< Ayubu 13 >

1 Tazama, jicho langu limeyaona haya yote; sikio langu limeyasikia na kuyaelewa hayo.
ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍နားလည်ပြီ။
2 Kile mnachokifahamu, ndicho hicho mimi pia ninachokifahamu; Mimi siyo duni kwenu ninyi.
သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။
3 Hata hivyo, Mimi ningeweza kuzungumza na mwenye nguvu; Mimi natamani kusemezana na Mungu.
အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
4 Lakini ninyi mnauficha ukweli kwa uongo; ninyi nyote ni tabibu msiokuwa na thamani.
သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
5 Laiti, kwamba kwa pamoja mngeshikilia amani yenu! Hilo lingekuwa hekima yenu ninyi.
သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
6 Sikia sasa kuhoji kwangu; Sikiliza kusihi kwa midomo yangu mwenyewe.
ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
7 Ninyi mtazungumza visivyo haki kwa ajili ya Mungu, na ninyi mtazungumza udanganyifu kwa yeye? Ni kweli ninyi mngeonyesha ukarimu kwa yeye?
သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
8 Ni kweli ninyi mngetetea katika mahakama kama mawakili wa Mungu?
မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။
9 Je, kweli ingekuwa vizuri kwenu wakati yeye akiwatafuta ninyi? Mngeweza ninyi kumdanganya yeye kama mlivyoweza kuwadanganya watu?
သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
10 Yeye kwa hakika angewathibitisha upya ninyi ikiwa katika siri ninyi mmeonyesha kutokukamilika.
၁၀သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။
11 Je, ukuu wake usingewafanya ninyi muogope? Je, utisho wake usingeshuka juu yenu?
၁၁သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
12 Hadithi zenu za misemo ya kukariri, ni mithali zimetengenezwa kwa majivu; utetezi wenu ni utetezi uliotengenezwa kwa udongo wa mfinyanzi.
၁၂သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
13 Shikilieni amani yenu, mniache peke yangu, ili ya kwamba nipate kusema, acheni yaje yale yanayoweza kuja kwangu.
၁၃တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
14 Nitaichukua nyama yangu mwenywewe katika meno yangu; Nitayachukua maisha yangu katika mikono yangu.
၁၄သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။
15 Tazama, ikiwa ataniua mimi, sitakuwa na tumaini lililobakia; hata hivyo, nitazitetea njia zangu mbele zake yeye.
၁၅ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
16 Hiki kitakuwa sababu ya kutohesabiwa hatia, kwamba mimi sikuja mbele zake kama mtu asiyemcha Mungu.
၁၆ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။
17 Mungu, sikiliza kwa makini kuzungumza kwangu; ruhusu kutangaza kwangu kuje kwenye masikio yako.
၁၇ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့။
18 Tazama sasa, Nimeuweka utetezi wangu katika mpangilio, Mimi ninafahamu kwamba mimi sina hatia.
၁၈ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
19 Ni nani anayeweza kushindana na mimi katika mahakama? Ikiwa mlikuja kufanya hivyo, na kama mimi nilithibitishwa kukosea, ndipo ningekuwa kimya na kuyatoa maisha yangu.
၁၉ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
20 Mungu, fanya mambo mawili kwa ajili yangu, na tena Mimi sitajificha kutoka katika uso wako.
၂၀ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။
21 Ondoa kutoka kwangu mkono wako unaotesa, na usiache utisho wako unifanye mimi kuogopa.
၂၁လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
22 Ndipo niite mimi, na mimi nitakujibu; au uniache mimi niseme na wewe na wewe unijibu mimi.
၂၂ထိုအခါခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော်အမိန့်ရှိတော်မူပါ။
23 Je, maovu yangu na dhambi zangu ni ngapi? Nijulishe kosa langu na dhambi yangu.
၂၃အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။
24 Kwa nini unaficha uso wako kutoka kwangu mimi na kunitendea mimi kama adui yako?
၂၄ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
25 Je, wewe utalitesa jani linalopeperushwa? Je, utaendelea kulifuatilia bua kavu?
၂၅လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
26 Kwa maana wew unaandika chini vitu vichungu dhidi yangu mimi; wewe unanifanya mimi kurithi uovu wa ujana wangu.
၂၆အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
27 Wewe pia unaiweka miguu yangu katika nguo nyembamba; wewe waangalia njia zangu zote; wewe wachunguza chini mahali ambapo nyayo za miguu yangu zimekanyaga.
၂၇အကျွန်ုပ်ကိုထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
28 japokuwa mimi ni kama kitu kilichooza ambacho hutupwa mbali, kama vazi lile ambalo nondo wamelila.
၂၈ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။

< Ayubu 13 >