< Waamuzi 1 >
1 Baada ya kifo cha Yoshua, wana wa Israeli walimuuliza Yahweh wakisema, “Ni nani atawashambulia kwanza Wakanaani kwa ajili yetu, ili kupigana nao?
၁ယောရှုကွယ်လွန်သွားသောအခါ ဣသရေလ အမျိုးသားတို့က``မည်သည့်အနွယ်ဝင်သည် ခါနာန်ပြည်သားတို့အား ဦးစွာပထမသွား ရောက်တိုက်ခိုက်ရပါမည်နည်း'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။
2 Yahweh akasema, “Yuda atawashambulia. Tazama, nimewapa kumiliki nchi hii.
၂ထာဝရဘုရားက``ယုဒအနွယ်သည် ပထမသွားရောက်ရမည်။ ငါသည်ထိုပြည် ကိုသူတို့လက်သို့အပ်မည်'' ဟုမိန့်တော်မူ၏။
3 Watu wa Yuda wakawaambia wana wa Simeoni, ndugu zao, “Njoo pamoja nasi katika eneo letu ambalo tumepewa ili kwa pamoja tupigane na Wakanaani. Na sisi pia tutakwenda nanyi katika eneo mlilopewa.” Basi kabila la Simeoni wakaenda pamoja nao.
၃ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-
4 Watu wa Yuda wakashinda, na Bwana akawapa ushindi juu ya Wakanaani na Waperizi. Wakawaua watu elfu kumi huko Bezeki.
၄ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။-
5 Wakamkuta Adoni Bezeki huko Bezeki, nao wakapigana naye na kuwashinda Wakanaani na Waperizi.
၅ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-
6 Lakini Adoni Bezeki akamkimbilia, wakamfuata na kumshika, nao wakavikata vidole gumba na vidole vyake vikubwa.
၆သူသည်ထွက်ပြေးလေသည်။ သူတို့သည်ထို မင်းအားလိုက်လံဖမ်းဆီးပြီးလျှင် သူ၏ လက်မခြေမများကိုဖြတ်တောက်ပစ် ကြ၏။-
7 Adoni Bezek akasema, “Wafalme sabini, ambao na vidole gumba vyako na vidole vikubwa vilivyokatwa, walikusanya chakula chao chini ya meza yangu. Kama nilivyofanya, hata hivyo Mungu amefanya kwangu.” Wakamleta Yerusalemu, naye akafa huko.
၇အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
8 Watu wa Yuda wakapigana dhidi ya jiji la Yerusalemu na kulichukua. Walishambulia kwa makali ya upanga na wakauwasha mji kwa moto.
၈ယုဒအနွယ်ဝင်တို့သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို သတ်၍မြို့ကိုမီးရှို့ကြလေသည်။-
9 Baada ya hayo, watu wa Yuda walikwenda kupigana na Wakanaani waliokaa mlimani, Negebu, na magharibi mwa milima.
၉ထိုနောက်တောင်ကုန်းဒေသ၌လည်းကောင်း၊ တောင် ခြေရင်းဒေသနှင့်တောင်ဘက်သွေ့ခြောက်သည့် ဒေသ၌လည်းကောင်းနေထိုင်ကြသောခါနာန် ပြည်သားတို့အားသွားရောက်တိုက်ခိုက်ကြ၏။-
10 Yuda akaenda dhidi ya Wakanaani waliokaa Hebroni (jina la Hebroni hapo awali ilikuwa Kiriath-arba), nao wakamshinda Sheshai, Ahimani na Talmai.
၁၀ကိရယသာဘဟုအမည်တွင်ခဲ့သည့်ဟေဗြုန် မြို့၌နေထိုင်သောခါနာန်ပြည်သားတို့ကိုလည်း သွားရောက်တိုက်ခိုက်ကြ၏။ ထိုမြို့တွင်ရှေရှဲ အဟိမန်နှင့်တာလမဲသားချင်းစုတို့ကို နှိမ်နင်းအောင်မြင်ကြလေသည်။
11 Kutoka huko watu wa Yuda walipigana na wenyeji wa Debiri (jina la Debiri hapo awali ilikuwa Kiriath-seferi).
၁၁ထိုမှတစ်ဖန်ယုဒအနွယ်ဝင်တို့သည်ထိုစဉ် အခါကကိရယဿေဖာဟုနာမည်တွင်သည့် ဒေဗိရမြို့သို့ချီတက်ကြ၏။-
12 Kalebu akasema, Yeyote atakayeivamia Kiriath-seferi na kuichukua, nitampa Aksa, binti yangu, awe mkewe.
၁၂ထိုသူတို့အနက်ကာလက်ဆိုသူက``ငါသည် ကိရယဿေဖာမြို့ကိုတိုက်ခိုက်အောင်မြင် သောသူအားငါ့သမီးအာခသနှင့် ပေးစားမည်'' ဟုဆို၏။-
13 Otinieli, mwana wa Kenazi, ndugu mdogo wa Kalebu, akaiteka Debiri, naye Kalebu akampa Aksa, binti yake, awe mkewe.
၁၃ယင်းသို့ဆိုသည်အတိုင်းသြသံယေလသည် ထို မြို့ကိုအောင်မြင်စွာတိုက်ခိုက်နိုင်သည်ဖြစ်၍ ကာလက်၏သမီးကိုရလေသည်။ သူသည် ကာလက်၏ညီကေနတ်၏သားဖြစ်သတည်း။-
14 Ndipo Aksa alifika kwa Othnieli, naye akamsihi amuombe baba yake ampe shamba. Alipokuwa akishuka katika punda wake, Kalebu akamwuliza, “Nikufanyie nini?”
၁၄မင်္ဂလာဆောင်သောနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံတွင်လယ်မြေ တစ်ကွက်ကိုတောင်းခံစေ၏။ အာခသသည် မြည်းအပေါ်မှဆင်းလိုက်သောအခါကာလက် က``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟုမေးလျှင်၊-
15 Akamwambia, Nibariki. Kwa kuwa umenipa nchi ya Negebu, nipe pia chemchemi za maji. Kwa hiyo Kalebu akampa chemchemi za juu na chemchemi za chini.
၁၅``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။
16 Kizazi cha Mkeeni shemeji yake na Musa, walikwenda kutoka mji wa Mitende pamoja na watu wa Yuda, mpaka jangwa la Yuda, ambalo liko Negevu, kuishi na watu wa Yuda karibu na Arad.
၁၆မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-
17 Nao watu wa Yuda wakaenda pamoja na wana wa Simeoni ndugu zao, wakawaangamiza Wakanaani waliokaa Zefathi, wakaiharibu kabisa. Mji uliitwa Horma.
၁၇ယုဒအနွယ်ဝင်တို့သည်ရှိမောင်အနွယ်ဝင် တို့နှင့်အတူလိုက်၍ ဇေဖတ်မြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့အားတိုက်ခိုက် နှိမ်နင်းလိုက်ကြ၏။ သူတို့သည်ထိုမြို့ကို ကျိန်ဆဲကာဖျက်ဆီးပစ်ပြီးနောက်ဟော်မာ နာမည်ဖြင့်သမုတ်ကြလေသည်။-
18 Watu wa Yuda pia waliiteka Gaza na nchi iliyoizunguka, Ashkeloni na nchi iliyoizunguka, na Ekron na nchi iliyoizunguka.
၁၈ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
19 Yahweh alikuwa pamoja na watu wa Yuda na wakaimiliki nchi ya milima, lakini hawakuweza kuwatoa wenyeji wa kwenye bonde kwa sababu walikuwa na magari ya chuma.
၁၉
20 Hebroni alipewa Kalebu (kama Musa alivyosema), naye akawafukuza kutoka huko wana watatu wa Anaki.
၂၀မောရှေမိန့်မှာခဲ့သည့်အတိုင်းကာလက်သည် ဟေဗြုန်မြို့ကိုရရှိလေသည်။ သူသည်အာနက် မှဆင်းသက်လာသောသားချင်းစုသုံးစု အားထိုမြို့မှနှင်ထုတ်လိုက်၏။-
21 Lakini wana wa Benyamini hawakuwafukuza Wayebusi waliokaa Yerusalemu. Basi Wayebusi wakakaa na watu wa Benyamini huko Yerusalemu hata leo.
၂၁ဗင်္ယာမိန်အနွယ်ဝင်တို့မူကားယေရုရှလင် မြို့တွင် နေထိုင်သောယေဗုသိအမျိုးသားတို့ အားထိုမြို့မှနှင်ထုတ်ခြင်းမပြုကြချေ။ သို့ ဖြစ်၍ထိုအချိန်အခါမှအစပြု၍ယေဗုသိ အမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ နှင့်အတူယေရုရှလင်မြို့တွင်နေထိုင်ခဲ့ ကြသတည်း။
22 Nyumba ya Yusufu ilijiandaa kuishambulia Betheli, na Yahweh alikuwa pamoja nao.
၂၂ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-
23 Walipeleka watu kuipeleleza Betheli (jiji lililoitwa Luzu).
၂၃
24 Wapelelezi waliona mtu akitoka nje ya jiji, wakamwambia, “Tafadhali tuonyeshe jinsi ya kuingia ndani ya jiji, na tutakutendea mema.”
၂၄မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကိုမြင် ကြ၏။ သူတို့ကထိုသူအား``မြို့ထဲသို့ဝင်ရန် ငါတို့အားလမ်းပြမည်ဆိုလျှင်သင့်ကိုငါ တို့အဘယ်သို့မျှအန္တရာယ်ပြုမည်မဟုတ် ပါ'' ဟုပြောကြ၏။-
25 Aliwaonyesha njia ya kuingia kwenye mji. Waliuteka mji kwa makali ya upanga, lakini wakamuacha mtu huyo na ndugu zake wote waondoke.
၂၅ထိုသူကလည်းသူတို့အားလမ်းပြသဖြင့် ဧဖရိမ်အမျိုးသားနှင့်မနာရှေအမျိုး သားတို့သည် ထိုသူနှင့်သူ၏အိမ်ထောင်စု သားများမှအပအခြားမြို့သူမြို့သား ရှိသမျှကိုသတ်ဖြတ်ကြလေသည်။-
26 Na mtu huyo akaenda nchi ya Wahiti, akajenga mji, akauita Luzu, ambalo jina lake hata leo.
၂၆ထိုသူသည်ဟိတ္တိပြည်သို့သွားပြီးလျှင် မြို့ တစ်မြို့ကိုတည်ထောင်ကာ ထိုမြို့ကိုလုဇမြို့ ဟုခေါ်ဝေါ်သမုတ်သဖြင့် ထိုမြို့သည်ယနေ့ တိုင်အောင်လုဇမြို့ဟူ၍နာမည်တွင်လျက် ရှိသတည်း။
27 Watu wa Manase hawakuwafukuza watu waliokuwa katika miji ya Bethsheani na vijiji vyake, au Taanaki na vijiji vyake, au wale waliokaa Dori na vijiji vyake, wala wale waliokaa Ibleamu na vijiji vyake, wala walioshi Megido na vijiji vyake, kwa sababu Wakanaani walikuwa wameamua kuishi katika nchi hiyo.
၂၇မနာရှေအနွယ်ဝင်တို့သည်ဗက်ရှန်မြို့၊ တာနက် မြို့၊ ဒေါရမြို့၊ ဣဗလံမြို့၊ မေဂိဒ္ဒေါမြို့တို့နှင့်ထို မြို့တို့၏အနီးရှိမြို့ရွာများမှလူတို့အား နှင်မထုတ်ခဲ့ကြချေ။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်ထိုမြို့ရွာများ၌ပင်ဆက်လက် နေထိုင်ကြလေသည်။-
28 Israeli ipokuwa na nguvu, waliwalazimisha Wakanaani wawatumikie kwa kazi ngumu, lakini hawakuwafukuza kabisa.
၂၈ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
29 Efraimu hakuwafukuza Wakanaani waliokaa Gezeri; kwa hiyo Wakanaani wakakaa kati yao.
၂၉ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။
30 Zebuloni hakuwafukuza watu wa Kitroni, wala watu waliokuwa Nahaloli; na Wakanaani wakaendelea kuishi pamoja nao; lakini Zabuloni akawalazimisha Wakanaani wawatumikie kwa kazi ngumu.
၃၀ဇေဗုလုန်အနွယ်ဝင်တို့ကလည်း ကိတရုန် မြို့နှင့်နဟာလောလမြို့တို့တွင်နေထိုင်သူ တို့အားနှင်မထုတ်ဘဲနေကြသဖြင့် ခါနာန် အမျိုးသားတို့သည်သူတို့နှင့်အတူဆက် လက်နေလျက်သူတို့၏ချွေးတပ်ဆွဲခြင်း ကိုခံရကြ၏။
31 Asheri hakuwafukuza watu wanaoishi Aka, au watu wanaoishi Sidoni, au wale wanaoishi Alabu, Akzib, Helba, Afeka, au Rehobu.
၃၁အာရှာအနွယ်ဝင်တို့သည်အက္ခောမြို့၊ ဇိဒုန်မြို့၊ အာလပ်မြို့၊ အာခဇိပ်မြို့၊ ဟေလဗမြို့၊ အာဖိတ် မြို့၊ ရဟောဘမြို့တို့တွင်နေထိုင်သူတို့အား နှင်မထုတ်ခဲ့ကြချေ။-
32 Kwa hiyo kabila ya Asheri iliishi kati ya Wakanaani (waliokaa katika nchi hiyo), kwa sababu hawakuwafukuza.
၃၂ထို့ကြောင့်အာရှာအမျိုးသားတို့သည်ယင်း ဒေသခံခါနာန်အမျိုးသားတို့နှင့်အတူ နေထိုင်ရကြ၏။
33 Na kabila la Naftali halikuwafukuza watu waliokuwa wakiishi Bethshemeshi, wala waliokuwa wakiishi Bethanathi. Kwa hiyo kabila la Naftali liliishi kati ya Wakanaani (watu waliokuwa wakiishi katika nchi hiyo). Hata hivyo, wenyeji wa Bethshemeshi na Bethanathi walilazimishwa kufanya kazi ngumu kwa Naphthali.
၃၃နဿလိအနွယ်ဝင်တို့သည်ဗက်ရှေမက်မြို့၊ ဗေသနတ်မြို့တို့တွင်နေထိုင်သူတို့အားနှင် မထုတ်ကြဘဲ ဒေသခံခါနာန်အမျိုးသား တို့နှင့်အတူနေထိုင်ကြကာသူတို့အား ချွေးတပ်ဆွဲကြလေသည်။
34 Waamori waliwalazimisha kabila la Dani kuishi katika nchi ya kilima, hawakuwaruhusu kuja bondeni.
၃၄အာမောရိအမျိုးသားတို့သည်ဒန်အနွယ်ဝင် တို့အား တောင်ကုန်းဒေသသို့နှင်ထုတ်လိုက်ကြ ပြီးလျှင်ချိုင့်ဝှမ်းဒေသသို့ပြန်လာခွင့်မပြု ကြ။-
35 Basi Waamori waliishi katika mlima wa Heresi, huko Aiyaloni, na Shaalbimu, lakini nguvu za kijeshi za nyumba ya Yusufu ziliwashinda, nao wakalazimishwa kuwatumikia kwa kazi ngumu.
၃၅အာမောရိအမျိုးသားတို့သည်အာဇလုန်မြို့၊ ရှာလဗိမ်မြို့နှင့်ဟေရက်တောင်စခန်းမြို့တို့ တွင်ဆက်လက်နေထိုင်ကြ၏။ သို့ရာတွင်ဧဖရိမ် အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင်တို့သည်သူ တို့အားဆက်လက်အုပ်စိုး၍ချွေးတပ်ဆွဲကြ လေသည်။
36 Mpaka wa Waamori ulikuwa kutoka kilima cha Akrabimu huko Sela hadi nchi ya vilima.
၃၆သေလမြို့၏မြောက်ဘက်တွင်ဧဒုံပြည်နယ် နိမိတ်သည် အကရဗ္ဗိမ်တောင်ကြားလမ်းကို ဖြတ်၍သွားသတည်း။