< Luka 21 >

1 Yesu alitazama akawaona wanaume matajiri waliokuwa wanaweka zawadi zao kwenye hazina.
ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၍ ၊ ငွေရတတ် သောသူ တို့သည်အလှူဒါန ကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို မြင် တော်မူ၏။
2 Akamuona mjane mmoja masikini akiweka senti zake mbili.
ဆင်းရဲ သော မုတ်ဆိုးမ တစ် ယောက်သည်လည်း ကြေးနီ ဒင်္ဂါးနှစ် ပြား သွင်းချ သည်ကို မြင် တော်မူလျှင်၊
3 Hivyo akasema, “Kweli nawaambieni, huyu Mjane maskini ameweka nyingi kuliko wengine wote.
ငါ အမှန် ဆိုသည်ကား ၊ ထို ဆင်းရဲ သော မုတ်ဆိုးမ သည် အခြားသောသူအပေါင်း တို့ထက် သာ၍သွင်းချ ပြီ။
4 Hawa wote wametoa hizi zawadi kutoka katika vingi walivyonavyo. Lakini huyu mjane, katika umaskini wake, ametoa fedha zote alizokuwa nazo kwa ajili ya kuishi kwake.”
အကြောင်းမူကား ၊ ထိုသူ အပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ် ထဲက နှုတ်၍ ဘုရားသခင်၏ အလှူ တော်စုထဲသို့ သွင်းချ ကြ၏။ ထိုမိန်းမ မူကား ၊ အလွန်ဆင်းရဲလျက်ပင်မိမိ အသက်မွေးစရာ ဥစ္စာရှိသမျှ ကို သွင်းချလေပြီ ဟု မိန့် တော်မူ၏။
5 Wakati wengine walipokuwa wakisema juu ya hekalu, namna lilivyokuwa limepambwa na mawe mazuri na matoleo, alisema,
လူ အချို့တို့သည် လာ၍ ဗိမာန် တော်သည် တင့်တယ် သောကျောက် ပြားနှင့်၎င်း ၊ ပူဇော် သက္ကာများ နှင့်၎င်း ဆင်ပြင် လျက် ရှိပါ၏ဟုလျှောက် ကြလျှင် ၊
6 “Kwa habari ya mambo haya mnayoyaona, siku zitakuja ambazo hakuna jiwe moja ambalo litaachwa juu ya jiwe jingine ambalo halitabomolewa.”
ကိုယ်တော်က၊ ဤအရာ များကို သင်တို့သည် ယခုမြင် ရကြ၏။ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှ မတည် မနေရသော အချိန် ကာလရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
7 Hivyo wakamuuliza, wakasema, “Mwalimu, mambo haya yatatokea lini? Na nini ni itakuwa ishara kwamba haya mambo yako karibu kutokea?”
သူ တို့ကလည်း ၊ အရှင် ဘုရား၊ ထို အမူအရာတို့သည် အဘယ် ကာလမှဖြစ် ပါမည်နည်း။ ထို အမှုအရာ တို့သည် ဖြစ် ချိန်နီးသောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်း ပါမည်နည်းဟု မေး လျှောက် ကြလျှင်၊
8 Yesu akajibu, “Muwe waangalifu kwamba msidanganywe. Kwa sababu wengi watakuja kwa jina langu, wakisema, 'Mimi ndiye, 'na 'Muda umekaribia'. Msiwafuate.
ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြား ခြင်းသို့ မ လိုက်မပါမည်အကြောင်း သတိပြု ကြလော့။ အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏။ အချိန် ကာလလည်း ရောက်လာ ပြီဟုဆို လျက် ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ ကြလိမ့်မည်။ ထိုသူ တို့နောက် သို့ မ လိုက် ကြနှင့်။
9 Mkisikia vita na vuruguvurugu msiogope, kwa sababu haya mambo lazima yatokee kwanza, lakini mwisho hautatokea upesi.”
သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် ရ မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် မ ဖြစ် သေး။
10 Kisha akawaambia, “Taifa litainuka kupigana na taifa jingine, na ufalme juu ya ufalme mwingine.
၁၀ထိုမှတစ်ပါး ၊ လူ တမျိုးနှင့် တမျိုး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ရန်ဘက် ပြု ကြလိမ့်မည်။
11 Kutakuwa na matetemeko makubwa, na njaa na tauni katika maeneo mbalimbali. Kutakuwa na matukio ya kutisha na ishara za kutisha kutoka mbinguni.
၁၁အရပ် ရပ် တို့၌ ကြီးစွာ သော မြေလှုပ် ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်းတို့သည် ဖြစ် ကြ လိမ့်မည်။ မိုးကောင်းကင် ၌ လည်း ကြောက်မက်ဖွယ် သောအရာနှင့် ကြီးစွာ သောပုပ္ပ နိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
12 Lakini kabla ya mambo haya yote, wataweka mikono yao juu yenu na kuwatesa, kuwapeleka kwenye masinagogi na magereza, kuwaleta mbele za wafalme na wenye mamlaka kwa sababu ya jina langu.
၁၂ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ ၍ တရားစရပ် ၌ ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။
13 Hii itawafungulia fursa kwa ushuhuda wenu.
၁၃ထိုသို့သောအားဖြင့်သင် တို့သည် သက်သေ ခံရသောအခွင့်ရှိ ကြလိမ့်မည်။
14 Kwahiyo amueni mioyoni mwenu kutoandaa utetezi wenu mapema,
၁၄ထိုကြောင့် သင် တို့သည် အဘယ်သို့ပြန်ပြော ရမည်ကို ရှေ့မဆွက မ ဆင်ခြင်ခြင်းငှာ သတိ ထား ကြလော့။
15 kwa sababu nitawapa maneno na hekima, ambayo adui zenu wote hawataweza kuipinga au kuikana.
၁၅အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။
16 Lakini mtakataliwa pia na wazazi wenu, ndugu zenu, jamaa zenu na rafiki zenu, na watawaua baadhi yenu.
၁၆သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်း တို့သည် သင် တို့ကို အပ်နှံ ကြလိမ့်မည်။ အချို့ တို့ ကိုလည်း သတ် ကြလိမ့်မည်။
17 Mtachukiwa na kila mmoja kwa sababu ya jina langu.
၁၇လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။
18 Lakini hakuna hata unywele mmoja wa vichwa vyenu utakaopotea.
၁၈သို့သော်လည်း သင် တို့ ဆံခြည် တစ်ပင်မျှ မပျက်စီး ရ။
19 Katika kuvumilia mtaziponya nafsi zenu.
၁၉သင် တို့သည်တည်ကြည် သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။
20 Mtakapoona Yerusalemu imezungukwa na majeshi, basi jueni kwamba uharibifu wake umekaribia.
၂၀ယေရုရှလင် မြို့ကို ဗိုလ်ခြေ များဝန်းရံ လျက်ရှိသည်ကို သင်တို့မြင် သောအခါ ၊ ထိုမြို့ သည် ပျက်စီး ခြင်းသို့ ရောက် လုသည်ကို သိမှတ် ကြလော့။
21 Hapo wale walioko Yudea wakimbilie milimani, na wale walioko katikati ya jiji waondoke, na msiwaache walioko vijijini kuingia.
၂၁ထိုအခါ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။ မြို့ ထဲ ၌ ရှိသောသူ တို့သည် မြို့ပြင်သို့ ထွက် ကြစေ။ တောရွာ မှာ ရှိသောသူ တို့သည် မြို့ ထဲသို့ မ ဝင် ကြစေနှင့်။
22 Maana hizi ni siku za kisasi, ili kwamba mambo yote yaliyoandikwa yapate kutimilika.
၂၂အကြောင်းမူကား ၊ ထို နေ့ရက် ကာလသည် ကျမ်းစာ ချက်များ ပြည့်စုံ ရသော ဒဏ်စီရင် ခြင်းနေ့ရက်ကာလဖြစ် သတည်း။
23 Ole ni kwa wale walio na mimba na kwa wale wanyonyeshao katika siku hizo! Kwa maana kutakuwa na adha kuu juu ya nchi, na ghadhabu kwa watu hawa.
၂၃ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။
24 Na wataanguka kwa ncha ya upanga na watachukuliwa mateka kwa mataifa yote, na Yerusalem itakanyagwa na watu wa mataifa, mpaka wakati wa watu wa mataifa utakapotimilika.
၂၄သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။
25 Kutakuwa na ishara katika jua, mwezi na nyota. Na katika nchi kutakuwa na dhiki ya mataifa, katika kukata tamaa kutokana na mlio wa bahari na mawimbi.
၂၅ထိုအခါ ၊ နေ ၊ လ ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပ နိမိတ်ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာ လည်း လူအမျိုးမျိုး မ ငြိမ်မသက်စိုးရိမ်ကြောင့်ကြ ခြင်း၊ သမုဒ္ဒရာ လှိုင်း တံပိုးကြီးခြင်း၊
26 Kutakuwa na watu wakizimia kwa hofu na katika kutarajia mambo yatakoyo tokea juu ya dunia. Kwa maana nguvu za mbingu zitatikiswa.
၂၆မြေကြီး ပေါ်မှာဖြစ် လတံ့သော ဘေး များကိုမြော် ၍ ကြောက်လန့် သဖြင့် ၊ လူ များတို့၏ အသက် ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
27 Kisha watamwona Mwana wa Adamu akija mawinguni katika nguvu na utukufu mkuu.
၂၇ထိုအခါ လူ သား သည် ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကို ဆောင်လျက် ၊ မိုဃ်းတိမ် ကို စီး လျက် ကြွလာ သည်ကို မြင် ရကြလိမ့်မည်။
28 Lakini mambo haya yatakapoanza kutokea, simameni, inueni vichwa vyenu, kwa sababu ukombozi wenu umesogea karibu.”
၂၈ထို အမှုအရာတို့သည် ဖြစ် စရှိ သောအခါ၊ သင် တို့ကို ရွေးနှုတ် သောအချိန်ကာလရောက် လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်း ကိုကြွ ကြလော့ ဟု မိန့်တော်မူ၏။
29 Yesu akawaambia kwa mfano, “Uangalieni mtini, na miti yote.
၂၉တဖန် ထပ်၍မိန့် တော်မူသောဥပမာ ကား၊ သင်္ဘောသဖန်း ပင်မှစ၍ သစ်ပင် များ ကို မှတ် ကြလော့။
30 Inapotoa machipukizi, mnajionea wenyewe na kutambua kwamba kiangazi tayari kiko karibu.
၃၀အရွက် ပေါက်သောအခါ နွေ ကာလနီး သည်ကို သင် တို့သည် အလိုအလျောက် သိ မြင် ကြ၏။
31 Vivyo hivyo, mnapoona mambo haya yanatokea, ninyi tambueni ya kwamba ufalme wa Mungu umekaribia.
၃၁ထိုနည်းတူ ထိုအကြောင်း အရာများဖြစ် သည်ကို မြင် ရလျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော် တည်လုနီး သည် ကို သိမှတ် ကြလော့။
32 Kweli, nawaambieni, kizazi hiki hakitapita, mpaka mambo haya yote yatakapotokea.
၃၂ငါ အမှန် ဆိုသည်ကား ၊ ယခု ဖြစ်သောလူ များ မ ကုန် မှီ ထိုအကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။
33 Mbingu na nchi zitapita, lakini maneno yangu hayatapita kamwe.
၃၃ကောင်းကင် နှင့် မြေကြီး မ တည် သော်လည်း ငါ့ စကား တည် လိမ့်မည်။
34 Lakini jiangalieni wenyewe, ili kwamba mioyo yenu isije ikalemewa na ufisadi, ulevi, na mahangaiko ya maisha haya. Kwa sababu ile siku itawajia ghafla
၃၄သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။
35 kama mtego. Kwasababu itakuwa juu ya kila mmoja aishiye katika uso wa dunia nzima.
၃၅ထိုနေ့ရက်သည် ပိုက်ကွန် ကဲ့သို့ မြေ တပြင်လုံး ၌ နေ သော လူအပေါင်း တို့ကို အုပ်မိ လိမ့်မည်။
36 Lakini mwe tayari wakati wote, mwombe kwamba mtakuwa imara vya kutosha kuyaepuka haya yote yatakayotokea, na kusimama mbele za Mwana wa Adamu.”
၃၆ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။
37 Hivyo wakati wa mchana alikuwa akifundisha hekaluni na usiku alitoka nje, na kwenda kukesha katika mlima unaoitwa wa Mzeituni.
၃၇ထိုသို့ ကိုယ်တော်သည် နေ့ရက် အစဉ်အတိုင်းဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ည အချိန် ရောက်လျှင် သံလွင် အမည် ရှိသော တောင် သို့ သွား ၍ ညဉ့်ကို လွန် စေတော်မူ၏။
38 Watu wote walimjia asubuhi na mapemaili kumsikiliza ndani ya hekalu.
၃၈နံနက် စောစော လူ များအပေါင်း တို့သည် ဗိမာန် တော်သို့ သွား၍ အထံ တော်၌ ဒေသနာတော်ကို နားထောင် ကြ၏။

< Luka 21 >