြင်းငှာလာ သည်မ ဟုတ် ဆိုး သော သူတို့ကို ခေါ်ခြင်းငှာ ငါ လာ သတည်း ဟု မိန့် တော်မူ၏။
33 Wakamwambia, “Wanafunzi wa Yohana mara nyingi hufunga na kuomba, na wanafunzi wa Mafarisayo nao hufanya vivyo hivyo. Lakini wanafunzi wako hula na kunywa.”
၃၃လူအချို့တို့က၊ ယောဟန် ၏ တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ခြင်းနှင့် ဆုတောင်း ခြင်းတို့ကို အဖန်တလဲလဲ ပြု ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် စား သောက် လျက် နေကြ ပါသနည်းဟု လျှောက် ကြ၏။
34 Yesu akawaambia, “Inawezekana mtu yeyote akawafanya waliohudhuria harusi ya Bwana Arusi kufunga wakati Bwana Arusi bado yu pamoja nao?
၃၄ကိုယ်တော် ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိစဉ်အခါ သူတို့ကို အစာရှောင် စေနိုင် သလော။
35 Lakini siku zitakuja wakati Bwana Arusi atakapoondolewa kwao, ndipo katika siku hizo watafunga.”
၃၅မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလရောက် လိမ့်မည်။ ထို ကာလ အခါသူတို့သည် အစာရှောင် ကြလိမ့်မည်။
36 Kisha Yesu aliongea pia kwao kwa mfano. “Hakuna anayechana kipande cha nguo kutoka kwenye vazi jipya na kukitumia kurekebisha vazi la zamani. Kama akifanya hivyo, ataichana nguo mpya, na kipande cha nguo kutoka vazi jipya kisengefaa kutumika na nguo ya vazi la zamani.
၃၆ဥပမာ ကား ၊ အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် အထည်သစ် သည် ဆွဲဆုတ် တတ်၏။ ဖာ သောအထည်သစ် သည် အဝတ်ဟောင်း နှင့် မ သင့် မတင့်တတ်။
37 pia, hakuna mtu ambaye huweka divai mpya kwenye viriba vikuukuu. Kama akifanya hivyo, divai mpya ingepasua kile chombo, na divai ingemwagika, na viriba vingeharibika.
၃၇၎င်းနည်း၊ ဟောင်း သောသားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် အသစ် သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် ၊ စပျစ်ရည် သည်ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။
38 Lakini divai mpya lazima iwekwe kwenye viriba vipya.
၃၈အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။
39 Na hakuna mtu baada ya kunywa divai ya zamani, hutataka mpya, kwa sababu husema, 'Ya zamani ni bora.”'
၃၉ဟောင်း သောစပျစ်ရည်ကိုသောက် ပြီးသော သူသည်လည်း အသစ် သောစပျစ်ရည်ကို ချက်ခြင်းအလို မ ရှိတတ်။ ဟောင်း သော စပျစ်ရည်သာ၍ကောင်း သည်ကိုသိ၏ ဟုမိန့် တော်မူ၏။

< Luka 5 >