< Ayubu 25 >

1 Kisha Bilidadi Mshuhi akajibu na kusema,
တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
2 “Utawala na hofu vipo naye; anaagiza mahali pa juu pake mbinguni.
ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
3 Je kuna idadi ya majeshi yake? Ni wapi pasipo na nuru yake?
ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။
4 Jinsi gani basi mtu awe mwenye haki kama Mungu? Jinsi gani aliyezaliwa na mwanamke awe safi, amekubaliwa naye?
သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
5 Tazama, hata mwezi kwake haungazii; nyota hazikosafi mbele zake.
လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
6 Ni vipi mtu, aliyemdudu - mwana wa mtu, aliye mdudu!”
ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။

< Ayubu 25 >