< Yeremia 32 >

1 Neno likaja kwa Yeremia kutoka kwa Yahwe katika mwaka wa kumi wa Sedekia mfalme wa Yuda, katika mwaka wa kumi na nane wa Nebukadreza.
နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ်၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် လာ၏။
2 Katika wakati huo, jeshsi la mfalme wa Babeli lilikuwa limeuzunguka Yerusalemu, na Nehemia nabii alikuwwa amefungwa katika uwanja wa walinzi katika nyumba ya mfalme wa Yuda.
ထိုအခါ ဗာဗုလုန် ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။
3 Sedekia mfalme wa Yuda alikuwa amemfunga na kusema, “Kwa nini unatabiri na kusema, 'Yahwe anasema hivi: Angalia, niko karibu kuweka mji huu katika mikono ya mfalme wa Babeli, na atauteka.
အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။
4 Sedekia mfalme wa Yuda hatapona kutoka kwenye mikono ya Wakaldayo, kwa maana hakika atatiwa katika mkono wa mfalme wa Babeli. Mdomo wake utazumzia kwenye mdomo wa mfalme, na macho yake yatayaona macho ya mfalme.
ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ်၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။
5 Atampeleka Sedekia Babeli, na atabaki huko hadi nimuadhibu—hili ni tangazo la Yahwe. Ingawa unapigana dhidi ya Wakaldayo, hautafanikiwa.”
ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
6 Yeremia akasema, “Neno la Yahwe likaja kwangu, likisema, Angalia, Hanameli mwana wa Shalumu mjomba wako anakuja kwako na atasema,
ထိုအခါယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
7 “Linunue shamba langu ambalo liko katika Anathothi kwa ajili yako, kwa maana haki ya kununua ni yako.””
သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊
8 Kisha, kama Yahwe alivyotangaza, Hanameli, mwana wa mjomba wangu, akaja kwangu katika uwanja wa walinzi, na akasema kwangu, 'Linunue shamba langu kwa ajili yako ambalo liko Anathothi katika nchi ya Benyamini, kwa maana haki ya urithi ni ya kwako, na haki ya kulinunua ni yako. Linunue kwa ajili yako.' Kisha nilijua kuwa hili lilikuwa neno la Yahwe.
ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
9 Kwa hiyo nililinua shamba katika Anathothi kutoka kwa Hanameli, mwana wa mjomba wangu, na nilipima fedha kwa ajili yake, shekeli kumi na saba katika uzito.
အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
10 Kisha niliandika katika barua na kuitia muhuri, na kulikuwa na mashadi wakaishuhudia. Kisha nikampa fedha katika mizani.
၁၀စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။
11 Kisha nikaichukua hati ya manunuzi ambayo ilikuwa imepigwa muhuri, kwa kuifuata amri na taratibu, na kama ilivyo ada.
၁၁ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊
12 Ile barua nikampa Baruku mwana wa Neria wa Maaseya mbele ya Hanameli, mwana wa mjomba wangu, na mashahidi waliotia sahihi kwenye barua iliyopigwa muhuri, na mbele ya Wayahudi wote waliokaa katika uwanja wa walinzi.
၁၂ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
13 Kwa hiyo nikampa amri Baruku mbele yao. Nilisema,
၁၃ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
14 Yahwe, Mungu wa Israeli, anasema hivi: Chukua nyaraka hizi, vyote hati hii ya manunuzi iliyopigwa muhuri na nakala zisizopigwa muhuri za manunuzi, na uziweke katika chungu cha udongo ili vidumu kwa muda mrefu.
၁၄တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။
15 Kwa maana Yahwe wa majeshi, Mungu wa Israeli, anasema hivi: Nyumba, mashamba, na mashamba ya mizabibu vitanunuliwa tena katika nchi hii.
၁၅ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။
16 Baada ya kumpa Baruki mwana wa Neria ile hati ya manunuzi, nikaomba kwa Yahwe nikasema,
၁၆ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊
17 Ole, Bwana Yahwe! Angalia! Wewe peke yako umezitengeneza mbingu na dunia kwa nguvu zako kuu na kwa mkono wako ulioinuka. Hakuna kitu ambacho ukisema kwako ni kigumu sana kukifanya.
၁၇အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ။
18 Wewe huonesha agano la uaminifu kwa maelfu na kumimina makosa ya wanadamu katika mapaja ya watoto wao baada yao. Wewe ni Mungu mkuu na mwenye nguvu.
၁၈ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက် ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော် မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။
19 Wewe ni mkuu katika hekima na una nguvu katika matendo, kwa maana macho yako yanaona njia zote za watu, ili kumlipa kila mtu stahiki ya matendo yake.
၁၉ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
20 Ulifanya ishara na maajabu katika nchi ya Misiri. Hata leo hapa Israeli na kati ya wanadamu wengine wote, umelifanya jina lako kuwa maarufu.
၂၀အဲဂုတ္တုပြည်၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိတော်မူ၏။
21 Kwa maana uliwanunua watu wako Israeli kwa ishira na maajabu, kwa mkono hodari, kwa mkono ulioinuka, na kwa hofu kuu.
၂၁နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသော လက်၊ ဆန့်တော်မူသော လက်ရုံး၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ၍၊
22 Kisha uliwapa nchi hii—ambayo uliapa kwa babu zao kwamba utawapa—nchi itiririkayo maziwa na asali.
၂၂ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူ သောပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည် ကို ပေးသနားတော်မူသဖြင့်၊
23 Hivyo walingia na kuimiliki. Lakini hawakuitii sauti yako wala kuishi kwa kuitii sheria yako. Hawakufanya chochote ulichowaamuru kufanya, kwa hiyo umeleta juu yao majanga haya yote.
၂၃သူတို့သည် ဝင်၍သိမ်းယူကြသော်လည်း၊ အမိန့် တော်ကို နားမထောင်၊ တရားတော်လမ်းသို့မလိုက်၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ။
24 Angalia! Urefu wa maboma haya umefika hadi kwenye mji ili kuuteka. Kwa sababu ya upanga, njaa, na tauni, mji umetiwa kwenye mikono ya Wakaldayo wanaopigana dhidi yake. Kwa maana ulichosema kitatokea sasa kinatokea, na ona, unatazama.
၂၄ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
25 Kisha wewe mwenyewe uliniambia, “Nunua shamba kwa fedha kwa ajili yako na mashahidi wameshuhudia, ingawa mji huu unatiwa mikononi mwa Wakaldayo.””
၂၅ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏။
26 Neno la Mungu likaja kwa Yeremia, likisema,
၂၆ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
27 “Angalia! Mimi ni Yahwe, Mungu wa wanadamu wote. Kuna kitu cho chote kigumu sana kwangu kukifanya?
၂၇ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော။
28 Kwa hiyo Yahwe anasema hivi, 'Ona, niko karibu kuutia mji huu kwenye mikono ya Wakaldayo na Nebukadreza, mfalme wa Babeli. Atauteka.
၂၈သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့၎င်း ငါအပ်၍၊ သူသည် သိမ်းယူ လိမ့်မည်။
29 Wakaldayo wanaopigana dhidi ya mji huu watakuja na kuwasha moto kwenye mji huu na kuunguza, pamoja na nyumba juu ya paa la watu waliomwabudu Baali na kumimina dhabihu kwa miungu wengine ili kunikasirisha.
၂၉ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်။
30 Kwa maana watu wa Israeli na Yuda hakika wamekuwa watu wanaofanya maovu mbele ya macho yangu tangu ujana wao. Watu wa Israeli hakika wameniudhi kwa matendo ya mikono yao—hili ni tangazo la Yahwe.
၃၀အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သော အရွယ်မှစ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။
31 Yahwe anatangaza kwamba mji huu umekuwa sababu ya hasira yangu na ghadhabu yangu tangu siku walipoujenga. Umekuwa hivyo hata leo. Kwa hiyo nitaundoa mbele ya uso wangu
၃၁ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
32 kwa sababu ya uovu wote wa watu wa Israeli na Yuda, mambo waliyofanya ili kunichukiza—wao, wafalme wao, wana wa wafalme, makuhani, manabii, na kila mtu katika Yuda na wakaaji wa Yerusalemu.
၃၂ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။
33 Wamenigeuzia migongo yao badala ya nyuso zao, ingawa niliwafundisha kwa furaha. Nilijitahidi kuwafundisha, lakini hakuna hata mmoja wao aliyenisikiliza ili kupokea marekebisho.
၃၃သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။
34 Walisimamisha sanamu zao za ajabu katika nyumba inayoitwa kwa jina langu, ili kunitia unajisi.
၃၄ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
35 Wakazijenga sehemu za juu katika Bonde la Beni Hinomu ili kuwatia katika moto wana wao na binti zao kwa ajili ya Moleki. Mimi sikuwaagiza. Sikuweka akilini mwangu kamwe kwamba watafanya mambo maovu na kwa hiyo kuwasabisha Yuda watende dhambi.
၃၅သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 Kwa hiyo sasa, Mimi, Yahwe, Mungu wa Israeli, kuhusu mji huu ninasema hivi, 'mji ambao mnasema, 'Umetiwa mikononi mwa mfalme wa Babeli kwa upanga, njaa, na pigo.'
၃၆သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
37 Ona, niko karibu kuwakusanya kutoka kila nchi nilikowapeleka katika hasira yangu, ghadhabu, hasira kuu. Niko karibu kuwarudisha kwenye sehemu hii na kuwawezesha kuishi katika usalama.
၃၇ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
38 Kisha watakuwa watu wangu, nami nitakuwa Mungu wao.
၃၈သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည် လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
39 Nitawapa moyo mmjoa na na njia moja ya kuniheshimu kila siku ili kwamba yawepo mema kwa ajili yao na uzao wao baada yao.
၃၉ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည်။
40 Kisha nitafanya pamoja nao agano la milele, ili nisiache kufanya mema kwa ajili yao. nitajiwekea heshima katika mioyo yao, ili kwamba wasiniache.
၄၀သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည်။
41 Kisha nitajifurahisha katika kufanya mema kwao. Kwa uaminifu nitawapanda katika anchi hii kwa moyo wangu wote na maisha yangu yoye.
၄၁သူတို့အား ကျေးဇူးပြုခြင်း အမှု၌ငါသည် အားရ ဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
42 Kwa amaana Yahwe anasema hivi, 'Kama tu nilivyoyaleta majanga haya makubwa yote juu ya watu hawa, hivyo hivyo nitaleta juu yao mambo mema niliyosema kwamba nitafanya kwa ajili yao.
၄၂ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။
43 Basi mashamba yatanunuliwa katika nchi hii, ambayo mnaisema, “Hii ni nchi iliyoharibiwa, isiyo na mwanadamu wala mnyama. Imetiwa mikononi mwa Wakaldayo”
၄၃လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
44 Watanunua mashamba kwa fedha na kuandika katika barua zilizopigwa muhuri. Watawakusanya mashahidi katika nchi ya Benyamini, wote kuzunguka Yerusalemu na miji ya Yuda katika miji ya nchi yenye vilima, na katika nchi tambarare, na katika miji ya Negebu. Kwa maana nitawarejesha wafungwa wao—hili ni tangazo la Yahwe.”'
၄၄ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

< Yeremia 32 >