< Yeremia 48 >

1 Juu ya Moabu, Yahwe wa majeshi, Mungu wa Israeli, asema hivi, “Ole kwa Nebo, kwani umekuwa ukiwa. Kiriathaimu umetekwa na kuaibishwa. Ngome zake zimeangushwa na kuaibishwa.
ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ရောက်လေ၏။ ကိရယ သိမ်မြို့သည် ရှုံး၍လုယူခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက်လေ၏။
2 Heshima ya Moabu haipo tena. Adui zake katika Heshboni walipanga njama za kumwangamiza. Walisema, 'Njoni tumwangamize kama taifa. Madmena pia itaangamizwa - upanga utakutangulia.'
မောဘပြည်သည် နောက်တဖန် ဟေရှဘုန် မြို့၌ မဝါကြွားရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါ ပယ်ရှားကြကုန်အံ့ဟု၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ၏။ အိုမာဒမေနမြို့၊ သင်သည်လည်းပျက် စီးရမည်။ ထားဘေးသည် သင့်ကိုလိုက်လိမ့်မည်။
3 Sikilizeni! Sauti ya mvumo inakuja kutoka Horonaimu.
ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာ သော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကိုကြားရ၏။
4 Moabu ameangamizwa. Vilio vya watoto wake vinasikika.
မောဘပြည်သည်ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည် မြည်တမ်းသောအသံကိုပြုကြ၏။
5 Wanapanda kilima cha Luhithi wakilia, njia yote kuelekea Horonaimu, vilio vinasikika kutokana na maangamizi.
ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ၏။ ဟောရနိမ်မြို့သို့ဆင်းရာအရပ်၌လည်း၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည် ကြားရကြ၏။
6 Kimbieni! okeeni maisha yenu kama kichaka cha mreteni katika nyika.
အသက်လွတ်အံ့သောငှါပြေးကြလော့။ လွင်ပြင် ၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်ကြလော့။
7 Maana kwa sababu ya tumaini lenu katika matendo na utajiri wenu, ninyi pia mtatekwa. Kisha Kemoshi atachukuliwa matekani, pamoja na makuhani na viongozi wake.
သင်သည်မိမိဆည်းဖူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့်၊ သူတပါးလက်သို့ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်း သူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့ နှင့်တကွ သိမ်းသွားကြလိမ့်မည်။
8 Maana mwaribu atafika kila mji; hakuna mji utakaookoka. Hivyo bonde litaangamia na tambarare itateketezwa, kama alivyosema Yahwe.
လုယူသောသူသည် မြို့များအစဉ်အတိုင်း ရောက်လာ၍ မြို့တမြို့မျှမလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။
9 Mpeni Moabu mabawa, maana ni lazima aruke mbali bila shaka. Miji yake itakuwa magofu, pasipo na mtu wa kuishi humo.
မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့။ မြို့တို့သည်နေသောသူမရှိ၊ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။
10 Na alaaniwe kila aliye mvivu katika kufanya kazi ya Yahwe! Na alaaniwe kila auzuiaye upanga wake usimwage damu!
၁၀ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။
11 Moabu amekuwa akijisikia salama tangu alipokuwa kijana. Yeye ni kama mvinyo wake ambao haujamiminwa kutoka mtungi kwenda mtungi mwingine. Hajaenda matekani. Hivyo radha yake ni njema kama mwanzo; radha yake haibadiliki.
၁၁မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။
12 Hivyo tazama, siku zinakuja - asema Yahwe - nitakapompelekea watakao mchovya na kumwaga mitungi yake yote na kupasua mitungi yake.
၁၂သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ၏အိုးတို့ကိုသွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။
13 Kisha Moabu atamwaibikia Kemoshi kama ambavyo nyumba ya Israeli ilivyoiabikia Betheli, tumaini lao.
၁၃ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုး သည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။
14 Utawezaje kusema, 'Tu askari, wapiganaji wenye nguvu'?
၁၄ငါတို့သည်အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။
15 Moabu itaangamizwa na miji yake kushambuliwa. Kwa maana vijana wake wazuri wameshuka katika eneo la machinjo. Hili ni tamko la mfalme! Yahwe wa majeshi ndilo jina lake.
၁၅မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွားကြပြီဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
16 Maangazizo ya Moabu yanakaribia; maafa yanaharakisha.
၁၆မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရ သောဘေးသည် အလျင်အမြန်လာ၏။
17 Ninyi nyote mlio karibu na Moabu, ombolezeni. Nanyi mjuao fahari yake, pigeni kelele hivi, 'Ole, fimbo yenye nguvu, fimbo yenye heshima, imevunjwa.'
၁၇သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက်မြည်တမ်းကြလော့။ သူ၏နာမကို သိသော သူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ် သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြ လော့။
18 Shukeni kutoka mahali penu pa heshima na kuketi katika nchi kavu, ewe binti uishie Diboni. Maana aiangamizaye Moabu anakushambulia, atakayeziharibu ngome zako.
၁၈ဒိဘုန်မြို့၌နေသောသတို့သမီး၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည်။
19 Simameni njiani na kuangalia, enyi mwishio katika Aroeri. Waulizeni wanaokimbia na kutoroka. Sema, 'Nini kimetokea?'
၁၉အိုအာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှု လော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့။
20 Moabu ameaibika, maana amevujwa. Lieni kwa sauti na uchungu; pigeni yowe kuomba msaada. Wambieni watu waliokando ya Mto Arinoni kwamba Moabu ameangamizwa.
၂၀မောဘသည်စိတ်ပျက်လေ၏။ ပြိုလဲလျက်ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်း ကို အာနုန်မြို့၌ ကြားပြောကြလော့။
21 Basi maangamizi yamefika katika nchi ya kilima, huko Holoni, Yakza, na Mefathi,
၂၁လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊
22 huko Diboni, Nebo, na Bethi Diblathaimu,
၂၂ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊
23 huko Kiriatahaimu, Beth Gamul, na Bethi Meoni,
၂၃ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊
24 huko Keriothi na Bozra, na katika miji yote iliyomo katika nchi ya Moabu - miji iliyoko mbali na karibu.
၂၄ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရ ကြ၏။
25 Nguvu za Moabu zimekwisha; mkono wake umevunjwa - asema Yahwe.
၂၅မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
26 Mnywesheni, maana alitenda kwa kiburi kinyume changu, Yahwe. Basi Moabu anapiga makofi kwa machukizo kwa matapiko yake mwenyewe, hivyo amekuwa pia kitu cha kuchekesha.
၂၆မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိ အန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကို ခံရ၏။
27 Maana Israeli hakuwa kitu cha kuchekesha kwako? Alionekana miongoni mwa wezi, kwamba ulitikisa kichwa chako kwake mara ulipoongea juu yake?
၂၇သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။
28 Jitengeni na miji na kuweka kambi katika minuko, enyi watu wa Moabu. Kuwa kama njiwa anayeatamia juu ya mlango wa tundu katika miamba.
၂၈မောဘပြည်၌နေသောသူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့။
29 Tumesikia juu ya kiburi cha Moabu - majivuno yake, maringo, kiburi, utukufu binafsi na kujiinua moyoni.
၂၉မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊
30 Hili ni tamko la Yahwe - mimi mwenyewe najua maneno yake ya ukaidi, yasiyosaidia chochote, kama matendo yake.
၃၀သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ၏။
31 Hivyo nitavumisha maombolezo kwa ajili ya Moabu, na nitapiga kelele katika uzuni kwa ajili ya Moabu. Nitaomboleza kwa ajili ya watu wa Kir Hereshi.
၃၁ထိုကြောင့်၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောသပြည်တပြည်လုံးအတွက် ငိုကြွေး မည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။
32 Nitalia zaidi kwa ajili yenu kuliko nilivyofanya kwa Yazeri, mzabibu wa Sibma! Matawi yako yalipita katika Bahari ya Chumvi na kufika hata Yazeri. Mwaribu ameshambulia matunda yenu ya kiangazi na mzabibu wenu.
၃၂အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။
33 Hivyo sherehe na furaha vimeondolewa kutoka miti ya matunda na nchi ya Moabu. Nimekomesha mvinyo kutoka mashinikizo yao. Hawatakanyaga kwa kelele za furaha. Kelele yoyote haitakuwa kelele ya furaha.
၃၃ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။
34 Kutoka kelele huko Heshiboni hata kufika Eleale, sauti yao inasikika hata Yahazi, kutoka Soari hata Horonaimu na Eglathi Shelishiya, hata maji ya Nimrimu yamekauka.
၃၄ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။
35 Maana nitamkomesha kila mtu katika Moabu atoaye sadaka mahali pa juu na kuteketeza uvumba kwa miungu yake - asema Yahwe.
၃၅မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 Hivyo moyo wangu unamwombolezea Moabu kama zomari. Moyo wangu unaomboleza kama zomari kwa ajili ya watu wa Kir Heresi. Utajiri walioupata umekwisha.
၃၆ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။
37 Maana kila kichwa kina upaa na kila kidevu kimenyolewa. Chale zipo katika kila mkono, na nguo za magunia katika viuno vyao.
၃၇လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။
38 Maombolezo yapo kila mahali, juu ya kila paa la nyumba ya Moabu na katika masoko ya Moabu. Kwa maana nimeivunja Moabu kama chungu kisichotakiwa tena - asema Yahwe.
၃၈အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘ ပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
39 Jinsi gani imeharibiwa! Jinsi wanavyopiga kelele katika maombolezo yao! Moabu ameigeuza kwa aibu! Hivyo Moabu atakuwa kitu cha kuchekwa na kitisho kwa wote wanaomzunguka.”
၃၉သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီ တကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။
40 Maana Yahwe asema hivi, “Tazama, adui atakuja akiruka kama tai, akieneza mabawa yake juu ya Moabu.
၄၀ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။
41 Keriothi umetekwa, na ngome zake zimekamatwa. Maana siku hiyo myoyo ya askari wa Moabu itakuwa kama mioyo ya wanawake katika uchungu wa kujifungua.
၄၁မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသော ကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံး ကဲ့သို့ဖြစ်ရလိမ့်မည်။
42 Hivyo Moabu utaharibiwa kama watu, kwa kuwa walijivuna kinyume changu, Yahwe.
၄၂မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။
43 Hofu na shimo, na mtego vinakujia, watu wa Moabu - asema Yahwe.
၄၃အိုမောဘအမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက် လေပြီ။
44 Kila akimbiaye kwa sababu ya hofu ataanguka shimoni, na kila atokaye shimoni atanaswa na mtego, maana nitayaleta haya juu yao katika mwaka wa kisasi changu dhidi yao - asema Yahwe.
၄၄ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ကျော့မိလိမ့်မည်။ ဆုံးမ ခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
45 Wakimbiao watasimama katika kivuli cha Heshboni bila nguvu, maana moto utatoka Heshboni, miale kutoka katikati ya Sihoni. Utateketeza paji la uso wa Moabu na juu ya vichwa vya watu wenye majivuno.
၄၅ပြေးသောသူတို့သည်အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင် လွှားသောသူတို့၏ အထွဋ်မှစ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည်။
46 Ole wako, Moabu! watu wa Kemoshi wameangamizwa, Kwa maana wana wako wamechukuliwa kama mateka na binti zako matekani.
၄၆အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏ သားသမီးများကို သိမ်းသွင်း ကြပြီ။
47 Lakini nitazirejesha siku njema za Moabu katika siku zijazo - asema Yahwe.” Hukumu ya Moabu inaishia hapa.
၄၇သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ၌ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရ သော အပြစ်တရားပေတည်း။

< Yeremia 48 >