< Ayubu 5 >

1 Ita sasa; je kuna yeyote ambaye atakujibu? Utamrudia yupi katika watakatifu hao?
ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
2 Kwa kuwa hasira huua mtu mpumbavu; wivu huua mjinga.
ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
3 Nimemuona mtu mpumbavu akishika mzizi, lakini ghafla niliyalaani makazi yake.
မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
4 Watoto wake wako mbali na uzima; wameangamia langoni mwa mji. Hakuna yeyote atakaye waponya.
သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
5 Mwenye njaa hula mavuno yao; hata huyachukua katikati ya miiba. Wenye kiu huzihemea mali zao.
သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
6 Kwa kuwa magumu hayatoki udongoni; wala taabu haichipuki katika nchi.
မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
7 Badala yake, wanadamu huzaliwa kwaajili ya taabu, kama tu cheche za moto zirukavyo juu.
မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
8 Lakini kwa mimi, ningemrudia Mungu mwenyewe; kwake ningeaminisha kusudi langu -
ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
9 yeye afanyae makuu na mambo yasiyochunguzika, mambo ya ajabu yasiyo na hesabu.
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
10 Hutoa mvua juu ya nchi, na huyapeleka maji mashambani.
၁၀မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
11 Hufanya haya kwaajili ya kuwainua juu hao walio chini; huwapandisha sehemu salama hao waombolezao.
၁၁ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
12 Yeye huharibu mipango ya watu wenye hila, ili mikono yao isipate mafanikio.
၁၂ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
13 Yeye huwanasa watu wenye hekima katika matendo ya hila zao wenyewe; mipango ya watu waliogeuzwa huharibika haraka.
၁၃ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
14 Wao hupatwa na giza wakati wa mchana, na hupapasa mchana kama vile ni usiku.
၁၄ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
15 Lakini yeye huokoa maskini kwa upanga wa vinywa vyao na mhitaji kwa mkono wa mtu mwenye nguvu.
၁၅ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
16 Hivyo mtu maskini ana matumaini, na udhalimu hufumba kinywa chake mwenyewe.
၁၆ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
17 Tazama, amebarikiwa mtu ambaye hutiwa adabu na Mungu; kwa sababu hiyo, usidharau uongozi wa Mwenyezi.
၁၇အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
18 Kwa kuwa yeye hujeruhi na kisha huuguza; yeye hutia jeraha na kisha mikono yake huponya.
၁၈ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
19 Yeye atakuokoa na mateso sita; kweli, katika mateso saba, hakuna uovu utakao kugusa.
၁၉သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
20 Wakati wa njaa atakukomboa na kifo, na kwa uwezo wa upanga wakati wa vita.
၂၀အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
21 Wewe utafichwa na mateso ya ulimi; na usitishike na uharibifu utakapokuja.
၂၁သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
22 Wewe utaufurahia uharibifu na njaa, na hutatishika na wanyama wakali wa nchi.
၂၂ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
23 Kwa kuwa wewe utakuwa na mapatano na mawe ya shambani mwako, na wanyama wa mwituni watakuwa na amani na wewe.
၂၃အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
24 Wewe utajua kwamba hema lako lina usalama; utatembelea zizi la kondoo wako na hutakosa kitu chochote.
၂၄သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
25 Pia utafahamu kwamba uzao wako utakuwa mwingi, na vizazi vyako vitakuwa kama nyasi ardhini.
၂၅သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
26 Wewe utafika kaburini kwako mwenye umri kamili, kama vile rundo la mashuke ya nafaka liendavyo juu wakati wake.
၂၆အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
27 Tazama, tumelipeleleza jambo hili; ndivyo lilivyo; lisikie, na ulifahamu kwa ajili yako mwenyewe.”
၂၇ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။

< Ayubu 5 >