< Luka 1 >

1 Wengi wamejitahidi kuweka katika mpangilio simulizi kuhusu masuala ambayo yametimizwa kati yetu,
ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည်၊
2 kama walivyotupatia sisi, ambao tangu mwanzo ni mashahidi wa macho na watumishi wa ujumbe.
ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ်၍၊
3 Hivyo nami pia, baada ya kuchuguza kwa uangalifu chanzo cha mambo haya yote tokea mwanzo - nimeona ni vema kwangu pia kukuandikia katika mpangilio wake - mheshimiwa sana Theofilo.
ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊
4 Ili kwamba uweze kujua ukweli wa mambo uliyofundishwa.
စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။
5 Katika siku za Herode, mfalme wa Yudea, palikuwa na kuhani fulani aliyeitwa Zekaria, wa ukoo wa Abiya. Mke wake alitoka kwa binti za Haruni, na jina lake aliitwa Elizabeti.
ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိအမည် ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက် တည်း။
6 Wote walikuwa wenye haki mbele za Mungu; walitembea bila lawama katika amri zote na maagizo ya Bwana.
ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
7 Lakini hawakuwa na mtoto, kwasababu Elizabethi alikuwa tasa, na kwa wakati huu wote wawili walikuwa wazee sana.
ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
8 Sasa ilitokea kwamba Zakaria alikuwa katika uwepo wa Mungu, akiendelea na wajibu wa kikuhani katika utaratibu wa zamu yake.
ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
9 Kulingana na desturi ya kuchagua ni kuhani yupi atakayehudumu, alikuwa amechaguliwa kwa kura kuingia katika hekalu la Bwana na hivyo angefukiza uvumba.
ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင် ၍ နံ့သာပေါင်းကိုမီးရှို့၏။
10 Kundi lote la watu lilikuwa likiomba nje wakati wa kufukizwa kwa ufumba.
၁၀ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ ၏။
11 Sasa malaika wa Bwana alimtokea na kasimama upande wa kulia wa madhabahu ya kufukizia.
၁၁ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက်၌ ရပ်နေသည်ကို၊
12 Zakaria alitishika alipomuona; hofu ikamwangukia.
၁၂ဇာခရိသည်မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ရောက်၏။
13 Lakini malaika akamwambia, “Usiogope Zakaria, kwasababu maombi yako yamesikika. Mke wako Elizabeth atakuzalia mwana. Jina lake utamwita Yohana.
၁၃ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသော ပဌနာကိုနာခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည်။
14 Utakuwa na furaha na uchangamfu, na wengi watakufurahia kuzaliwa kwake.
၁၄သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။
15 Kwa kuwa atakuwa mkuu mbele ya macho ya Bwana. Hatakunywa divai au kinywaji kikali, na atakuwa amejazwa na Roho Mtakatifu tangu tumboni mwa mama yake.
၁၅အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
16 Na watu wengi wa Israel watageuzwa kwa Bwana Mungu wao.
၁၆ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
17 Atakwenda mbele za uso wa Bwana katika roho na nguvu ya Eliya. Atafanya hivi ili kurejesha mioyo ya baba kwa watoto, ili kwamba wasiotii wataenenda katika hekima ya wenye haki. Atafanya hivi kuweka tayari kwa Bwana watu ambao wameandaliwa kwa ajili yake.”
၁၇အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎င်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို၏။
18 Zakaria akamwambia malaika, “Nitawezaje kujua hili? Kwasababu mimi ni mzee na mke wangu miaka yake imekuwa mingi sana.”
၁၈ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ၏။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊
19 Malaika akajibu na kumwambia, “Mimi ni Gabrieli, ambaye husimama mbele za Mungu. Nilitumwa kukwambia, kukuletea habari hii njema.
၁၉ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသောဂါဗြေလဖြစ်၏။ သင့်ကို နှုတ် ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ၏။
20 Na tazama, hutaongea, utakuwa kimya, hutaweza kuongea mpaka siku ile mambo haya yatakapotokea. Hii ni kwasababu ulishindwa kuamini maneno yangu ambayo yatatimizwa kwa wakati mwafaka.”
၂၀သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
21 Sasa watu walikuwa wakimsubiri Zakaria. Walishangazwa kwamba alikuwa anatumia muda mwingi hekaluni.
၂၁လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏။
22 Lakini alipotoka nje, hakuweza kuongea nao. Wakatambua kwamba alikuwa amepata maono alipokuwa hekaluni. Aliendelea kuonesha ishara na alibaki kimya.
၂၂သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။
23 Ikatokea kwamba siku za huduma yake zilipokwisha aliondoka kurudi nyumbani kwake.
၂၃ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွား လေ၏။
24 Baada ya Zakaria kurudi nyumbani kutoka kwenye huduma yake hekaluni, mke wake akawa mjamzito. Naye hakutoka nyumbani mwake kwa muda wa miezi mitano. Akasema,
၂၄ထိုနောက်သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊
25 “Hili ndilo amabalo Bwana amefanya kwangu aliponitazama kwa upendeleo ili kuiondoa aibu yangu mbele za watu.”
၂၅ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။
26 Sasa, katika mwezi wa sita wa mimba ya Elizabeti, Mungu alimwambia malaika Gabrieli kwenda kwenye mji wa Galilaya uitwao Nazareti,
၂၆ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊
27 kwa bikra aliyekuwa ameposwa na mwanaume ambaye jina lake lilikuwa Yusufu. Yeye alikuwa wa ukoo wa Daudi, na jina la bikra huyo lilikuwa Mariamu.
၂၇မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
28 Akaja kwake na akasema, “Salaam, wewe uliyepokea neema kuu! Bwana amependezwa nawe.”
၂၈ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
29 Lakini maneno ya malaika yalimchanganya na hakuelewa kwa nini malaika alisema salaam hii ya ajabu kwake.
၂၉မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
30 Malaika akamwambia, “Usiogope, Mariamu, maana umepata neema kutoka kwa Mungu.
၃၀ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
31 Na tazama, utabeba mimba katika tumbo lako na utazaa mwana. Nawe utamwita jina lake 'Yesu.'
၃၁သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
32 Atakuwa mkuu na ataitwa Mwana wa Aliye Juu Sana. Bwana Mungu atampa kiti cha enzi cha Daudi baba yake.
၃၂ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
33 Atatawala juu ya ukoo wa Yakobo milele na ufalme wake hautakuwa na mwisho. (aiōn g165)
၃၃ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။ (aiōn g165)
34 Mariamu akamwambia malaika, hili litatokea kwa namna gani, maana sijawahi kulala na mwanaume yeyote?
၃၄မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
35 Malaika akajibu na akamwambia, “Roho Mtakatifu atakujia juu yako, na nguvu ya Aliye Juu Sana itakuja juu yako. Kwa hiyo, mtakatifu atakayezaliwa ataitwa Mwana wa Mungu.
၃၅ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
36 Na tazama, ndugu yako Elizabeti anaujauzito wa mwana kwenye umri wake wa uzee. Huu ni mwezi wa sita kwake, ambaye alikuwa anaitwa mgumba.
၃၆ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
37 Maana hakuna lisilowezekana kwa Mungu.”
၃၇ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊
38 Mariamu akasema, “Tazama, mimi ni mtumishi wa kike wa Bwana. Acha iwe hivyo kwangu sawa sawa na ujumbe wako.” Kisha malaika akamwacha.
၃၈မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
39 Ndipo katika siku hizo Mariamu aliondoka na kwa haraka alikwenda katika nchi ya vilima, kwenye mji katika nchi ya Yudea.
၃၉ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊
40 Alikwenda nyumbani mwa Zekaria na akamsalimia Elizabeti.
၄၀ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
41 Sasa, ilitokea kwamba Elizabeti aliposikia salamu ya Mariamu, mtoto tumboni mwake akaruka, na Elizabeti akajazwa na Roho Mtakatifu.
၄၁ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊
42 Akapaza sauti yake na kusema kwa sauti kuu, “umebarikiwa wewe zaidi miongoni mwa wanawake, na mtoto aliyemo tumboni mwako amebarikiwa.
၄၂သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ၏။
43 Na imekuwaje kwangu kwamba, mama wa Bwana wangu ilipasa aje kwangu?
၄၃အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
44 Kwa kuwa tazama, iliposikika masikoni mwangu sauti ya kusalimia kwako, mtoto tumboni mwangu akaruka kwa furaha.
၄၄သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန်၏။
45 Na amebarikiwe mwanamke yule ambaye aliamini ya kwamba ungetokea ukamilifu wa mambo yale aliyoambiwa kutoka kwa Bwana.”
၄၅ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
46 Mariamu akasema, nafsi yangu inamsifu Bwana,
၄၆မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
47 na roho yangu imefurahi katika Mungu Mwokozi wangu.
၄၇ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
48 Kwa maana ameiangalia hali ya chini ya mtumishi wake wa kike. Tazama, tangu sasa katika vizazi vyote wataniita mbarikiwa.
၄၈အကြောင်းမူကား၊ မိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
49 Kwa maana yeye aliyemweza amefanya mambo makubwa kwangu, na jina lake ni takatifu.
၄၉တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
50 Rehema yake inadumu toka kizazi hata kizazi kwa wale wanao mheshimu yeye.
၅၀ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
51 Ameonesha nguvu kwa mkono wake; amewatawanya wale ambao walijivuna juu ya mawazo ya mioyo yao.
၅၁လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။
52 Amewashusha chini wana wa wafalme toka katika viti vyao vya enzi na kuwainua juu walio na hali ya chini.
၅၂ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
53 Aliwashibisha wenye njaa kwa vitu vizuri, bali matajiri amewafukuza mikono mitupu.
၅၃ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
54 Ametoa msaada kwa Israeli mtumishi wake, ili kukumbuka kuonesha rehema
၅၄ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
55 (kama alivyosema kwa baba zetu) kwa Abrahamu na uzao wake milele.” (aiōn g165)
၅၅အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။ (aiōn g165)
56 Mariamu alikaa na Elizabeti yapata miezi mitatu hivi ndipo akarudi nyumbani kwake.
၅၆မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
57 Sasa wakati ulikuwa umewadia kwa Elizabeti kujifungua mtoto wake na akajifungua mtoto wa kiume.
၅၇ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင်၏။
58 Jirani zake na ndugu zake walisikia jinsi Bwana alivyoikuza rehema kwake, na wakafurahi pamoja naye.
၅၈ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။
59 Sasa ilitokea siku ya nane kwamnba walikuja kumtahiri mtoto. Ingewapasa kumwita jina lake, “Zekaria,” kwa kuzingatia jina la baba yake,
၅၉ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။
60 Lakini mama yake akajibu na kusema, “Hapana; ataitwa Yohana.”
၆၀ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊
61 Wakamwambia, hakuna hata mmoja katika ndugu zako anayeitwa kwa jina hili.”
၆၁ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို၍၊
62 Wakamfanyia ishara baba yake kuashiria yeye alitaka jina aitwe nani.
၆၂အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။
63 Baba yake akahitaji kibao cha kuandikia, na akaandika, “Jina lake ni Yohana.” Wote wakashangazwa na hili.
၆၃အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကားယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။
64 Ghafla mdomo wake ukafunguliwa na ulimi wake ukawa huru. Akaongea na kumsifu Mungu.
၆၄ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
65 Hofu ikawajia wote walioishi karibu nao. Mambo haya yakaenea katika nchi yote ya vilima vya Yudea.
၆၅အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြား အရပ် တို့၌ အနှံ့အပြားကျော်စောလေ၏။
66 Na wote walioyasikia wakayatunza mioyoni mwao, wakisema, “Mtoto huyu kuwa wa namna gani?” Kwasababu mkono wa Bwana ulikuwa pamoja naye.
၆၆ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့် မည်နည်းဟုဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူရှိတော်မူ၏။
67 Baba yake Zekaria alijazwa na Roho Mtakatifu na akatoa unabii, akisema,
၆၇သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည်ဝလျက်၊
68 “Asifiwe Bwana, Mungu wa Israeli, kwa sababu amesaidia na alishughulikia wokovu kwa watu wake.
၆၈ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။ (aiōn g165)
69 Ametuinulia pembe ya wokovu katika nyumba ya mtumishi wake Daudi, kutoka miongoi mwa mwa ukoo wa mtumishi wake Daudi,
၆၉
70 kama alivyosema kwa kinywa cha manabii wake waliokuweko katika nyakati za kale. (aiōn g165)
၇၀
71 Atatuoka kutoka kwa adui zetu na kutoka mikononi mwa wote wanaotuchukia.
၇၁
72 Atafanya hivi kuonesha rehema kwa baba zetu, na kukumbuka agano lake takatifu,
၇၂
73 kiapo alichokisema kwa Abrahamu baba yetu.
၇၃
74 Aliapa kuthibitha kwamba ingewezekana kumtumikia Yeye bila hofu, baada ya kuokolewa kutoka katika mikononi ya adui zetu.
၇၄
75 katika utakatifu na haki mbele zake siku zetu zote.
၇၅
76 Ndiyo, na wewe mtoto, utaitwa nabii wa Aliye Juu Sana, kwa kuwa utaenenda mbele za uso wa Bwana ili kumwandalia njia, kuwaandaa watu kwa ajili ya ujio wake,
၇၆အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
77 kuwafahamisha watu wake kwamba, wataokolewa kwa njia ya kusamehewa dhambi zao.
၇၇အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။
78 Hili litatokea kwa sababu ya huruma ya Mungu wetu, sababu ambayo jua tokea juu litatujia,
၇၈ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက် သဖြင့်၊
79 kuangaza kwao wakaao gizani na katika uvuli wa mauti. Atafanya hivi kuiongoza miguu yetu kwenye njia ya amani.”
၇၉မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဥာဏ်နှင့် ဟောလေ၏။
80 Sasa, yule mtoto akakua na kuwa mwenye nguvu rohoni na alikaa nyikani mpaka siku ya kujitokeza kwake kwa Israeli.
၈၀ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီ တိုင် အောင် တောအရပ်၌နေလေ၏။

< Luka 1 >