< Yeremia 8 >

1 Wakati huo - BWANA asema - wataleta kutoka makaburini mifupa ya wafalme wa Yuda na wakuu wake, mifupa ya makuhani na ya manabii na mifupa ya wakazi wa Yerusalemu.
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ်၍၊
2 Kisha wataitandaza nje mchana kweupe na mbalamwezi na nyota zote za angani; hivi vitu katika anga vimenifuata na kunitumikia, na kwamba vimetembea na kutafuta, na kwamba vimeniabudu. Mifupa haitakusanywa na kuzikwa tena. Itakuwa kama mavi juu ya uso wa dunia.
ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
3 Na katika kila eneo lililobaki ambalo nimewafukuza, Watachagua mauti badala ya uzima kwa ajili yao, wote ambao watasalia kutokana na taifa hili ovu - asema BWANA wa majeshi.
ငါနှင်လိုက်ရာအရပ်ရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
4 Kwa hiyo uwaambie, 'BWANA asema hivi: Je, kuna mtu anyeanguka na hasimami? Je, kuna mtu anayepotea na hawezi kujaribu kurudi?
တဖန် သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန် မထရသလော။ လွဲသွားသောသူသည် နောက်တဖန် ပြန်၍ မလာရသလော။
5 Kwa nini hawa watu, Yerusalemu, wamegeukia uasi daima? Wanashikilia uongo na wanakataa kutubu.
ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍မလာဟု ခိုင်မာစွာ ဆိုကြ၏။
6 Nilikaa kwa uangalifu na nikasikiliza, lakini hawakuongea kilicho sahihi; hakuna aliyetubia uovu wake, hakuna asemaye, “Nimefanya nini?” Kila mmoja wao huenda kule anakotaka, kama farasi aendaye kasi vitani.
ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေးတတ်ကြ၏။
7 Hata koikoi angani hujua wakati sahihi; na njiwa, na mbayuayu, n a korongo. Huhama kwa wakati sahihi, lakini watu wangu hawayajui maagizo ya BWANA.
မိုဃ်းကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်း ကို နားမလည်တတ်။
8 Kwa nini mnasema, “Sisi tuna hekima! na sheria ya BWANA tunayoi?” Hakika, Tazama! Kalamu yenye uongo ya mwandishi imefanya uongo.
ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ။
9 Wenye hekima wataaibishwa. Wameyeyuka na na kunaswa. Tazama! wanakataa neno la BWANA, kwa hiyo hekima yao ni kwa ajili ya matumizi gani?
ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။
10 Kwa wake zao nitawapa wengine, na mashamba yao kwa wale watakaowamiliki, kwa kuwa kuanzia kijana hadi mkuu, kwa pamoja ni wachoyo! Kuanzia nabii hadi kuhani, wote wanasema uongo.
၁၀ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါးတို့၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။
11 Kwa kuwa wametibu jeraha ya binti za watu wangu kwa juu juu. Walijisemea, “Amani, Amani,” na kumbe hapakuwa na amani.
၁၁ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။
12 Je, waliona aibu walipofanya machukizo? Hawakuaibika. Hawakuwa na utu. Kwa hiyo wataanguka wakati wa adhabu, pamoja na wale walioanguka. Watatupwa chini, asema BWANA.
၁၂သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြ သလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13 Nitawaondoa kabisa - asema BWANA - hapatakuwa na zabibu kwenye mizabibu yao, wala tini katika mitini yao. kwa kuwa jani litanyauka, na kile nilichowapatia kitaisha.
၁၃သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည်။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်း သီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
14 Kwa nini tunakaa hapa? Njoni pamoja; twendeni kwenye hiyo miji yenye maboma, na tutakaa kimya kule katika kifo. Kwa kuwa BWANA, Mungu wetu atatunyamazisha. Atatufanya tunywe sumu, kwa kuwa tumemtenda dhambi.
၁၄ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြ သနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရ ဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ၏။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ၏။
15 Tunatumainia amani, lakini hakutakuwa na jema. Tunatumainia wakati wa uponyaji, lakini tazama kutakuwa na hofu.
၁၅ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မြော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။
16 Mkoromo wa farasi wake umesikika kutoka Dani. Dunia nzima inatikisika kwa sababu ya sauti ya kukaribia kwa farasi wake wenye nguvu. Kwa kuwa watakuja kuiangamiza nchi na utajiri wake, mji na wote wakaao nadani yake.
၁၆သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။
17 Hebu tazama, ninawatuma nyoka kati yenu, fira ambao hawawezi kuzuiliwa kwa uganga. Watawauma - asema BWANA,”
၁၇ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
18 Huzuni yangu haina ukomo, na moyo wangu unaugua.
၁၈ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည် စိတ်ပျက်လျက်နေရ၏။
19 Tazama! sauti ya maumivu ya binti wa watu wangu kutoka mbali! Je, BWANA hayumo Sayuni? Je, mfalme wake hayumo ndani yake? Kwa nini sasa wananichukiza kwa vitu vya kuchongwa na sanamu za kigeni zilizo batili?
၁၉ငါ၏ လူမျိုးသတို့သမီးအော်ဟစ်သံကို ဝေးသော ပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော် မမူသလော။
20 Mavuno yamepita, wakati wa hari umekwisha. Lakini sisi hatujaokoka.
၂၀အသီးအနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလ ကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။
21 Nimeumia kwa sababu ya maumivu ya binti wa watu wangu. Ninaomboleza kwa sababu ya mambo ya kushangaza ambayo yametokea kwake; Nimeyeyuka.
၂၁ငါ၏လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
22 Je, kule Gileadi hakuan dawa? Je, huko hayuko mponyaji? Kwa nini uponyaji wa binti wa watu wangu hautokei?
၂၂ဂိလဒ်ပြည်၌ ဗာလဇံပင် အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ ထမြောက်သနည်း။ တကျွန်းတနိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း။

< Yeremia 8 >