< Ayubu 1 >

1 Kulikuwa na mtu katika nchi ya Usi jina lake Ayubu; na Ayubu alikuwa mwenye haki na mkamilifu, mmoja aliyemcha Mungu na kuepukana na
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
2 uovu. Wakazaliwa kwake watoto saba wa kiume na mabinti watatu.
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
3 Alimiliki kondoo elfu saba, ngamia elfu tatu, jozi mia moja za maksai, na punda mia tano na idadi kubwa ya watumishi. Mtu huyu alikuwa mtu mkuu wa watu wote wa mashariki.
သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
4 Kwa siku yake kila mtoto wa kiume, hufanya karamu katika nyumba yake. Wakatuma na kuwaita dada zao watatu waje kula na kunywa pamoja nao.
ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
5 Baada ya siku za karamu zilipokuwa zimetimia, Ayubu hutuma kwao na kuwatakasa. Aliamka asubuhi na mapema na kutoa sadaka za kuteketezwa kwa kila mtoto wake, kwa kusema, “Yawezekana kwamba wanangu wamefanya dhambi na kumkufuru Mungu mioyoni mwao.” Siku zote Ayubu alifanya hivi.
ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
6 Kisha ilikuwa siku ambayo watoto wa Mungu walikwenda kujihudhurisha mbele za BWANA. Shetani pia akaenda pamoja nao.
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
7 BWANA akamuuliza Shetani, “Umetoka wapi wewe?” Kisha Shetani akamjibu BWANA na kusema, “Natoka kuzunguka zunguka duniani, kutembea huku na huko humo.”
ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
8 BWANA akamuuliza Shetani, “Je umemwangalia mtumishi wangu Ayubu? Kwa kuwa hakuna mmoja aliye kama yeye duniani, mtu mwenye haki na mkamilifu, mmoja aliyemcha Mungu na kuepukana na uovu.”
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
9 Kisha Shetani akamjibu BWANA na kusema, “Je Ayubu amcha Mungu bila sababu?
စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
10 Wewe hukumwekea kinga pande zote, kuzunguka nyumba yake, na kuzunguka vitu vyote alivyo navyo kutoka kila upande? Wewe umebariki kazi za mikono yake, na mifugo yake imeongezeka katika nchi.
၁၀ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
11 Lakini sasa nyosha mkono wako na uguse yote hayo aliyonayo, na uone kama hatakufuru mbele ya uso wako.”
၁၁ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
12 BWANA akamwambia Shetani, “Tazama, hayo yote aliyonayo yamo mkononi mwako. Isipokuwa juu yake yeye mwenyewe usinyoshe mkono wako.” Kisha Shetani akatoka mbele za BWANA.
၁၂ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
13 Ilitokea siku moja, wana wake wa kiume na binti zake walipokuwa wakila na kunywa mvinyo nyumbani mwa ndugu yao mkubwa.
၁၃တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
14 Mjumbe akamfikia Ayubu na kusema, “Hao maksai walikuwa wakilima na punda walikuwa wakichunga karibu nao.
၁၄ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊
15 Waseba wakawaangukia na kutoweka nao. Kwa wale watumishi, wamewaua kwa makali ya upanga. Mimi pekee nimeokoka kukuletea habari.”
၁၅ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
16 Wakati alipokuwa akiendelea kusema, akatokea mwingine pia na kusema, “Moto wa Mungu umeanguka toka mbinguni na kuwateketeza kondoo na watumishi. Mimi pekee nimeokoka kukuletea habari.”
၁၆ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
17 Wakati alipokuwa akiendelea kusema, akatokea mwingine pia na kusema, “Wakaldayo walifanya vikundi vitatu, wakawashambulia ngamia, na kuondoka nao. Kwa wale watumishi, wamewaua kwa makali ya upanga. Mimi pekee nimeokoka kukuletea habari.”
၁၇ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
18 Wakati alipokuwa akiendelea kusema, akatokea mwingine pia na kusema, “Wana wako wa kiume na binti zako walikuwa wakila na kunywa mvinyo nyumbani mwa ndugu yao mkubwa.
၁၈ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
19 Upepo wenye nguvu ulitokea jangwani na ukapiga pembe nne za nyumba. Ikawaangukia vijana hao, na wakafa wote. Mimi pekee nimeokoka kukuletea habari.
၁၉တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
20 Kisha Ayubu akainuka, akalirarua joho lake, akanyoa kichwa chake, akaanguka chini kifudifudi na kumwabudu Mungu.
၂၀ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
21 Akasema, “Mimi nilitoka tumboni mwa mama yangu ni uchi, nami nitakuwa uchi wakati nitakaporudi huko. BWANA alitoa, na BWANA ametwaa. Jina la BWANA libarikiwe.”
၂၁အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
22 Katika mambo hayo yote, Ayubu hakutenda dhambi, wala hakumwazia Mungu kwa uovu.
၂၂ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။

< Ayubu 1 >