< Yeremia 7 >

1 Hili ndilo neno la BWANA lililomjia Yermia,
ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရ​မိ​အား​ဗိ​မာန် တော်​၏​ဝင်း​တံ​ခါး​သို့​စေ​လွှတ်​တော်​မူ​၍ ထို​ဝင်း​တံ​ခါး​အ​နီး​တွင်​ရပ်​လျက်​ဤ သို့​ကြေ​ညာ​စေ​၏။-
2 Simama katika lango la nyumba ya BWANA na utangaze ujumbe huu! Sikiilizeni neno la BWANA, ninyi nyote watu wa Yuda, ninyi mnaoingia katika malango haya kumwabudu BWANA.
ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ဤ​တံ​ခါး​မှ​ဝင်​ရောက်​လာ​ကြ​သည့်၊ အို ယု​ဒ ပြည်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-
3 BWANA wsa majeshi, Mungu wa Israeli, anasema hivi: Tengenezeni njia zenu na kufanya mema, nami nitawaacha muishi hapa.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သင်​တို့​အား ဤ​အ​ရပ်​တွင်​ဆက်​လက် နေ​ထိုင်​ခွင့်​ပြု​နိုင်​ရန်​သင်​တို့​သည် မိ​မိ​တို့​နေ ထိုင်​မှု​နှင့်​အ​ပြု​အ​မူ​တို့​ကို​ပြု​ပြင်​ပြောင်း လဲ​စေ​ကြ​လော့။-
4 Msitumainie maneno ya uongo mkisema, “Hekalu la BWANA!, Hekalu la BWANA! Hekalu la BWANA!”
`ဤ​ဗိ​မာန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏' ဟု ပြော​ဆို​သူ​တို့​၏​မု​သား​စ​ကား​ကို​မ​ယုံ ကြ​နှင့်။
5 Bali kama mtazitengeneza njia zenu na kufanya mema, kama mtatoa hukumu ya haki kati ya mtu na jirani yake
``သင်​တို့​နေ​ထိုင်​မှု​တို့​ကို​ပြု​ပြင်​ပြောင်း​လဲ စေ​ကြ​လော့။ ယ​ခု​ပြု​သော​အ​ကျင့်​တို့​ကို မ​ပြု​တော့​နှင့်။ သင်​တို့​အ​ချင်း​ချင်း​ဆက်​ဆံ ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​စေ​ကြ​လော့။-
6 -kama hamtanyonya anayekaa katika nchi, yatima, mjane, na kama hamtamwaga damu ya mtu asiye na hatia mahali hapa, na kama hataenda kwa miungu mingine kwa ajili ya maumivu yenu
တိုင်း​တစ်​ပါး​သား​များ၊ မိ​ဘ​မဲ့​သူ​များ​နှင့် မု​ဆိုး​မ​များ​အ​ပေါ်​တွင်​အ​ခွင့်​ကောင်း​မ​ယူ ကြ​နှင့်​တော့။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​မှု​မ​ပြု​ကြ နှင့်​တော့။ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​မှု​သည်​သင်​တို့​အား​အ​ကျိုး​ယုတ်​စေ မည်​ဖြစ်​၍​ထို​အ​မှု​ကို​ရပ်​စဲ​လိုက်​ကြ​လော့။-
7 -ndipo nitakapowaacha mkae mahali hapa, katika nchi ambayo niliwapia mababu zenu toka zamani na hata milele.
ဤ​သို့​ပြု​ပြင်​ပြောင်း​လဲ​ပါ​မူ​ငါ​သည်​သင် တို့​ဘိုး​ဘေး​များ​အား အ​ပိုင်​ပေး​အပ်​ခဲ့ သည့်​ပြည်​တော်​တွင်​သင်​တို့​ကို​ဆက်​လက် ၍​ထာ​ဝ​ရ​နေ​ထိုင်​ခွင့်​ပြု​တော်​မူ​မည်။
8 Tazama! Mnatumainia maneno ya uongo ambayo hayawasaidii.
``ကြည့်​လော့။ သင်​တို့​သည်​လိမ်​လည်​လှည့် ဖြား​၍​တန်​ဖိုး​မ​ရှိ​သော​စ​ကား​များ​ကို ယုံ​ကြည်​အား​ကိုး​ကြ​၏။-
9 Je, mnaiba. mnaua, manafanya uzinzi? na mnaapa kwa uongo na kufukiza uvumba kwa Baali na kwenda kwa miungu mingine ambao hamkuwajua?
သင်​တို့​သည်​ခိုး​ဝှက်​မှု၊ လူ​သတ်​မှု၊ သူ့​မ​ယား ကို​ပြစ်​မှား​မှု၊ ကျိန်​ဆို​၍​လိမ်​လည်​မှု၊ ဗာလ ဘု​ရား​ကို​ယဇ်​ပူ​ဇော်​မှု​နှင့်​မိ​မိ​တို့​မ​သိ ဘူး​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် မှု​တို့​ကို​ပြု​ကြ​၏။-
10 Je, mnakuja na kusimama mbele yangu katika nyumba hii ambapo jina langu linatangazwa na kusema, “Tumeokoka.” hivyo mnaweza kufanya machukizo yote haya?
၁၀သင်​တို့​သည်​ငါ​စက်​ဆုတ်​သည့်​အ​မှု​များ​ကို ပြု​ကျင့်​ကာ​ငါ​၏​ဗိ​မာန်​တော်​သို့​လာ​၍ ငါ့ ရှေ့​မှောက်​၌​ရပ်​ပြီး​လျှင်`ငါ​တို့​သည်​ဘေး ကင်း​ကြ​ပြီ၊ ဤ​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​ရာ​တို့​ကို​လုပ်​နိုင်​ကြ​ပြီ' ဟု​ဆို​ကြ​၏။-
11 Je, hii ndiyo nyumba inayobeba jina langu, pango la wanyang'anyi mbele ya macho yenu? Lakini tazama, Nimeiona - BWANA asema.'
၁၁ငါ​၏​နာ​မ​ကို​ဆောင်​သော​ဗိ​မာန်​တော်​ကို ဋ္ဌား​ပြ​များ​ပုန်း​အောင်း​ရာ​အ​ရပ်​ဟု​သင် တို့​ထင်​မှတ်​သ​လော။ သင်​တို့​ပြု​သည့်​အ​မှု တို့​ကို​ငါ​မြင်​တော်​မူ​ပြီ​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
12 Kwa hiyo uende mahali pangu kule Shiloh, Kule ambako mwanzoni niliruhusu jina langu kukaa, na tazama kile nilichofanya pale kwa sababu ya maovu ya watu wangu Israeli.
၁၂``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-
13 Kwa hiyo sasa, kwa sababu ya matendo yako haya yote - asema BWANA - Nilikuambia mara kadhaa, lakini hukusikiliza. Nilikuita, lakini hukuitika.
၁၃သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-
14 Kwa hiyo kile nilichofanya Shilo, ndicho ambacho pia nitakachofanya kwa nyumba yangu hii inayoitwa kwa jina langu, nyumba amabyo ninyi mmeitumainia, mahali hapa ambapo niliwapa ninyi na mababu zenu.
၁၄သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-
15 Kwa kuwa nitawafukuza mtoke kwangu kama vile nilivyowafukuza ndugu zenu wote, uzao wote wa Efraimu.'
၁၅ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။
16 Na wewe, Yeremia, usiwaombee watu hawa, na usiinue maombolezo ya kilio au kuomba sala kwa niaba yao, na usinishi, kwa kuwa sitakusikiliza.
၁၆``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-
17 Kwani huoni kile wanachofanya katika miji ya Yuda na katika mitaa ya Yerusalemu?
၁၇ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​၌ သူ​တို့​ပြု​ကျင့်​လျက်​ရှိ​သော​အ​မှု​တို့​ကို သင်​မ​မြင်​သ​လော။-
18 Watoto wanakusanya kuni na baba zao huwasha moto! Wanawake hukanda unga ili kuoka mikate kwa ajili ya malikia wa mbinguni na kumimina sadaka ya vinywaji kwa miungu mingine ili kunikasirisha mimi.
၁၈က​လေး​သူ​ငယ်​များ​သည်​ထင်း​ခွေ​၍​အ​မျိုး သား​ကြီး​များ​က​မီး​မွေး​ကာ​အ​မျိုး​သ​မီး ကြီး​များ​က ကောင်း​ကင်​မိ​ဖု​ရား​အ​မည်​တွင် သော​နတ်​သ​မီး​အား​ပူ​ဇော်​ရန်​မုန့်​ညက်​ကို နယ်​၍​မုန့်​ဖုတ်​ကြ​၏။ သူ​တို့​သည်​ငါ့​စိတ်​တော် မ​သာ​မ​ယာ​စေ​ရန်​အ​ခြား​ဘု​ရား​များ အ​တွက် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း သွန်း​လောင်း​ဆက်​သ​ကြ​၏။-
19 Ni kweli wananikasirisha mimi? - asema BWANA - Je, si wao wanaojikasirisha, ili kwamba aibu iwe juu yao?
၁၉သို့​ရာ​တွင်​အ​ကယ်​ပင်​စိတ်​မ​သာ​မ​ယာ​ဖြစ်​သူ မှာ​ငါ​ပေ​လော'' မ​ဟုတ်​ပေ။ ``သူ​တို့​သည်​သာ လျှင်​မိ​မိ​တို့​စိတ်​ကို​မ​သာ​မ​ယာ​စေ​လျက် အ​ရှက်​ကွဲ​ရ​ကြ​ပေ​သည်။-
20 Kwa hiyo BWANA, Mungu asema hivi, 'Tazama, hasira na ghahdabu yangu zitamwagwa juu ya mahali hapa, kwa watu wote na wanyama, juu ya miti katika mashamba na mazao ya ardhi, Itawaka nayo haitazimishwa.
၂၀သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။
21 BWANA wa majeshi, Mungu wa Israeli asema hivi, Jiongezeeni sadaka za kuteketezwa katika dhabihu zenu na nyama zake.
၂၁ဤ​သို့​လျှင်​အ​နန္တ​တန်​ခိုး​ရှင်​ဣ​သ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည်​မိ​မိ​တို့​စား​ခွင့်​ရှိ​သည့်​ယဇ်​များ​ရှိ သ​လို​ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​၍ တစ်​ကောင် လုံး​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ်​များ​လည်း​ရှိ သည်။ ထို​ယဇ်​နှစ်​မျိုး​စ​လုံး​ကို​ပင်​စား ကြ​လော့။-
22 Kwani wakati nilipowatoa mababu zenu kutoka nchi ya Misri, Sikuhitaji chochote kutoka kwao. Sikuwapa amri juu ya maswala ya sadaka za kuteketezwa na dhabihu.
၂၂သင်​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​မီး ရှို့​ရာ​ပူ​ဇော်​သကာ​များ​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ အ​ခြား​ပူ​ဇော်​ရာ​ယဇ်​များ​နှင့်​ပတ် သက်​၍​လည်း​ကောင်း​အ​ဘယ်​ပညတ်​ကို မျှ​မ​ပေး​မ​အပ်​ခဲ့။-
23 Niliwapa amri hii tu, “Sikilizeni sauti yangu, nami nitakuwa Mungu wenu nanyi mtakuwa watu wangu. Kwa hiyo muishi katika njia ambazo ninawaamuru, ili mambo yenu yawe mazuri.”
၂၃သို့​ရာ​တွင်​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​၍​သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော် ဖြစ်​စိမ့်​သော​ငှာ​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ရန်​ကို​မူ​ငါ​ပ​ညတ်​ခဲ့​၏။ အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​ရေး​အ​တွက် ငါ​ချ​ပေး​သည့် လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက်​ပြု​ကျင့် ကြ​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-
24 Lakini hawkunisikiliza wala kuzingatia. Walishi kwa kufuata mipango yao ya uasi ya mioyo ya maovu, kwa hiyo walirudi nyuma badala ya kuendelea mbele.
၂၄သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-
25 Tangu siku ambayo mababu zenu walitoka katika nchi ya Misri mpaka leo, Nimetuma watumishi wangu, manabii wangu, kwenu. Niliendelea kuwatuma.
၂၅အီ​ဂျစ်​ပြည်​က​သင်​တို့​၏​ဘိုး​ဘေး​များ​ထွက် လာ​သော​နေ့​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ ကို​အ​မြဲ​တ​စေ စေ​လွှတ်​ခဲ့​၏။-
26 Lakini hawakuwasikiliza. Hawakuzingatia. Badala yake walishupaza shingo zao. Walikuwa waovu zaidi ya mababu zao.
၂၆သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​စ​ကား​ကို​နား မ​ထောင်။ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သင် တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​ထက်​ပင် ပို​မို​၍​ခေါင်း​မာ​ပုန်​ကန်​သူ​များ​ဖြစ်​လာ ကြ​လေ​သည်။
27 Kwa hiyo yatangaze maneno haya yote kwao, japo hawatakusikiliza. Yatangaze mambo haya kwao, lakini hawatakujibu.
၂၇``သို့​ဖြစ်​၍​အ​ချင်း​ယေ​ရ​မိ၊ သင်​သည်​ဤ စ​ကား​များ​ကို​သူ​တို့​အား​ပြော​ကြား​သော် လည်း သူ​တို့​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​သူ​တို့​အား​ခေါ်​သော်​လည်း သူ​တို့ ထူး​ကြ​လိမ့်​မည်​မ​ဟုတ်။-
28 Waambie kuwa hili ni taifa ambalo haliisikilizi sauti ya BWANA, Mungu wake na lisilopokea mafundisho. Ukweli uneharibiwa na kukatwa kutoka kwenye vinywa vyao.
၂၈သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ် ဒဏ်​ခံ​ရ​မှု​မှ​သင်​ခန်း​စာ​ကို​ခံ​ယူ​မည့်​လူ မျိုး​မ​ဟုတ်​ကြောင်း​ကို​သူ​တို့​အား​ပြော ကြား​လော့။ သစ္စာ​စ​ကား​သည်​ကွယ်​ပျောက် သွား​ပြီ။ ဟုတ်​မှန်​ရာ​ကို​မ​ပြော​ကြ​တော့​ပြီ။
29 Zikate nywele zako na kujinyoa, na kuzitupa. Imba wimbo wa maombolezo katika maeneo yaliyo wazi. Kwa kuwa BWANA amekikataa na kukitupa kizazi hiki cha hasira yake.
၂၉``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ဆံ​ပင်​ကို​ဖြတ်​၍​ပစ်​ထုတ်​လိုက် ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မျက်​တော် ရှ​သည့် လူ​မျိုး​တော်​အား​ပစ်​ပယ်​စွန့်​လွှတ်​လိုက်​ပြီ ဖြစ်​၍ သင်​တို့​သည်​တောင်​ထိပ်​များ​ပေါ်​တွင်​အ​သု​ဘ သီ​ချင်း​ကို​ဆို​ကြ​လော့။
30 Kwa kuwa wana wa Yuda wamefanya maovu mbele ya macho yangu - asema BWANA - wameweka machukizo yao katika nyumba ambayo jina langu hunenwa, ili kulinajisi.
၃၀ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သူ​တို့​သည် ဒု​စ​ရိုက်​ကို​ပြု​ကျင့်​ကြ​လေ​ပြီ။ သူ​တို့​သည် ငါ​စက်​ဆုတ်​သည့်​ရုပ်​တု​များ​ဖြင့် ငါ့​နာ​မ တော်​ကို​ဆောင်​သော​အိမ်​တော်​ထဲ​သို့​ယူ​ဆောင် လာ​၍​ညစ်​ညမ်း​စေ​လေ​ပြီ။-
31 Kisha wamejenga mahali palipoinuka pa Tofethi ambapo pako kwenye bonde la Ben Hinomu. Walifanya hivi ili kuwachoma wana na binti zao kwenye moto - kitu ambacho mimi sikuamuru, wala kuweka jambo hilo katika akili zangu.
၃၁သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​အား မီး​ရှို့​ပူ​ဇော်​နိုင်​ရန် ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​တော​ဖက် နာ​မည်​တွင်​သော​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ လေ​ပြီ။ ထို​အ​မှု​ကို​ပြု​ရန်​သူ​တို့​အား​ငါ မ​စေ​ခိုင်း​ခဲ့၊ စိတ်​ပင်​မ​ကူး​ခဲ့။-
32 Kwa hiyo, tazama siku zinakuja - asema BWANA - ambapo hapataitwa tena Tofethi au bonde la Ben Hinomu. Litakuwa bonde la machinjio; watazika maiti hapo Tofethi mpaka eneo lote lienee.
၃၂သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည်​တော​ဖက်​ဟူ​၍ သော်​လည်း​ကောင်း၊ ဟိန္နုံ​ဟူ​၍​သော်​လည်း​ကောင်း နာ​မည်​မ​တွင်​တော့​မည့်​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ လူ​သေ​တို့​ကို​သင်္ဂြိုဟ်​ရန် နေ​ရာ​မ​ရှိ​တော့​သည့်​တိုင်​အောင် ထို​ချိုင့်​ဝှမ်း တွင်​သင်္ဂြိုဟ်​ရ​သော​ကြောင့် ထို​ချိုင့်​ဝှမ်း​ကို​ကွပ် မျက်​ရာ​ချိုင့်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
33 Mizoga ya watu hawa itakuwa chakula cha ndege wa angani na wanyama wa duniani, na hakutakuwa na mtu wa kuwafukuza.
၃၃လူ​သေ​အလောင်း​တို့​သည်​ငှက်​များ​နှင့်​တော သား​ရဲ​တို့​၏​အ​စာ​ဖြစ်​ကြ​လိမ့်​မည်။ ထို တိ​ရစ္ဆာန်​များ​အား​ခြောက်​လှန့်​နှင်​ထုတ်​မည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
34 Nitazikomesha katika miji ya Yuda na mitaa ya Yerusalaemu sauti za kuiniuliwa na vicheko, Sauti ya bwana arusi na ya bibi arusi; kwa kuwa nchi hiyo itakuwa ukiwa.”
၃၄ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း များ​တွင်​မ​င်္ဂ​လာ​ဆောင်​ခဲ့​၏။ ရွှင်​လန်း​ဝမ်း မြောက်​သံ​များ​ကို​ဆိတ်​သုဉ်း​စေ​မည်။ ထို ဒေ​သ​သည်​လူ​သူ​ကင်း​မဲ့​လိမ့်​မည်။

< Yeremia 7 >