< Ayubu 16 >

1 Ndipo Ayubu akajibu na kusema,
ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 “Mimi nimevisikia vitu hivyo vingi; ninyi nyote ni wafariji wenye kuhuzunisha.
ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား။
3 Maneno yenye upuuzi daima yanaweza kuwa na mwisho? Nini kimeharibika kwenu kwamba mnajibu kama hivi?
အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။
4 Mimi pia ningeweza kuzungumza kama ninyi mnavyofanya, kama ninyi mngekuwa katika nafasi yangu; Mimi ningekusanya na kuunganisha maneno pamoja dhidi yenu na kutikisa kichwa changu kwenu ninyi katika dhihaka.
သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
5 Laiti, jinsi gani Mimi ningewatia moyo na midomo yangu! Jinsi gani faraja kutoka midomo yangu ingenga'risha huzuni yenu!
ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
6 Ikiwa Mimi ninazungumza, kuomboleza kwangu hakujasikilizwa; Ikiwa nikiendelea katika kuzungumza, jinsi gani mimi ninaidiwa?
ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
7 Lakini sasa, Mungu,
ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
8 wewe umenifanya mimi kuchoka; wewe umeifanya familia yangu yote kuwa ukiwa. Wewe umenifanya mimi kukauka, ambayo yenyewe ni ushuhuda dhidi yangu mimi; kukonda kwa mwili wangu huinuka dhidi yangu, na kunashuhudia dhidi ya macho yangu.
ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
9 Mungu amenirarua mimi katika ghadhabu yake na amenitesa mimi; Yeye amenisaga mimi kwa meno yake; Adui yangu amenikazia macho yake juu yangu kama yeye anavyonirarua mimi vipande.
အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
10 Watu wameachama na midomo iliyowazi juu yangu; wamenipiga mimi katika shavu kwa kunitukana; wamekusanyika pamoja kinyume changu mimi.
၁၀သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။
11 Mungu amenikabidhi mimi juu ya watu wasio mcha Mungu, na kunitupa mimi ndani ya mikono ya watu waovu.
၁၁ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
12 Mimi nilikuwa katika wepesi, na yeye amenivunjavunja mimi vipande. Hakika, amenichukua mimi kwa shingo na ameniponda mimi vipande vipande; yeye pia ameniweka mimi juu kama shabaha yake.
၁၂ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။
13 Wapiga upinde wake wote wamenizunguka mimi; Mungu huzikata vipande vipande figo zangu, na haniokoi mimi; yeye humwaga nje nyongo yangu juu ya ardhi.
၁၃မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။
14 yeye hukanyaga kanyaga kupitia ukuta wangu tena na tena; yeye hukimbia juu yangu mimi kama shujaa.
၁၄ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
15 nguo ya magunia juu ya ngozi yangu; Mimi nimeisukuma kwa nguvu pembe yangu ndani ya ardhi.
၁၅ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။
16 Uso wangu ni mwekundu na kuomboleza; juu ya ngozi inayofunika macho kuna kivuli cha mauti
၁၆ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။
17 ingawa hakuna dhuluma katika mikono yangu, na kuomba kwangu ni safi.
၁၇သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။
18 Nchi, haifuniki juu damu yangu mimi; acha kulia kwangu kuwe hakuna mahali pa kupumzika.
၁၈အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
19 Hata sasa, tazama, ushuhuda wangu uko mbinguni; yeye ambaye ashuhudiaye kwa ajili yangu mimi yuko juu.
၁၉ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။
20 Rafiki zangu wananicheka kwa dharau, lakini jicho langu linamwaga machozi kwa Mungu.
၂၀ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
21 Mimi ninaomba ule ushuhuda ulioko mbinguni kumtetea mtu huyu na Mungu kama mwanadamu afanyavyo na jirani yake.
၂၁လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
22 Kwa maana wakati miaka michache itakapokuwa imepita, Mimi nitakwenda mahali ambapo mimi sitaweza kurudi.
၂၂နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။

< Ayubu 16 >