< Ayubu 28 >

1 Hakika kuna machimbo ya fedha, wanaposafisha dhahabu.
ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
2 Chuma uchimbwa; shaba uyeyushwa kutoka katika jiwe.
သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
3 Mtu anaondoa giza na kutafuta, katika mpaka wa mbali, mawe hayaonekani na giza totoro.
လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
4 Huchimba shimo mbali na makazi ya watu, mahali pasipopitwa na mtu. Huning'inia mbali na watu; uharakisha kwenda na kurudi.
တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
5 Kwa nchi, kizalishwapo chakula, inapinduliwa kama kwa moto.
မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
6 Mawe yake yana johari, na vumbi lake lina dhahabu.
သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
7 Hata ndege mwindaji hapajui, wala jicho la kipanga halijapaona.
အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
8 Ndege mwenye majivuna hajawai kuiona njia hiyo, wala simba mkali kupita pale.
ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
9 Mtu huchimba mwamba mgumu; hupindua milima katika vyanzo vyake.
လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
10 Huweka njia katika miamba; macho yake pale kila kilicho cha thamani.
၁၀ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
11 Hufunga vyanzo hata wasiondoke; kilichofichika pale hukifunua.
၁၁စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
12 Hekima itakuwa wapi? Mahali pa ufahamu ni wapi?
၁၂သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13 Mtu hafahamu thamani yake; wala haipatikani katika nchi ya walio hai.
၁၃ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
14 Vilindi vya maji chini ya nchi husema, 'Haiko kwangu'; bahari husema, 'Haipo pamoja nami.'
၁၄နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
15 Hainunuliwi kwa dhahabu; wala hailinganishwi na fedha.
၁၅ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
16 Haiwezi kuthamanishwa na dhahabu ya Ofiri, kwa jiwe jeusi la thamani au johari.
၁၆ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
17 Dhahabu na fuwele hailingani nayo kwa thamani; wala haiwezi kubadilishwa kwa vito vya dhahabu safi.
၁၇ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
18 Hailinganishwi na marijani wala yaspi; hakika, thamani ya hekima inapita madini ya rubi.
၁၈သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
19 Topazi ya Ethiopia hailinganishwi nayo; wala kuthamanishwa kwa dhahabu safi.
၁၉ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
20 Je hekima inatoka wapi? Mahali pa ufahamu ni wapi?
၂၀သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21 Hekima imejificha mbali na macho ya viumbe wote na ndege wa angani.
၂၁အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
22 Mauti na uharibifu husema, 'Tumesikia tu tetesi kwa masikio yetu.'
၂၂အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
23 Mungu hufahamu njia ya kuipata; anapafahamu ilipo.
၂၃ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
24 Kwani uona miisho yote ya dunia na huona chini ya mbingu zote.
၂၄ပညာနေရာအရပ်ကို သိတော်မူ၏။
25 Hapo kale, alifanya nguvu za upepo na kuyagawanya maji kwa kipimo.
၂၅လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
26 Aliiwekea mvua tamko na njia ya radi na munguromo.
၂၆မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
27 Kisha akaiona hekima na kuitangaza; aliianzisha, bila shaka, na kuipima.
၂၇ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
28 Aliwambia watu, 'Tazameni, kumcha Bwana - ni hekima; kuacha uovu ni ufahamu.”
၂၈လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။

< Ayubu 28 >