< Ayubu 20 >

1 Ndipo Sofari, Mnaamathi alijibu na kusema,
တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
2 “Mawazo yangu yananifanya mimi nijibu kwa haraka kwa sababu ya mashaka yaliyomo ndani yangu mimi.
ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
3 Mimi ninasikia kukemewa ambako kunaniondolea heshima mimi, lakini roho kutoka katika ufahamu wangu hunijibu mimi.
ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
4 Je, unafahamu kwamba ukweli huu kutoka enzi za kale, wakati Mungu alipomweka mwanadamu juu ya nchi:
ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
5 ushindi wa mtu mwovu ni mfupi, na furaha ya mtu asiyemcha Mungu hudumu kwa kitambo tu?
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
6 Ingawa urefu wake yeye hufikia juu kwenye mbingu, na kichwa chake yeye kufikia kwenye mawingu,
သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
7 bado mtu huyo atapotea siku zote kama mavi yake yeye mwenyewe; wale waliokuwa wamemuona yeye watasema, 'Yuko wapi yeye'?
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
8 Yeye atapaa mbali kama ndoto na hataonekana; ndivyo ilivyo, yeye atakuwa amefukuzwa mbali kama ono la
သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
9 usiku. Jicho ambalo lilimuona yeye halitamuona yeye tena; mahali pake hapatamuona yeye tena.
သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
10 Watoto wake wataomba msamaha kwa watu maskini, mikono yake itaweza kurudisha utajiri wake.
၁၀သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
11 Mifupa yake imejaa nguvu za ujanani, lakini zitalala naye chini katika mavumbi.
၁၁သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
12 Japokuwa uovu ni mtamu katika mdomo wake yeye, japokuwa yeye anauficha chini ya ulimi wake yeye,
၁၂သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
13 japokuwa anaushikilia pale na hauruhusu kwenda lakini bado huushikilia katika mdomo wake yeye -
၁၃နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
14 chakula katika koromeo lake yeye hugeuka kuwa uchungu; hugeuka kuwa sumu ya majoka ndani yake yeye.
၁၄စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
15 Yeye humeza chini utajiri, lakini yeye atautapika tena; Mungu atautoa nje kutoka katika tumbo lake yeye.
၁၅သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
16 Yeye atamumunya sumu ya majoka; ulimi wa nyoka mwenye sumu utamwua yeye.
၁၆သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
17 Yeye hatafurahia vijito vya maji, wingi wa asali na siagi.
၁၇အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
18 Yeye atayarudisha matunda ya kazi yake na hataweza kuyala; yeye hatafurahia utajiri alioupata kwa biashara zake yeye.
၁၈မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
19 Kwa kuwa yeye amewakandamiza na kuwasahau watu maskini; yeye kwa uonevu, amezichukua mbali nyumba ambazo hakuzijenga yeye.
၁၉ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
20 Kwa sababu yeye mwenyewe hakujua utoshelevu wowote, yeye hataweza kuokoa kitu chochote katika kile ambacho alijifurahisha.
၂၀လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
21 Hakuna chochote kilichoachwa ambacho yeye hakukimeza; kwa hiyo mafanikio yake yeye hayatakuwa ya kudumu.
၂၁သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
22 katika wingi wa utajiri wake yeye ataanguka katika mahangaiko; mkono wa kila mmoja ambaye yuko katika umaskini utakuja kinyume chake yeye.
၂၂ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
23 Wakati akiwa katika kulijaza tumbo lake, Mungu atatupa hasira ya ghadhabu yake juu yake yeye; Mungu ataunyeshea chini juu yake yeye wakati yeye anakula.
၂၃သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
24 Ingawa mtu huyo atakimbia kutoka katika silaha ya chuma, upinde wa shaba utampiga yeye.
၂၄သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
25 Mshale utatoboa kupitia mgongoni mwake na utatokezea; ni dhahiri, ncha inayong'ra itatokezea nje kupitia ini lake yeye; watesi huja tena juu yake.
၂၅မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
26 Giza lliilo kamilika limetunzwa kwa akiba zake; moto usiopulizwa utamla yeye kwa haraka; utameza kile kilichoachwa katika hema yake.
၂၆ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
27 Mbingu zitauweka wazi uovu wake, na nchi itainuka juu dhidi yake yeye kama shahidi.
၂၇မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
28 Utajiri wa nyumba yake utatoweka; bidhaa zake zitamwagika mbali siku ya ghadhabu ya Mungu.
၂၈သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
29 Hii ndiyo sehemu ya mtu mwovu kutoka kwa Mungu, urithi uliotunzwa akiba na Mungu kwa ajili yake yeye.”
၂၉ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။

< Ayubu 20 >